မြန်မာနိုင်ငံကို「 COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသ」အဖြစ်သတ်မှတ်ခြင်း ( ဂျပန်နိုင်ငံသို့ပြည်၀င်ပြီးနောက် ၆ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်ခြင်းနှင့်ပတ်သက်၍ ပြောင်းလဲချက်များ)(၂၀၂၁ခုနှစ် ဇူလိုင်လ ၂၁ရက်)
၂၀၂၁ခုနှစ် ဇူလိုင်လ ၂၁ရက်

 ဇူလိုင်လ ၂၁ရက်နေ့တွင် ဂျပန်နိုင်ငံသည် COVID – 19 မျိုးကွဲဗီဇအသစ်ကူးစက်ပျံ့နှံ့မှုနှင့်ပတ်သက်သော စီမံချက်အသစ် (Japan MOFA Website Link) ကိုသတ်မှတ်ခဲ့ပါသည်။

 ဤစီမံချက်အသစ်အရ မြန်မာနိုင်ငံကို「ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး နှင့်ပတ်သက်သော စီမံချက်အရ အထူးစိုးရိမ်ဖွယ်ရာရှိသည့် COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသ」အဖြစ်သတ်မှတ်လိုက်ပြီး ဇူလိုင်လ ၂၄ရက်နေ့ ၀၀:၀၀နာရီမှစတင်၍ မြန်မာနိုင်ငံမှ ၀င်ရောက်လာသူအားလုံးသည် ရောဂါကူးစက်ပျံ့နှံ့မှုတားဆီးကာကွယ်ရေးဌာန၏ဌာနမှူးက သတ်မှတ်ထားသောဟိုတယ်တွင် ၆ရက်ကြာ သီးသန့်နေထိုင်စောင့်ကြည့်ရမည့်။ ပြည်ဝင်သူများသည် ဂျပန်နိုင်ငံသို့ ပြည်၀င်ပြီးသည်နှင့်ချက်ချင်း PCRစစ်ဆေးမှုကိုခံယူပြီးနောက် အထူးစီစဥ်ထားသောဘက်စ်ကားဖြင့် ဟိုတယ်သို့ ပို့ဆောင်ပေးပါမည်။ ဟိုတယ်၌ ၆ရက်ကြာသီးသန့်နေထိုင်ပြီးနောက်တွင်လည်း ဟိုတယ်မှလေဆိပ်သို့ အထူးစီစဥ်ထားသောဘက်စ်ကားဖြင့် ပြန်လည်ပို့ဆောင်ပေးပါမည်။ လည်းကောင်းအပြင် ၆ရက်ကြာသီးသန့်နေထိုင်ရမည့် ဟိုတယ်၏ နေထိုင်စရိတ်များမှာ အခမဲ့ ( အစိုးရမှထောက်ပံ့ခြင်းဖြစ်ပြီး ) အစားအသောက်လည်း ထောက်ပံ့ပေးပါမည်။ ပြည်၀င်ပြီးနောက် ၃ရက်မြောက်နေ့နှင့် ၆ရက်မြောက်နေ့တွင် စစ်ဆေးသော PCR စစ်ဆေးမှုရလဒ်များသည် COVID – 19 ကူးစက်ရောဂါကင်းစင်ကြောင်းတွေ့ရပါက မိမိနေအိမ် စသည်တို့၌ ပြည်၀င်သည့်နေ့ နောက်တစ်ရက်မှစတင်၍ ၁၄ရက်ပြည့်သည်အထိ ဆက်လက်သီးသန့်နေထိုင်ရပါမည်။

 ထို့အပြင် ပြည်၀င်ချိန်တွင် ပြည်၀င်သည့်နေ့ နောက်တစ်ရက်မှစတင်၍ ၁၄ရက်အတွင်း အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်များကို အသုံးမပြုရန်၊ နေအိမ် သို့မဟုတ် မိမိတည်းခိုနေထိုင်သည့်နေရာ စသည်တို့၌ သီးသန့်နေထိုင်ရန်နှင့် ထိုကာလအတွင်း မိမိ၏ကျန်းမာရေးအခြေအနေနှင့် တည်နေရာအချက်အလက်များနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းခြင်းများကို လိုက်နာဖြေကြားရန် စသည်တို့ကို ကတိက၀တ်ပြုလိုက်နာစောင့်ထိန်းရန် လိုအပ်ပါသည်။ ထိုကတိက၀တ်ကို ဖောက်ဖျက်ပါက ရောဂါကူးစက်ပျံ့နှံ့မှုတားဆီးကာကွယ်ရေးဥပဒေအရ သီးသန့်ထိန်းသိမ်းခံရနိုင်မည့်အပြင် မိမိ၏အမည်နှင့်တကွ ကူးစက်ပျံ့နှံ့မှုကို တားဆီးကာကွယ်ရာတွင် အထောက်အကူဖြစ်စေနိုင်သော အချက်အလက်များကို အများပြည်သူထံသို့ အသိပေးခံရနိုင်ခြေရှိသောကြောင့် အထူးသတိပြုစေလိုပါသည်။

【ကိုးကားချက်။   ။ ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန၏ အင်တာနက်စာမျက်နှာ】
https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00209.html