
ဇူလိုင်လ ၂၁ ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရသည် မြန်မာနိုင်ငံကို 「ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အရ အထူးစိုးရိမ်ဖွယ်ရာရှိသည့် COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနိုင်ငံ၊ ဒေသ」အဖြစ်သတ်မှတ်ခဲ့သော်လည်း စက်တင်ဘာလ ၉ ရက်နေ့တွင် ပြောင်းလဲလိုက်သည့် 「COVID – 19 ကူးစက်ရောဂါစီမံချက်များ၏ အခြေခံဆောင်ရွက်ချက်မူဝါဒများ」( https://www.kantei.go.jp/jp/singi/novel_coronavirus/th_siryou/kihon_r_030909.pdf )အရ စက်တင်ဘာလ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံကို 「ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အရ COVID – 19 မျိုးကွဲဗီဇအသစ်ဖြစ်ပွားရာနေရာဟု မှတ်ယူဆောင်ရွက်သင့်သောနိုင်ငံ၊ ဒေသ」အဖြစ် ပြောင်းလဲသတ်မှတ်လိုက်ပါသည်။ ထိုပြောင်းလဲသတ်မှတ်ချက်နှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၀၀:၀၀ နာရီမှစတင်၍ မြန်မာနိုင်ငံမှ ဝင်ရောက်လာသူအားလုံးအတွက် ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးဌာန၏ဌာနမှူးက သတ်မှတ်သည့်နေရာ (ဟိုတယ်) တွင် သီးသန့်နေထိုင်စောင့်ကြည့်သည့်ကာလကို ယခင် ၆ ရက်ကြာမှ ၃ ရက်ကြာ (ပြည်ဝင်သည့်နေ့ မပါဝင်ပါ) သို့ လျော့ချလိုက်ပါသည်။ ထို့အပြင် ပြည်ဝင်ပြီးနောက် ၃ ရက်မြောက်နေ့ (ပြည်ဝင်သည့်နေ့ မပါဝင်ပါ) တွင် စစ်ဆေးသော PCR စစ်ဆေးမှုရလဒ်အရ COVID – 19 ကူးစက်ရောဂါကင်းစင်ကြောင်း တွေ့ရှိရပါက မိမိနေအိမ် စသည်တို့၌ ပြည်ဝင်သည့်နေ့၏ နောက်တစ်ရက်မှစတင်၍ ၁၄ ရက်ပြည့်သည်အထိ ဆက်လက်သီးသန့်နေထိုင်ရပါမည်။
ဂျပန်နိုင်ငံသို့ ပြည်ဝင်ပြီးသည့်နှင့်ချက်ချင်း PCR စစ်ဆေးမှုခံယူပြီးနောက် ဟိုတယ်သို့ အထူးစီစဥ်ထားသည့်ဘတ်စ်ကားဖြင့် ပို့ဆောင်ပေးခြင်း၊ သီးသန့်စောင့်ကြည့်နေထိုင်သည့်ကာလ ပြီးဆုံးချိန်တွင် လေဆိပ်သို့ အထူးစီစဥ်ထားသည့် ဘတ်စ်ကားဖြင့် ပြန်လည်ပို့ဆောင်ခြင်းများနှင့် ဟိုတယ်တွင် တည်းခိုစရိတ်မှာအခမဲ့ (အစိုးရမှထောက်ပံ့ခြင်း) ဖြစ်ပြီး အစားအသောက် ထောက်ပံ့ပေးခြင်းများ စသည်တို့မှာ ယခင်သတ်မှတ်ချက်အတိုင်းပင်ဖြစ်ပါသည်။