ဗီဇာလျှောက်ထားခြင်း၊ ဗီဇာထုတ်ပေးခြင်း အခြေအနေများနှင့်စပ်လျဥ်း၍ လက်ရှိအခြေအနေကို အသိပေးကြေညာခြင်း (၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်)
၂၀၂၁ခုနှစ် အောက်တိုဘာလ ၁၂ ရက်

ဗီဇာလျှောက်ထားခြင်းနှင့် ဗီဇာထုတ်ပေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းအခြေအနေများနှင့် ပတ်သက်၍ လက်ရှိအချိန်တွင် စုံစမ်းမေးမြန်းမှုများစွာ ရှိနေသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ဆောင်ရွက်နေမှု အခြေအနေနှင့်စပ်လျဥ်း၍ အောက်ဖော်ပြပါအတိုင်း အသိပေး ကြေညာအပ်ပါသည်။

ထို့ပြင် ယခုကြေညာချက်နောက်ပိုင်းတွင် အပြောင်းအလဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အင်တာနက်စာမျက်နှာနှင့် Facebook တို့တွင် အခါအားလျော်စွာ အသိပေးတင်ပြသွားပါမည်။

〇 Residence Track (“Technical Intern Training” , “Specified Skilled Worker”, “Student” စသည်)နှင့် Business Track (“Business”) စီမံချက်များအသုံးပြုခြင်းကို ဆက်လက်ရပ်ဆိုင်းထားပါသောကြောင့် ၎င်းစီမံချက်များနှင့် ဆက်စပ်၍ ဗီဇာလျှောက်ထားခြင်းနှင့် ဗီဇာထုတ်ပေးခြင်းကို ဆောင်ရွက်နိုင်ခြင်း မရှိသေးပါ။

(မှတ်ချက်) ၂၀၂၁ခုနှစ် မတ်လ ၁၈ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရသည် စီမံချက်ရပ်ဆိုင်းခြင်းတွင် အကျုံး၀င်မည့်နိုင်ငံနှင့် ဒေသအားလုံးတို့၌ Residence Track နှင့် Business Track စီမံချက်များ အသုံးပြုခြင်းကို ရပ်ဆိုင်းခဲ့ပြီး၊ အဆိုပါ စီမံချက်နှစ်မျိုးလုံးဖြင့် လာရောက်မည့် နိုင်ငံခြားသားများ၏ ပြည်၀င်ခွင့်အသစ်များကို ရပ်ဆိုင်းထားမည့်အစီအစဥ်ကို လတ်တလောကာလတွင် ဆက်လက်ထားရှိသွားရန် ဆုံးဖြတ်ခဲ့ပါသည်။
(မြန်မာဘာသာဖြင့်) https://www.mm.emb-japan.go.jp/profile/myanmar/news/2021/new-10.html

〇 လက်ရှိအချိန်တွင် အောက်ဖော်ပြပါ “အထူးအခြေအနေ”အဖြစ် မှတ်ယူခံရမည့် အခြေအနေများကိုသာ ဂျပန်နိုင်ငံအတွင်းသို့၀င်ရောက်ရန်အတွက် ဗီဇာလျှောက်ထားခြင်းနှင့် ဗီဇာထုတ်ပေးခြင်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါသည်။

  • (၁) “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”
    ဂျပန်နိုင်ငံတွင်ကာလရှည်နေထိုင်မည်ဆိုပါက : ဂျပန်နိင်ငံ၏ သက်ဆိုင်ရာ လူ၀င်မှုကြီးကြပ်ရေးဌာနမှ ထုတ်ပေးသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီးနောက် ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။
    ဂျပန်နိုင်ငံတွင်ကာလတို (ရက် ၉၀ အတွင်း) နေထိုင်မည်ဆိုပါက : “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”ဖြစ်ကြောင်း အထောက်အထားပြ စာရွက်စာတမ်း (Kosekitouhon, Jyuminhyou, Zairyuu cardများ၏ မိတ္တူစသည်) များကို ပြင်ဆင်ပြီးနောက် တပါတည်းယူဆောင်လာပြီး ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။
    ※ မြန်မာပြည်တွင် နေထိုင်လျက်ရှိသော ဂျပန်လူမျိုး၏ ဇနီး/ခင်ပွန်း၊ ကလေးများ၊ ဂျပန်နိုင်ငံသို့ ပြန်ရန် စီစဥ်လျက်ရှိသော နိုင်ငံခြားသားများသည် ကာလရှည်နေထိုင်ခွင့်လက်မှတ်(COE) ရယူရန် အခက်အခဲရှိပါက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် တိုင်ပင်ဆွေးနွေးနိုင်ပါသည်။

  • (၂) “Spouse or Child of Long-Term Resident”ဖြစ်ကာ မိသားစုမှာ ဂျပန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး မိသားစုနှင့် ဝေးကွာနေသူများ
    ▪ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီးနောက် မိသားစုနှင့် ကွဲကွာနေရသော အခြေအနေကို နားလည်စေနိုင်မည့် စာရွက်စာတမ်း (သို့မဟုတ်) အကျိုးအကြောင်းရှင်းပြထားသောစာ (မိမိကြိုက်နှစ်သက်ရာ စာပုံစံကို ဂျပန်ဘာသာ(သို့) အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထားသော)နှင့်အတူ ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။

  • (၃) နေထိုင်ခွင့်အရည်အချင်း “Instructor” သို့မဟုတ်”Professor”ကို ရရှိထားသူများ
    ▪ နေထိုင်ခွင့်အရည်အချင်း “Instructor” သို့မဟုတ်”Professor”ကို ရရှိထားသူများဖြစ်ပြီး အလုပ်လုပ်ကိုင်လျက်ရှိသော(သို့မဟုတ်) အလုပ်လုပ်ကိုင်ရန်အစီအစဥ်ရှိသော ပညာရေးအဖွဲ့အစည်းတွင် ၀န်ထမ်းလစ်လပ်မှုဖြစ်ပေါ်လျက်ရှိကာ ထိုလစ်လပ်မှုကို ဖြည့်တင်းနိုင်ခြင်း မရှိပါက ၎င်းပညာရေးအဖွဲ့အစည်း၏ ပညာရေးလှုပ်ရှားမှုများလက်တွေ့အကောင်အထည်ဖော်ရာ၌ အခက်အခဲဖြစ်လာခြင်းစသည့် အခြေအနေကိုဖြေရှင်းရန်အတွက် ဂျပန်နိုင်ငံသို့ပြည်၀င်ရန် လိုအပ်သူများ
    ▪ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီးနောက် ပညာရေးအဖွဲ့အစည်းမှ ၀န်ထမ်းဖြည့်တင်းရန် လိုအပ်ကြောင်းနှင့်ပတ်သက်၍ မိမိကြိုက်နှစ်သက်ရာ စာပုံစံကို ဂျပန်ဘာသာ (သို့) အင်္ဂလိပ်ဘာသာဖြင့် ရေးသားဖော်ပြထားသောစာနှင့်အတူ ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။

  • (၄) နေထိုင်ခွင့်အရည်အချင်း “Medical Services”ကို ရရှိထားသူများဖြစ်ပြီး ဆေးဘက်ဆိုင်ရာစနစ် တိုးတက်ရေးနှင့် အားကောင်းရေးအတွက် အထောက်အကူပြုသူ
    ▪ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီး ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။

  • (၅) မူလ”Permanent Residence”ရရှိထားသူဖြစ်ပြီး COVID-19ကပ်ရောဂါဆိုင်ရာ အကြောင်းတစ်မျိုးမျိုးကြောင့် Re-entry Permit (သို့မဟုတ်) Special Re-entry Permit သက်တမ်းမကုန်ဆုံးမီအချိန်ကာလအတွင်း ဂျပန်နိုင်ငံအတွင်းသို့ ပြန်လည်မ၀င်ရောက်နိုင်ခဲ့သူများ
    ▪ Zairyuu card, Petition Letterစသည်တို့ကို ပြင်ဆင်ပြီး ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည််။

  • (၆) COVID-19ကပ်ရောဂါဆိုင်ရာ အကြောင်းတစ်မျိုးမျိုးကြောင့် Re-entry Permit (သို့မဟုတ်) Special Re-entry Permit သက်တမ်းမကုန်ဆုံးမီအချိန်ကာလအတွင်း ဂျပန်နိုင်ငံအတွင်းသို့ ပြန်လည်မ၀င်ရောက်နိုင်ခဲ့သူများ
    ▪ ကာလရှည်နေထိုင်ခွင့်လက်မှတ် (COE)ကို ရယူပြီး ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှေက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက်လက်ခံနိုင်ကြောင်း」ရေးသားဖော်ြပထားသည့်စာ၊ Zairyuu card စသည်တို့ကို ပြင်ဆင်ပြီး ဗီဇာလာရောက်လျှောက်ထားနိုင်ပါသည်။

  • (၇) အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များ (ဂျပန်နိုင်ငံရှိ ဆွေမျိုးသားချင်းများ မတော်တဆမှုဖြစ်ပွားခြင်း၊ ရောဂါဖြစ်ပွားခြင်း၊ သေဆုံးခြင်းနှင့် ဂျပန်နိုင်ငံတွင် ဆေးကုသမှုခံယူခြင်းစသည်)
    ▪ ဗီဇာလျှောက်ထားနိုင်ခြင်း၊ ဗီဇာထုတ်ပေးနိုင်ခြင်းရှိ/မရှိနှင့်ပတ်သက်၍ တစ်ဦးချင်း အခြေအနေပေါ်မူတည်၍ ဆုံးဖြတ်ရန်လိုအပ်ပါသည်။ အီးမေးလ် (သို့မဟုတ်) တယ်လီဖုန်းဖြင့် ကြိုတင် တိုင်ပင်ဆွေးနွေးပေးစေလိုပါသည်။ အီးမေးလ်ဖြင့် တိုင်ပင်ဆွေးနွေးလိုပါက မိမိ၏အခြေအနေကို ရှင်းလင်းဖော်ပြနိုင်သော စာရွက်စာတမ်းများကိုပါ ပူးတွဲပေးပို့စေလိုပါသည်။ (ဆက်သွယ်ရန် အီးမေးလ် : ryoji@yn.mofa.go.jp ၊ ဖုန်းနံပါတ်: +95-1-549644~8)