COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်သော စီမံချက်အသစ် (နိုင်ငံခြားသားများ၏ပြည်ဝင်ခွင့်အသစ်များအတွက် ဖြေလျှော့ခြင်းနှင့် ပတ်သက်၍) (၂၀၂၁ခုနှစ် နို၀င်ဘာလ ၁၀ ရက်)
၂၀၂၁ခုနှစ် နို၀င်ဘာလ ၁၀ ရက်

  • ၁။ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေးထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်အသစ်နှင့် ပတ်သက်၍

     ဂျပန်အစိုးရသည် နိုဝင်ဘာလ ၅ ရက်နေ့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး ထိန်းချုပ်ရေးဆိုင်ရာ စီမံချက်အသစ် (ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်မှု တိုးမြှင့်ရေး စီမံချက် အသစ် (၁၉)) ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။ ( https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2021C137.html )။ ထိုကြေညာချက်၏ ဆိုလိုချက်အကြောင်းအရာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

    • (၁) နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်များအတွက် ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း
       ယခုအချိန်ထိ စီမံချက်မူအရ ယာယီရပ်ဆိုင်းထားခဲ့သော နိုင်ငံခြားသားများပြည်ဝင်ခွင့်အသစ်များနှင့် ပတ်သက်၍ ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများစသည်တို့) မှတစ်ဆင့် သက်ဆိုင်ရာဝန်ကြီးဌာနများတွင် ကြိုတင် စစ်‌ဆေးထားပြီးဖြစ်သော စီးပွားရေးကိစ္စ/ အလုပ်အကိုင် ရည်ရွယ်ချက်ဖြင့် ကာလတို (၃ လအတွင်း) နေထိုင်မည့်သူများနှင့် ကျောင်းသားများ၊ အလုပ်သင်သင်တန်းသားများအပါအဝင် ကာလလတ်၊ ကာလရှည် နေထိုင်မည့်သူများအတွက် ပြည်ဝင်ခွင့်အသစ်များကို မူအားဖြင့် လက်ခံခွင့်ပြုရန် ဆုံးဖြတ်လိုက်ပါသည်။ ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံများသည် လျှောက်လွှာများကို သက်ဆိုင်ရာဝန်ကြီးဌာနများသို့ နိုဝင်ဘာလ ၈ ရက်မှ စတင်၍ လျှောက်ထားတင်သွင်းနိုင်မည်ဖြစ်ပါသည်။
       အထက်ပါကိစ္စရပ်များဆိုင်ရာ ဗီဇာလျှောက်ထားမှုများနှင့်ပတ်သက်၍ ယခုအချိန်သည် ဂျပန်နိုင်ငံရှိ တာဝန်ယူလက်ခံမည့် တာ၀န်ခံများမှ ဂျပန်နိုင်ငံအတွင်းလုပ်ဆောင်ရမည့် လုပ်ငန်းစဥ်အဆင့်ဆင့်ကို စတင်ဆောင်ရွက်နေဆဲကာလ ဖြစ်ပါသောကြောင့် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးသို့ လက်တွေ့ လာရောက်ဗီဇာလျှောက်ထားနိုင်ရန်အတွက်မူ အချိန်အနည်းငယ်‌စောင့်ဆိုင်းရဦးမည် ဖြစ်ပါသည်။
      မည်သို့ပင်ဖြစ်စေ ဗီဇာလျှောက်ထားရန်အတွက် လိုအပ်သောစာရွက်စာတမ်းများနှင့် အသေးစိတ်လုပ်ငန်းစဥ်များကို ထပ်မံအသိပေးလမ်းညွှန်သွားမည် ဖြစ်ပါသည်။
       ယခုလက်ရှိအချိန်အထိ 「အထူးအခြေအနေများ」 တွင် အကျုံးဝင်သော နေထိုင်ခွင့်အရည်အချင်းများဖြစ်သည့် “Spouse or Child of Japanese“, “Permanent Resident“ စသည်တို့မှာ ယခင်အတိုင်းအပြောင်းအလဲမရှိဘဲ ဆက်လက် ဗီဇာလျှောက်ထားနိုင်ပါသည်။ (ဂျပန်ဘက်မှ လက်ခံမည့် တာဝန်ခံမှ ဝန်ကြီးဌာနများသို့ လျှောက်ထားရန် မလိုအပ်ပါ။)။


    • (၂) ဂျပန်နိုင်ငံသို့ ဝင်ရောက်ပြီးနောက် /ပြန်ရောက်ပြီးနောက် အသွားအလာကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ပြင်ဆင်ခြင်း
       ဂျပန်အစိုးရက တရားဝင်အသိအမှတ်ပြုထားသော COVID – 19 ကာကွယ်ဆေးအမျိုးအစားများဖြစ်သည့် Pfizer, Moderna, AstraZeneca (Vaxzevria, Covishield) ထိုးနှံထားကြောင်းအထောက်အထား (※ Sinopharm နှင့် Covaxin ဆေးများမှာ အကျုံးမဝင်ပါ) ကို ကိုင်ဆောင်ထားပြီး သက်ဆိုင်ရာ၀န်ကြီးဌာနများ၏ ကြိုတင်စစ်ဆေးမှု ခံယူထားသည့်သူများသည် ဂျပန်နိုင်ငံသို့ ရောက်ရှိပြီးနောက်တစ်ရက်မှစတင်ရေတွက်၍ (၃) ရက်မြောက်နေ့နောက်ပိုင်းတွင် မိမိအစီအစဥ်ဖြင့် COVID – 19 စစ်ဆေးမှု (PCR စစ်ဆေးခြင်း သို့မဟုတ် Antigen ပမာဏ စစ်ဆေးခြင်း) ကိုခံယူပြီး အဆိုပါ COVID – 19 ရောဂါကူးစက်မှုကင်းစင်ကြောင်းရလဒ်ကို ဂျပန်နိုင်ငံ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန (ဂျပန်နိုင်ငံသို့ ဝင်ရောက်သူများအတွက် ကျန်းမာ‌ရေးဆိုင်ရာ အတည်ပြုစင်တာ) သို့ အသိပေးအကြောင်းကြားနိုင်ပါက (၄) ရက်မြောက်နေ့နောက်ပိုင်း (ကျန်ရှိနေသည့် သီးသန့်နေထိုင်စောင့်ကြည့်ကာလ ၁၀ ရက်အတွင်း)တွင် ဂျပန်နိုင်ငံဘက်မှ လက်ခံထားသည့် ကုမ္ပဏီ စသည်တို့၏ ညွှန်ကြားခွင့်ပြုချက်များအရ အများပြည်သူသုံးသယ်ယူပို့ဆောင်‌‌ရေးစနစ်များကို အသုံးပြုနိုင်ပြီး လုပ်ငန်းဆောင်တာများကိုလည်း လုပ်ဆောင်နိုင်ပါလိမ့်မည်။
       ဤစီမံချက်သည် အခြေခံအားဖြင့် မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လာရောက်မည့်သူများနှင့် မိမိနိုင်ငံသို့ပြန်လာမည့် ဂျပန်နိုင်ငံသားများအတွက် အကျုံးဝင်ပါသည်။

      (မှတ်ချက်) ဤစီမံချက်အားလုပ်ဆောင်ရန်လိုအပ်ချက်၊ လမ်းညွှန်မှု၊ လျှောက်လွှာ၊ ကတိခံဝန်စာ၊ နေထိုင်သွားလာမည့်အစီအစဥ်စသည့် အသေးစိတ်အချက်များနှင့် ပတ်သက်၍ အောက်တွင်ဖော်ပြထားသော ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ၀က်ဘ်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။
       https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00318.html
       ဂျပန်နိုင်ငံသို့ ဝင်ရောက်/ပြန်ရောက်ချိန်တွင် ဆောင်ရွက်ရမည့် ရောဂါကာကွယ်ထိန်းချုပ်မှုဆိုင်ရာ စီမံချက် (မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂ နာရီအတွင်း ထုတ်ပေးထားသော COVID – 19 ကင်းစင်ကြောင်းအထောက်အထားတင်ပြခြင်း၊ ကတိခံဝန်စာတင်ပြခြင်း၊ စမတ်ဖုန်းကိုင်ဆောင်ခြင်း၊ လိုအပ်သော Application များမှတ်ပုံတင်ခြင်း/အသုံးပြုခြင်း၊ မေးခွန်းလွှာ ဝက်ဘ်ဆိုက်တွင် မှတ်ပုံတင်ခြင်း၊ ဂျပန်နိုင်ငံသို့ ဆိုက်ရောက်ချိန်တွင် COVID – 19 စစ်ဆေးခြင်း၊ ဂျပန်နိုင်ငံသို့ ဝင်ရောက်ပြီးနောက်ပိုင်း သတ်မှတ်ထားသည့်အချိန်ကာလအတိုင်း သီးသန့်နေထိုင်ခြင်း စသည်) မှာ ယခင်အတိုင်း အပြောင်းအလဲမရှိပါ။
      「စီမံချက်အသစ်」 နှင့် ပတ်သက်သောအကြောင်းအရာများနှင့် လျှောက်လွှာတင်ရန်နည်းလမ်း စသည့် အထွေထွေစုံစမ်းမေးမြန်းမှုများအတွက် အောက်ပါ 「Call Center」 တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။ (လျှောက်လွှာတင်သွင်းခြင်းနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို သက်ဆိုင်ရာဝန်ကြီးဌာနများတွင် မေးမြန်းစုံစမ်းနိုင်ပါသည်။)
        Call Center:၀၃-၃၅၉၅-၂၁၇၆
        လက်ခံဖြေကြားချိန်:နံနက် ၉ နာရီမှ ည ၉ နာရီထိ (စနေ၊ တနင်္ဂနွေအပါအဝင်)
        ဝန်ကြီးဌာနများ၏ လျှောက်လွှာလက်ခံမည့်ကောင်တာများ: https://www.mhlw.go.jp/content/000853509.pdf


  • ၂။ အခြားသက်ဆိုင်သောသတင်းအချက်အလက်များ
    နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်းဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)
    (ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
    (အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

    COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
    (ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
    (အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html

    နိုင်ငံတွင်းသို့ ဝင်ရောက်ချိန်တွင် လိုအပ်သော Application များကို မှတ်ပုံတင်ခြင်း၊ အသုံးပြုခြင်းနှင့်ပတ်သက်၍
    (ဂျပန် .အင်္ဂလိပ်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00250.html

    ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက် (၁၉) နှင့် ပတ်သက်၍
    (ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00318.html

    ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက် (၁၉) အမေးအဖြေ
    https://www.mhlw.go.jp/content/000852172.pdf