(၂၂)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများကို ကြေညာခြင်း (၂၀၂၁ခုနှစ် နို၀င်ဘာလ ၃၀ ရက်)

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ)ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်ပူးပေါင်းပြီး (၂၂)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကို ဂျပန်လူမျိုးများအသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ဂျပန်-မြန်မာအသင်းနှင့်ဂျပန် ပြည်ပစီးပွာရေး လုပ်ငန်းရှင်များ အသင်းတို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါသည်။

နောက်ဆုံးအဆင့်ပြိုင်ပွဲကို ကျင်းပသည့်နေ့တွင် ပြိုင်ပွဲ၀င်စုစုပေါင်း ၇၈ ဦးအနက် ပဏာမပြိုင်ပွဲတွင် အနိုင်ရရှိခဲ့သူ ၁၅ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး အကဲဖြတ်ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေးစည်းမျဥ်းများအတိုင်း အကဲဖြတ်အမှတ်ပေးခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေငြာခဲ့ပါသည်။

ဆုရရှိသူများနှင့် ၎င်းတို့ပါ၀င်ယှဥ်ပြိုင်ခဲ့သော ခေါင်းစဥ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ဆုရရှိသူများကို နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဂုဏ်ပြုလက်မှတ်နှင့် ဆုလက်ဆောင်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

ပထမဆု မခင်လပြည့်မောင်
"ကျွန်ုပ်၏မိခင်"
ဒုတိယဆု မမြင့်မြင့်မွန်
"အမှန်တကယ် တောက်ပနေသော သင့်ဆီသို့"
တတိယဆု မခင်ရူပါကျော်
"ယုံကြည်ခြင်းဟာ အောင်မြင်မှုရဲ့ ပထမဦးဆုံးခြေလှမ်း"
ဇွဲဆု မောင်အောင်ငွေဟိန်း
"လူသားမျိုးနွယ်ရဲ့အနာဂတ်ကို ကယ်တင်နိုင်မယ့်နည်းလမ်း"
ဇွဲဆု မောင်မိုးထက်အောင်
"အရဲစွန့်လှမ်းခဲ့တဲ့ ခြေတစ်လှမ်းပေါ်က သတ္တိတစ်စုံ"

ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်ပွားမှုကို ကာကွယ်သည့်အနေဖြင့် ယမန်နှစ်က ကျင်းပခဲ့သည့်အတိုင်း ဒုတိယအကြိမ်မြောက် စကားပြောပြိုင်ပွဲကို Online မှကျင်းပခဲ့သော်လည်း မြန်မာနိုင်ငံတစ်ဝှမ်းမှ ဂျပန်စာ စိတ်ဝင်စားသူ အများအပြားက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး အလွန်စွမ်းရည်မြင့်မားသောပြိုင်ပွဲတစ်ခု ဖြစ်ခဲ့ပါသည်။ (၂၂)ကြိမ်မြောက်ဂျပန်စကားပြောပြိုင်ပွဲ ကျင်းပခဲ့ပုံကို Youtube မှ မြန်မာစာတန်းထိုးဖြင့် ထုတ်လွှင့်သွားမည်ဖြစ်ပါသောကြောင့် ဆက်ဆက် အားပေးကြည့်ရှုစေလိုပါသည်။

နိုဝင်ဘာလ ၁၃ ရက် (စနေနေ့) နောက်ဆုံးအဆင့်ပြိုင်ပွဲကျင်းပနေပုံ၊ နိုဝင်ဘာလ ၂၀ ရက်(စနေနေ့) ဆုပေးပွဲ အခမ်းအနား