
ဂျပန်အစိုးရသည် ဒီဇင်ဘာလ ၂ ရက်နေ့ ၀၀:၀၀နာရီ (ဂျပန်စံတော်ချိန်) နောက်ပိုင်းမှစ၍ ဂျပန်နိုင်ငံတွင်းသို့ နိုင်ငံခြားသားများ၏ ဝင်ရောက်မှုအသစ်များအား ရပ်ဆိုင်းကြောင်း (ဗီဇာထုတ်ပေးပြီးသောသူများ အပါအ၀င်) ထပ်တိုးစီမံချက်ကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည့်အတွက် အသိပေးကြေညာအပ်ပါသည်။
အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ၀က်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
နို၀င်ဘာလ ၁၀ ရက်နေ့စွဲဖြင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ၀က်ဘ်ဆိုက်စသည်တို့တွင် 「COVID -19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အသစ် (နိုင်ငံခြားသား အသစ်၀င်ရောက်မှု ဖြေလျော့ခြင်းနှင့်ပတ်သက်၍)」၏ အချက်အလက်များကို အသိပေးလမ်းညွှန်ထားပြီးခါစ အခြေအနေဖြစ်သော်လည်း၊ နိုဝင်ဘာလ ၂၉ ရက်နေ့နှင့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သော ဂျပန်အစိုးရ၏ ကြေညာချက်အသစ်များအရ နိုင်ငံခြားသားများ၏ အသစ်၀င်ရောက်မှုများကို ပြန်လည်ခွင့်ပြုချိန်မတိုင်မီ ကာလအတွင်းတွင် နည်းပညာအလုပ်သင် သင်တန်းသားများ၊ ကျောင်းသားများ အပါအဝင် အောက်ပါနေထိုင်ခွင့်အရည်အချင်းများ ရရှိထားသူများသည် ဂျပန်နိုင်ငံတွင်းသို့ အသစ်ဝင်ရောက်ခြင်းနှင့် ဗီဇာအသစ်လျှောက်ထားခြင်းများ ပြုလုပ်နိုင်ဦးမည် မဟုတ်ကြောင်းကို သတိပြုစေလိုပါသည်။
- (၁) ကာလတိုနေထိုင်ခွင့် (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် စီးပွားရေးဆက်သွယ်ခြင်း၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက်လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်း နေထိုင်ပြီး ဝင်ငွေနှင့် အကျိုးခံစားခွင့် တစ်စုံတစ်ရာမရှိသော လုပ်ဆောင်ချက်များ။ - (၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများ
“Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional“, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Dependent”, “Professor”, “Instructor”,
လတ်တလောအခြေအနေတွင် ယခုစီမံချက်ကို ကာလအားဖြင့် တစ်လ သတ်မှတ်ထားပြီး နိုင်ငံခြားသား အသစ်၀င်ရောက်မှုများကို ပြန်လည်ခွင့်ပြုပါက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၀က်ဘ်ဆိုက်နှင့် Facebook တို့တွင် ထပ်မံအသိပေးလမ်းညွှန်သွားမည် ဖြစ်ပါသည်။
သို့သော် အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ်များကို ရရှိထားသူများသည် ဂျပန်နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းနှင့် ဂျပန်သံရုံးတွင် ဗီဇာ လျှောက်ထားခြင်းများကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ယခုနှစ်မကုန်ခင်အချိန်ကာလအတွင်း ဂျပန်နိုင်ငံသို့ မဖြစ်မနေသွားရောက်ရမည့် အကြောင်းရင်းကို စာဖြင့် ရေးသားတင်ပြရန် လိုအပ်ပါသည်။
“Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident“, “Diplomat / Official” “ Temporary Visitor (Humanitarian Cases), “ Person who has obtained Re-entry permit “
- 〇 COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စီမံချက်အသစ် ချမှတ်ခြင်း (Omicron Strain မျိုးကွဲဗီဇအသစ်အတွက်စီမံချက်တိုးမြှင့်ခြင်း)
(ဂျပန်) https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2021C145.html - 〇 နိုင်ငံတကာမှ လူ အ၀င်အထွက်များ ပြန်လည်စတင်ရန်အတွက် စီမံချက် အဆင့်ဆင့်နှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/cp/page22_003380.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/cp/page22e_000925.html - 〇 နိုင်ငံတကာမှ လူ အဝင်အထွက်များ ပြန်လည်စတင်ရန် ပြည်ဝင်ခွင့်အသစ်များအတွက် ဗီဇာလျှောက်ထားခြင်း
(ဂျပန်)https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်)https://www.mofa.go.jp/ca/fna/page22e_000921.html
■ စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : 95-1-549644 – 549648
အီးမေးလ် : ryoji@yn.mofa.go.jp