
ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံမှထွက်ခွာမည့် All Nippon Airways (ANA လေကြောင်းလိုင်း) အထူးခရီးသည်တင်လေယာဥ်ပျံသန်းရန် အစီအစဥ်နှင့်ပတ်သက်၍ ဂျပန်နိုင်ငံသို့သွားရောက်ရန်စိတ်ဝင်စားကြသောမြန်မာနိုင်ငံသားများသို့အသိပေးအကြောင်းကြားခြင်း (၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်)
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်
- ဇန်နဝါရီလ ၁၉ ရက်နေ့ (အင်္ဂါနေ့) တွင် ရန်ကုန်မြို့မှ Narita သို့ ထွက်ခွာမည့် ANA လေယာဥ်အမှတ် NH814 (ရန်ကုန်မြို့မှထွက်ခွါချိန်သည် ၁၄း၂၀ နာရီဖြစ်ပြီး Narita သို့ဆိုက်ရောက်ချိန်သည် ၂၂း၅၅ နာရီ ဖြစ်ပါသည်) အထူးခရီးသည်တင်လေယာဥ် ပျံသန်းရန် အစီအစဥ် ရှိကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ သို့ရာတွင် ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် COVID – 19 ကင်းစင်ကြောင်းအထောက်အထားစာရွက် စသည်တို့လိုအပ်ပါသည်။
- All Nippon Airways (ANAလေကြောင်းလိုင်း) လက်မှတ်ကြိုတင်မှာယူရန်အတွက်ဝက်ဆိုက် (https://www.ana.co.jp/ja/mm/)၊ ANA ရန်ကုန်ရုံးခွဲ (၀၁-၉၂၅၅-၁၀၀ မှ ၉၂၅၅-၁၀၂၊ ဖုန်းလက်ခံဖြေဆိုချိန် - တနင်္လာနေ့မှသောကြာနေ့ ၉း၀၀ နာရီမှ ၁၆း၀၀ နာရီ) နှင့် ဂျပန်ခရီးသွားကုမ္ပဏီများတွင် လက်မှတ်ကြိုတင်မှာယူနိုင်ပါသည်။
※ ANA လက်မှတ်ကြိုတင်မှာယူရာတွင် ဝက်ဆိုက်၏ Pulldown ဖော်ပြချက်「စျေးနှုန်းဦးစားပေးရွေးချယ်ချက် “Fares with lower prices”」ကို 「ဘွတ်ကင်ကိုအပြောင်းအလဲလုပ်နိုင်သည့် စျေးနှုန်း ”Fares which are eligible for reservation changes”」သို့ပြောင်းမှသာ ဘွတ်ကင်တင်နိုင်သောထိုင်ခုံ ပေါ်လာမည်ဖြစ်သဖြင့် သတိပြုစေလိုပါသည်။
■ စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : ၉၅ - ၁ - ၅၄၉၆၄၄ မှ ၅၄၉၆၄၈
အီးမေးလ်: ryoji@yn.mofa.go.jp