
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်
၁။ လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (Coronavirus Disease 2019, COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက် အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့်တန်ဖိုးရှိသော ဂျပန်နိုင်ငံ၏ အထောက်အပံ့စီမံကိန်းအရ ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services, UNOPS) နှင့်ပူးပေါင်းကာ ဝယ်ယူထားသော ဆေးဘက်ဆိုင်ရာစက် ပစ္စည်းကိရိယာများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၊ စီးပွားရေးနှင့်ဖွံ့ဖြိုးမှုအ ထောက်အပံ့ပေးရေးဌာနမှ သံမှူး Mr. TAKIMI Kazuyuki မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် လွှဲပြောင်းပေး အပ်ခဲ့ပါသည်။ အဆိုပါလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို မြန်မာနိုင်ငံ အမျိုးသားကျန်းမာရေး ဓာတ်ခွဲခန်း (National Health Laboratory) တွင် ကျင်းပခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဌေးဌေးတင်နှင့် UNOPS မြန်မာရုံး၏ စီမံကိန်း ဆိုင်ရာ အကြီးအကဲ Mr. Jean-Francois Laurent တို့တက်ရောက်ခဲ့ကြပါသည်။
၂။ ယခုတစ်ခေါက်လွှဲပြောင်းပေးအပ်ခဲ့သော ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများမှာ Medical Waste Disposal Equipment ၁၀ လုံး၊ centrifuges ၃ လုံးနှင့် Autoclave ၄ လုံးဖြစ်ပြီး မြန်မာ နိုင်ငံအမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းနှင့် မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင် ရာဌာနနှင့် ပြည်သူ့ဆေးရုံကြီးများတွင် အသုံးပြုရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပါသည်။
၃။ ဂျပန်နိုင်ငံအစိုးရသည် အမေရိကန်ဒေါ်လာ ၅.၁၈ သန်းခန့် တန်ဖိုးရှိသော အရည်အသွေးမြင့် ဆေးဘက်ဆိုင်ရာစက်ပစ္စည်းကိရိယာများကို ပံ့ပိုးပေးသည့် အထောက်အပံ့စီမံကိန်းအရ PCR စက်များ၊ PCR နည်းပညာဖြင့်စစ်ဆေးမှုအတွက် လက်ပ်တော့ကွန်ပျူတာများ၊ PCR Test Kits၊ RNA extraction kits နှင့် molecular biological grade ethanol ကဲ့သို့သော ဓာတ်ခွဲပစ္စည်းများ (Reagents) ၊ အထူးကြပ်မတ်ကုသဆောင် (ICU Facilities) များအတွက် power supply units နှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများအတွက် generator များကို အမျိုးသားကျန်းမာရေးဓာတ်ခွဲ ခန်းနှင့် ပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းပေးအပ်ပြီးဖြစ်ပါသည်။ ဤအထောက်အပံ့စီမံကိန်း အရ လူနာတင်ယာဥ်များ၊ Test Kits၊ mobile X-Ray၊ Medical Monitor နှင့် Pulse oximeter စသည်တို့ကို ဆက်လက် ဝယ်ယူသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံအစိုးရသို့ ဆက်တိုက် လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ပါသည်။
၄။ ဂျပန်နိုင်ငံအစိုးရအနေဖြင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရန်အတွက်သာမက မြန်မာနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးနှင့် မြန်မာနိုင်ငံသူ၊နိုင်ငံသားများအတွက် ကဏ္ဍအသီးသီးတွင် ပါ ဆက်လက်၍ အစွမ်းကုန် ပံ့ပိုးကူညီသွားမည်ဖြစ်ပါသည်။