
၁။ ယနေ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့တွင် မြန်မာနိုင်ငံ၌ အရေးပေါ်အခြေအနေကြေညာပြီး ဒီမိုကရေစီ စနစ်ကူးပြောင်းမှုဖြစ်စဉ်များ ဆုံးရှုံးလိုက်ရသည့်အခြေအနေများ ဖြစ်ပေါ်ခဲ့ခြင်းအပေါ် အလွန်ပင် စိုးရိမ်ပူပန် လျက်ရှိပါသည်။ ထို့ပြင် ယနေ့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သက်ဆိုင်ရာပုဂ္ဂိုလ်များအား အမြန်ဆုံး ပြန်လွှတ်ပေးပါရန် တိုက်တွန်း ပါသည်။
၂။ ဂျပန်နိုင်ငံအစိုးရသည် ယခုအချိန်အထိ မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်ကူးပြောင်းမှုဖြစ်စဉ်များကို အစဉ်တစိုက် ထောက်ခံအားပေးလာခဲ့ပြီး ၎င်းဖြစ်စဉ်များကို ပြောင်းပြန်အခြေအနေသို့ ပြောင်းလဲသွားစေမည့် မည့်သည့် လှုပ်ရှားမှုမျိုးကိုမဆို ဆန့်ကျင်ကန့်ကွက်သွားမည် ဖြစ်ပါသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ နည်းလမ်းကျသောနိုင်ငံရေးစနစ် အမြန်ဆုံး ပြန်လည်ရရှိစေရေးအတွက် ထပ်မံ၍ တပ်မတော်သို့ အလေးအနက် ထား တိုက်တွန်းလိုက်ပါသည်။