
၁။ ဂျပန်အစိုးရသည် မြန်မာနိုင်ငံဒေသအသီးသီးတွင် ဆန္ဒထုတ်ဖော်မှုများကို သေနတ်ပစ်ခတ်ဖြိုခွင်းခဲ့မှုများ အပါအဝင် မြန်မာနိုင်ငံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွင်းခဲ့မှုကြောင့် ပြည်သူအမြောက်အမြား သေဆုံး၊ ဒဏ်ရာရရှိခဲ့ကာ အများအပြားဖမ်းဆီးခံခဲ့ရသည့် အခြေအနေများဖြစ်ပေါ်ခဲ့သည့်အတွက် အလွန် အမင်း စိုးရိမ်ပူပန်လျက်ရှိပါသည်။ ထို့ပြင် နိုင်ငံတကာအသိုက်အဝန်းက ကြိမ်ဖန်များစွာ သတိပေးပြောကြား နေကြသည့်တိုင်အောင် ပြည်သူလူထုအပေါ် အကြမ်းဖက်မှုများ ဆက်လက်လုပ်ဆောင်နေခြင်းကို ရှုတ်ချ ကန့်ကွက်ပါသည်။
၂။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိန်းသိမ်းခံထားရသော ပုဂ္ဂိုလ်များကို ပြန်လွှတ်ပေးပြီး ဒီမိုကရေစီနည်းလမ်းကျသောနိုင်ငံရေးစနစ် အမြန်ဆုံးပြန်လည်ရရှိစေရေးအတွက် ဂျပန်အစိုးရ က တပ်မတော်အား ထပ်မံ၍ အလေးအနက်ထား တိုက်တွန်းလိုက်ပါသည်။