မြန်မာနိုင်ငံသားများသို့
မတ်လ ၉ ရက်နေ့တွင် ဂျပန်နိုင်ငံအစိုးရက COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ အစီအမံများကိုထပ်မံတိုးမြှင့်ချမှတ်ကြောင်းကြေညာချက်ထုတ်ပြန်လိုက်ပြီး ၂၀၂၁ ခုနှစ် မတ်လ ၁၉ ရက်နေ့နှင့် ထိုရက်နောက်ပိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ရာတွင် COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာ မတင်ပြနိုင်ပါက ဂျပန်နိုင်ငံ၏ Quarantine ဥပဒေအရ ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပြုမည် မဟုတ်ပါ။
(https://www.mhlw.go.jp/content/000753086.pdf)
သို့သော် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကင်းစင်ကြောင်းထောက်ခံစာ ရရှိရန် အခက်အခဲရှိသူများသည် ဂျပန်သံရုံးက ထုတ်ပေးမည့် ကောင်စစ်ဌာနမှ ထောက်ခံစာ「Consular Letter」ကို ယူဆောင်သွားခြင်းဖြင့် လေယာဥ်စီးနင်းလိုက်ပါခွင့်ငြင်းပယ်ခံရမည်မဟုတ်ဘဲ ဂျပန်နိုင်ငံသို့ ပြည်ဝင်ခြင်း ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
【https://www.mm.emb-japan.go.jp/profile/Japanese/news/2021/new-71.html】
(မှတ်ချက်) ANA လေကြောင်းလိုင်းမှ ဂျပန်နိုင်ငံသို့ တိုက်ရိုက်လေယာဥ်ဖြင့် စီးနင်းလိုက်ပါမည့်သူများအတွက် ဂျပန်သံရုံးက လေကြောင်းလိုင်းသို့ ဆက်သွယ်ဆောင်ရွက်မည်ဖြစ်ပါသဖြင့် Consular Letter ရယူရန်မလိုအပ်ပါ။ တစ်ဆင့်ပြောင်းစီးလေယာဥ် (Transit Flight) ဖြင့် လိုက်ပါစီးနင်းမည့်သူများသာ Consular Letter ရယူရန်လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ဂျပန်သံရုံးကထုတ်ပေးမည့် ကောင်စစ်ဌာနမှ ထောက်ခံစာ「Consular Letter」နှင့်ပတ်သက်၍ အောက်ပါအတိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။
「Consular Letter」လျှောက်ထားရန်အတွက် ဂျပန်နိုင်ငံသို့ စီးနင်းလိုက်ပါမည့် လေကြောင်းလိုင်း အတိအကျမသတ်မှတ်ရသေးသော်လည်း စီစဥ်ထားသော လေကြောင်းလိုင်းရှိပါက「Consular Letter」ကို ထုတ်ပေးမည်ဖြစ်ပါသည်။
●လျှောက်ထားရန်နည်းလမ်း : ဂျပန်သံရုံး ကောင်စစ်ဌာနသို့ အီးမေးလ် (ryoji@yn.mofa.go.jp) မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။အီးမေးလ်၏ အကြောင်းအရာ (Subject) နေရာတွင် 「Consular Letter လျှောက်ထားခြင်းနှင့် ပတ်သက်၍」ဟု ဖြည့်စွက်ပါ။
●လက်ခံချိန် : လေယာဥ် မစီးမီ ၂ ရက်မတိုင်ခင်အထိ (တနင်္လာနေ့မှ သောကြာနေ့အထိ)
●ပူးတွဲပေးပို့ရမည့် စာရွက်စာတမ်း : နိုင်ငံကူးလက်မှတ် (ဓာတ်ပုံပါသော စာမျက်နှာ မိတ္တူ)
လေယာဥ်နံပါတ် (တစ်ဆင့်ပြောင်းစီးမည့် လေယာဥ်နံပါတ်အပါအဝင်)
လေကြောင်းလိုင်း အတိအကျ မသတ်မှတ်ရသေးပါက ဂျပန်နိုင်ငံသို့ သွားရောက်မည့်ကာလကို ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါသည်။
●ထုတ်ပေးမည့်ရက် : လျှောက်လွှာလက်ခံရက်၏ နောက်တစ်ရက်
●နှုန်းထား : ကောက်ခံခြင်းမရှိပါ
No.100 Natmauk Road, Bahan Township, Yangon
01-549644~8