Online မှကျင်းပမည့် (၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှကလေးသူငယ်များ ရုပ်ရှင်ပွဲတော်တွင်ပါဝင်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်ခြင်း (၂၀၂၂ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်)

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည်JENESYS အစီအစဥ်ဖြင့် Onlineမှ ကျင်းပမည့် (၁၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အာရှကလေးသူငယ်များ ရုပ်ရှင်ပွဲတော်တွင် ပါဝင်ရန် စိတ်ပါဝင်စားသူများကို ဖိတ်ခေါ်လျက်ရှိပါသည်။ ယခုနှစ်တွင် အစီအစဥ်ကို Online မှကျင်းပသွားမည်ဖြစ်ပြီး ယခင်နှစ်များ၏ ဖန်တီးမှုလက်ရာများကို အခြားနိုင်ငံများမှ ပါဝင်သူများနှင့်အတူ ကြည့်ရှုခံစားနိုင်မည် ဖြစ်ပါသည်။ ရုပ်ရှင်နှင့် ဗီဒီယိုဖန်တီးခြင်းကို စိတ်ပါဝင်စားသော အထက်တန်းကျောင်းသား၊ကျောင်းသူများ ဝင်ရောက် လျှောက်ထား နိုင်ပါသည်။

*JENESYS အစီအစဥ်သည် လူငယ်များအတွက် ရည်ရွယ်သော အစီအစဉ်တစ်ခုဖြစ်ပြီး ဂျပန်နှင့် အာရှ-ပစိဖိတ်နိုင်ငံများ၊ ဒေသများအကြား အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးဖလှယ်မှုများမှတစ်ဆင့် လေ့လာသင်ယူနိုင်ပါသည်။
  • ■ အစီအစဥ် ကျင်းပမည့်ကာလ
    ・၂၀၂၂ခုနှစ် မတ်လ ၈ရက်နေ့မှ ၁၈ရက်နေ့အထိ
    ・နေ့စဥ် မွန်းလွဲ (၁) နာရီခွဲမှ (၃)နာရီအထိ ကျင်းပသွားမည်ဖြစ်ပါသည်။
    ※ Online မှတစ်ဆင့် ကူးလူးဆက်သွယ်မည့် အစီအစဥ် (၅)ခုကို အထက်ဖော်ပြပါကာလအတွင်း ကျင်းပသွားမည်ဖြစ်ပါသည်။

  • ■ အစီအစဥ်နှင့်ပတ်သက်၍
    အစီအစဥ်ကို Zoom Application ဖြင့် ကျင်းပသွားမည်ဖြစ်ပါသည်။
    အစီအစဥ်ကျင်းပစဥ်တွင် မြန်မာဘာသာပြန် ထားရှိမည်ဖြစ်သော်လည်း ပါဝင်သူများနှင့် တာဝန်ခံဝန်ထမ်းများအကြား အင်္ဂလိပ်ဘာသာဖြင့်သာ ဆက်သွယ်ပြောဆိုရမည်ဖြစ်ပါသည်။

  • ■ လျှောက်ထားရန် လိုအပ်ချက်များ
    ・အခြေခံပညာအထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူဖြစ်ရမည်။
    ・မြန်မာနိုင်ငံတွင်နေထိုင်လျက်ရှိသော မြန်မာနိုင်ငံသားဖြစ်ရမည်။
    ・Online မှကျင်းပမည့် အစီအစဥ် (၅)ခုစလုံးကို ပါဝင်နိုင်ပြီး အင်တာနက် အခြေအနေကောင်းမွန်စွာရှိထားရမည်။

    ※ ဂျပန်နိုင်ငံတွင် ကာလရှည်ကြာစွာ ပညာသင်ကြားခဲ့သူများ၊ နေထိုင်ခဲ့သောသူများနှင့် အောက်ပါအစီအစဥ်ကို ပါဝင်ခဲ့ကြသူများသည် ဤအစီအစဥ်ကို လျှောက်ထားရန် အကျုံးမဝင်ပါ။
    JENESYS Inbound Program/ JENESYS 10 days online program/ KIZUNA/ SSEAYP (Ship for South East Asian and Japanese Youth Program)/ JICA (Except the program hold in AMS countries and Timor-Leste)/ Japanese Government (Ministry of Education, Culture, Sports, Science and Technology (MEXT)) Scholarship Program/ Invitation Program of JF (Japan Foundation), JNTO (Japan National Tourism Organization) or AOTS*(HIDA**)
    * Association for Overseas Technical Cooperation and Sustainable Partnerships
    ** The Overseas Human Resources and Industry Development Association (the previous name of AOTS)

  • ■ လျှောက်လွှာဖောင်
    ဤနေရာတွင် လျှောက်ထားနိုင်ပါသည်။      
    https://docs.google.com/forms/d/17luE3-v5UlbQ3Nc8kBeISC2GU96qilTil0qPJpHeJQc/

  • ■ လျှောက်လွှာလျှောက်ထားရန် သတ်မှတ်ရက်
       ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ (၆)ရက် တနင်္ဂနွေနေ့ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်သည်။

အရွေးချယ်ခံရသူများကိုသာ တိုက်ရိုက်အကြောင်းကြားသွားမည်ဖြစ်ပြီး လျှောက်ထားသူများ အလွန်များပြားပါက မဲနှိုက်ပြီးရွေးချယ်သွားမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။