
.jpg)
ယခုအကြိမ်တွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံရှိ အခြားသောသံရုံးများနှင့် နိုင်ငံရပ်ခြားမှ ယဉ်ကျေးမှုဆိုင်ရာအဖွဲ့အစည်းတို့ပူးပေါင်း၍ “World Music Festival 2015” ပွဲကို ကျင်းပမည်ဖြစ်ပါသည်။ ပွဲကျင်းပမည့်နေ့တွင် မြန်မာနိုင်ငံမှ ရိုးရာတူရိယာပညာရှင်များအပြင် ပြင်သစ်၊ ဂျာမန်၊ အစ္စရေး၊ ဆွစ်ဇာလန်နှင့် ဂျပန်နိုင်ငံမှ ရိုးရာတူရိယာပညာရှင်များစုစည်း၍ အမျိုးအစားစုံလင်လှသော တေးဂီတပွဲတော်ကို (၃)ရက်ကြာ ကျင်းပမည်ဖြစ်ပါသည်။
ယမန်နှစ် ဒီဇင်ဘာလ၊ အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့သော “One Asia Joint Concert” (One Asia Joint Concert ~ဂျပန် မြန်မာ သံတမန် ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ် ပိတ်ပွဲ အခမ်းအနား~ )
တွင် ပါဝင်ဖျော်ဖြေခဲ့ကြသော ဂျပန်ရိုးရာတူရိယာပညာရှင် (၃)ဦး၊ မြန်မာနိုင်ငံမှ ရိုးရာတူရိယာပညာရှင် (၂)ဦးတို့ဖြင့် ဖွဲ့စည်းထားသော အဖွဲ့ “One Asia Classic Orchestra Selection” မှ ဖျော်ဖြေသွားမည်ဖြစ်ပါသည်။ ၀င်ကြေးအခမဲ့ဖြစ်ပါသည်။ ဆက်ဆက်လာရောက်ကြည့်ရှူကြဖို့ ဖိတ်ခေါ်အပ်ပါသည်။
နိုဝင်ဘာလ ၂၀ရက်၊ ၂၀၁၅ခုနှစ် (သောကြာ) ~ နိုဝင်ဘာလ ၂၂ရက် (တနင်္ဂနွေ)
ညနေ ၆နာရီစတင်မည်။
- ၀င်ကြေးအခမဲ့
- ဂျပန်နှင့် မြန်မာ ရိုးရာတူရိယာပညာရှင် (၅)ဦးတို့ဖြင့် ဖွဲ့စည်းထားသော “One Asia Classic Orchestra Selection” ဖျော်ဖြေပွဲကို နိုဝင်ဘာလ ၂၀ရက်နေ့ (သောကြာ) တွင် ညနေ ၆နာရီ ဖွင့်ပွဲအခမ်းအနားပြုလုပ်ပြီးသည့်နောက်တွင် ဆက်လက်ဖျော်ဖြေတင်ဆက်သွားမည် ဖြစ်ပါသည်။
၂။ ပွဲကျင်းပမည့်နေရာ
Institute Francais de Birmanie
(အမှတ် ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့ နယ်၊ ရန်ကုန်မြို့ ။)
၃။ Organizer
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ Goethe-Institut Myanmar၊ French Institute၊ ဆွစ်ဇာလန်သံရုံး၊ အစ္စရေးသံရုံး။
၎။ စုံစမ်းမေးမြန်းရန်
Institut Français de Birmanie
Tel: 01 536 900
၅။ “One Asia Classic Orchestra Selection” အကြောင်း (အင်္ဂလိပ်ဘာသာဖြင့်ဖော်ပြထားသော Link သို့ (Information of musicians from “One Asia Classic Orchestra Selection”)
)