မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ သွားရောက်မည့်သူများအတွက် COVID – 19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး ထပ်တိုး စီမံချက်နှင့် ပတ်သက်၍ အသိပေးကြေညာချက် (၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၁ ရက်)
၂၀၂၀ ပြည့်နှစ် နို၀င်ဘာလ ၁ ရက်


 ဂျပန်နိုင်ငံအစိုးရသည် အောက်တိုဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံကို ကူးစက်ရောဂါ အန္တရာယ် သတ်မှတ်ချက် အဆင့် ၂ မှ ၃ သို့ တိုးမြှင့်ခဲ့ပါသည်။ အဆိုပါ တိုးမြှင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ လာရောက်မည့် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားများအားလုံးသည် မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂ နာရီအတွင်း COVID – 19 ရောဂါပိုးရှိမရှိ (PCR Test) စစ်ဆေးမှုခံယူ၍ 「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」ကို တင်ပြရန်နှင့် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် COVID – 19 ရောဂါပိုးရှိမရှိ စစ်ဆေးမှု (Antigen Test) ခံယူစေခြင်း အစရှိသည့် ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် ဆောင်ရွက်ရမည့် COVID – 19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ် ထိန်းချုပ်ရေး ထပ်တိုး စီမံချက်များကို ဆောင်ရွက်လျက်ရှိပါသောကြောင့် အောက်ပါအတိုင်း အသိပေးအပ်ပါသည်။

 ဤစီမံချက်တွင် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၀၀း၀၀ နာရီ (ဂျပန်စံတော်ချိန်) နောက်ပိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူများအားလုံး (ဂျပန်နိုင်ငံသားမှအပ) အကျုံးဝင်မည်ဖြစ်ပါသည်။ သို့ရာတွင် နိုဝင်ဘာလ ၁ ရက်နေ့ (တနင်္ဂနွေ) မှ ၁၄ ရက်နေ့ (စနေ) အထိ သီတင်း (၂) ပတ်တာ ကာလကို「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」တင်ပြရန်နှင့် ပတ်သက်၍ အကူးအပြောင်း ကာလအဖြစ် သတ်မှတ်ထားပါသည်။ ထို့ကြောင့် ၁၄ ရက်နေ့ (စနေ) အတွင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့် မြန်မာနိုင်ငံသားအပါအဝင် နိုင်ငံခြားသားများအားလုံးသည် 「နိုင်ငံမှမထွက်ခွာမီ ဆေးစစ်ချက်ထောက်ခံစာ」ကို မတင်ပြနိုင်သော်လည်း ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည် (ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် COVID – 19 ရောဂါပိုးရှိမရှိစစ်ဆေးမှု (Antigen Test) ခံယူရန်နှင့် COVID – 19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး အခြား စီမံချက်များမှာ အထက်ဖော်ပြပါအတိုင်း နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၀၀း၀၀ နာရီ (ဂျပန်စံတော်ချိန်) နောက်ပိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူများအားလုံး (ဂျပန်နိုင်ငံ သားမှအပ) အကျုံးဝင်မည်ဖြစ်ပါသည်။ )။

 သို့ရာတွင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူဝေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန် အတွက် ဗီဇာလျှောက်ထားမှုများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင် ရက်ချိန်းရယူရန်နည်းလမ်းနှင့် လိုအပ်သော စာရွက်စာတမ်းများကို အောက်ဖော်ပြပါ URL တွင် ကြည့်ရှု နိုင်ပါသည်။

 (၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူနည်းနှင့် ပတ်သက်၍
  (ဂျပန်) https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
  (မြန်မာ) https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html
 (၂) ဗီဇာလျှောက်ထားရန် စာရွက်စာတမ်းများနှင့် ပတ်သက်၍
  (ဂျပန်) https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-242.html
  (မြန်မာ)https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-34.html


  မေးမြန်းစုံစမ်းခြင်း၊ ဆွေးနွေးတိုင်ပင်ခြင်းများ ပြုလုပ်လိုပါက ဂျပန်သံရုံး ကောင်စစ်ဌာနသို့ ဆက်သွယ်နိုင် ပါသည်။


Ⅰ  【အရေးကြီးအချက်အလက်】 ဂျပန်နိုင်ငံသို့ဝင်ရောက်ရန်အတွက် လိုအပ်သော စီမံချက်များ (ထပ်တိုး စီမံချက်များ)
 အထက်တွင် ဖော်ပြထားသည့်အတိုင်း ယခုမှစ၍ မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂ နာရီအတွင်း COVID – 19 ကူးစက်ရောဂါနှင့် ပတ်သက်သော PCR စစ်ဆေးမှုခံယူ၍ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းမှ COVID – 19 ကူးစက်ရောဂါကင်းစင်ကြောင်း ထောက်ခံစာ 「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက် ခံစာ」ကို ရယူရန် လိုအပ်ပါသည်။ ဂျပန်နိုင်ငံသို့ ဝင်ရောက်ရန်အတွက် ထိုအချက်အပါအဝင် လိုအပ် သောစီမံချက် များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

 ၁။ အလုပ်ကိစ္စဖြင့် သွားရောက်ရန်အတွက် ပြည်ဝင်ဗီဇာကို ကိုင်ဆောင်ထားသူများ
   (တစ်နည်းအားဖြင့် ကန့်သတ်ချက်ကို လျော့ချသည့်「Residence Track」)
   (၁) မြန်မာနိုင်ငံမှ မထွက်ခွာမီ
     က   PCR စစ်ဆေးခြင်းနှင့် 「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」ရယူရန် (မှတ်ချက် ၁ ကိုကြည့်ပါ)
     ခ   ၁၄ ရက်ကြာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်ရန် (မှတ်ချက် ၂ ကိုကြည့်ပါ)
     ဂ   ပုဂ္ဂလိကဆေးဘက်ဆိုင်ရာအာမခံ (Private Medical Insurance) ကို ၀ယ်ယူရန် (မှတ်ချက် ၃ ကိုကြည့်ပါ)
   (၂) ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်နှင့် ရောက်ရှိပြီးနောက်
     က   လေဆိပ်တွင် COVID – 19 ရောဂါပိုးရှိမရှိစစ်ဆေးရန် (မှတ်ချက် ၄ ကိုကြည့်ပါ)
     ခ   မေးခွန်းလွှာ တင်ပြရန် (လေယာဥ်ပေါ်တွင် ရရှိနိုင်ပါသည်)
     ဂ   ကတိခံဝန်ချက် တင်ပြရန်
     ဃ   COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application ထည့်သွင်းရန် (မှတ်ချက် ၅ ကိုကြည့်ပါ)
     င   အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးယာဥ်များကို ၁၄ ရက်အတွင်း အသုံးမပြုရန်
     စ   မိမိနေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင်ရန်
     ဆ   ၁၄ ရက်ကြာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆောင်ရွက်ချက်များ ပြုလုပ်ရန် (မှတ်ချက် ၆ ကိုကြည့်ပါ)


 (ထိုစီမံချက်များနှင့် ပတ်သက်၍ ဂျပန်ဘက်မှလက်ခံမည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ ကျောင်း စသည်တို့က လည်းပဲ အပြည့်အဝနားလည်ထားပြီး လိုအပ်သော စီမံချက်များကို လုပ်ဆောင်၍ အကျုံးဝင်သူများကို သေချာစွာရှင်းလင်းပြောဆိုပေးရန် မေတ္တာရပ်ခံအပ်ပါသည်။)
 အသေးစိတ်ကို 「Ⅱ (၂) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဂျပန်နိုင်ငံသို့ ရောက်ရှိ/ ထွက်ခွာရာတွင် လိုအပ်သော ဆောင်ရွက်ချက်များ၊ စာရွက်စာတမ်းများနှင့် ပတ်သက်၍」တွင် ကြည့်ရှုနိုင်ပါသည်။


 ၂။ ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Special Re-entry အပါအဝင်) ရယူ၍ ဂျပန်နိုင်ငံမှ ထွက်ခွာလာသည့် နေထိုင်ခွင့်အရည်အချင်း ကိုင်ဆောင်ထားသူများ
   (၁) မြန်မာနိုင်ငံမှ မထွက်ခွာမီ
     က   PCR စစ်ဆေးခြင်းနှင့် 「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」ရယူရန် (မှတ်ချက် ၁ ကိုကြည့်ပါ)
     ခ   ၁၄ ရက်ကြာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်ရန် (မှတ်ချက် ၂ ကိုကြည့်ပါ)
   (၂) ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်နှင့် ရောက်ရှိပြီးနောက်
     က   လေဆိပ်တွင် COVID – 19 ရောဂါပိုးရှိမရှိစစ်ဆေးရန် (မှတ်ချက် ၄ ကိုကြည့်ပါ)
     ခ   မေးခွန်းလွှာ တင်ပြရန် (လေယာဥ်ပေါ်တွင် ရရှိနိုင်ပါသည်)
     ဂ   အများပြည်သူသုံး သယ်ယူပို့ဆောင် ရေးယာဥ်များကို ၁၄ ရက်အတွင်း အသုံးမပြုရန်
     ဃ   မိမိနေအိမ်တွင် ၁၄ ရက်ကြာ သီးသန့်နေထိုင်ရန်

    အသေးစိတ်ကို 「Ⅱ (၃) နေထိုင်ခွင့်အရည်အချင်း ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ ပြည်ပြန် ဝင်ခြင်း (Re-Entry) နှင့် ပတ်သက်၍」တွင် ကြည့်ရှုနိုင်ပါသည်။


(မှတ်ချက် ၁) PCR စစ်ဆေးခြင်းနှင့် 「နိုင်ငံမှမထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」ရယူရန်
  အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း နိုဝင်ဘာလ ၁၄ ရက်အထိ အကူးအပြောင်းကာလအဖြစ် သတ်မှတ်ထားပါသဖြင့် ၁၄ ရက်နေ့ အတွင်း ဂျပန်နိုင်ငံသို့ ဆိုက်ရောက်မည့်သူများသည် 「နိုင်ငံမှ မထွက်ခွာမီဆေးစစ်ချက်ထောက်ခံစာ」ကို မတင်ပြနိုင်သော်လည်း ဂျပန်နိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
  မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂ နာရီအတွင်း PCR စစ်ဆေးခြင်းနှင့် 「နိုင်ငံမှမထွက်ခွာမီဆေးစစ် ချက်ထောက်ခံစာ」 ကို ရယူပြီး ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် လေဆိပ် ကျန်းမာရေးအခြေအနေ စစ်ဆေးရာ ကောင်တာသို့ ပြသရမည့်အပြင် ပြည်ဝင်စစ်ဆေးမှု ပြုလုပ်ချိန်တွင် အဆိုပါထောက်ခံစာကို လဝက သို့ ပေးခဲ့ရပါမည်။ PCR ဆေးစစ်ချက်ထောက်ခံစာ ပုံစံမှာ အခြေခံအားဖြင့် 「နိုင်ငံမှမထွက် ခွာမီဆေးစစ်ချက်ထောက်ခံစာ」 အတွက် သတ်မှတ်ထားသော အောက်ပါပုံစံကို အသုံးပြုရမည် ဖြစ်ပြီး မိမိနိုင်ငံရှိ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းထံ ထိုပုံစံကို ဖြည့်သွင်းပေးရန်နှင့် လက်မှတ်ထိုးပေး ရန်တောင်းဆိုရမည်။
  ●「နိုင်ငံမှမထွက်ခွာမီ ဆေးစစ်ချက်ထောက်ခံစာ」အတွက် သတ်မှတ်ပုံစံကို ဤနေရာတွင် ကြည့်ပါ။
     URL:https://www.mofa.go.jp/files/100078393.docx

  ဤသတ်မှတ်ပုံစံတွင် ဖြည့်သွင်းပေးနိုင်သော ကျန်းမာရေးစစ်ဆေးမည့်အဖွဲ့အစည်း မရှိခဲ့ပါက အဆင်ပြေမည့် အခြားပုံစံကို တင်ပြနိုင်သော်လည်း လေဆိပ် ကျန်းမာရေးအခြေအနေစစ်ဆေးရာ ကောင်တာနှင့် ပြည်ဝင်စစ်ဆေးရာကောင်တာတွင် အချိန်ပိုမိုကြာမြင့်နိုင်ပါသဖြင့် နားလည်လက်ခံ ပေးပါရန်မေတ္တာရပ်ခံပါသည်။
 အဆင်ပြေမည့် အခြားပုံစံကို အသုံးပြုမည်ဆိုပါက (၁) ကာယကံရှင်နှင့်ပတ်သက်သော အချက် အလက်များ (အမည်၊ နိုင်ငံကူးလက်မှတ်နံပါတ်၊ နိုင်ငံသား၊ မွေးသက္ကရာဇ်၊ ကျား/မ)၊ (၂) COVID – 19 ဆေးစစ်ချက်ထောက်ခံစာပါ အကြောင်းအရာ (စစ်ဆေးသည့် နည်းလမ်း၊ စစ်ဆေးမှုရလဒ်၊ နမူနာ ရယူစစ်ဆေးသည့် နေ့ရက်နှင့် အချိန်၊ ဆေးစစ်ချက်အဖြေထုတ်ပြန်သည့်ရက်စွဲ၊ ဆေးစစ်ချက် ထောက်ခံစာ ထုတ်ပေးသည့်ရက်စွဲ)၊ (၃) ဆေးဘက်ဆိုင်ရာအဖွဲ့အစည်းနှင့် သက်ဆိုင်သော အချက် အလက် (ဆေးဘက် ဆိုင်ရာအဖွဲ့အစည်း၏ အမည် (သို့မဟုတ် ဆရာဝန်အမည်)၊ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း၏ လိပ်စာ၊ ဆေးဘက်ဆိုင်ရာအဖွဲ့အစည်း၏ ရုံးတံဆိပ်တုံး (သို့မဟုတ် ဆရာဝန် လက်မှတ်)) စသည့် အချက်အလက် များ အားလုံးကို အင်္ဂလိပ်ဘာသာဖြင့် ထည့်သွင်းဖော်ပြထားသော ပုံစံကိုသာ လက်ခံပါမည်။


(မှတ်ချက် ၂) ၁၄ ရက်ကြာ ကျန်းမာရေးအခြေအနေ စောင့်ကြည့်ရန်
  ဂျပန်နိုင်ငံသို့မဝင်ရောက်မီ ၁၄ ရက်အလိုမှစ၍ နေ့စဥ် ကိုယ်အပူချိန်တိုင်းတာရမည်ဖြစ်ပြီး ထိုရလဒ်ကို ကြိုတင်တင်ပြရန်မလိုအပ်သော်လည်း ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် တင်ပြရမည့် လေယာဥ်ပေါ်တွင် ဖြည့်စွက်ရမည့် မေးခွန်းလွှာတွင် မိမိ၏ ကျန်းမာရေးအခြေအနေကို ဖြည့်သွင်း ရပါမည်။ ကိုယ်အပူချိန်မြင့်တက်ခြင်း (၃၇.၅°C နှင့်အထက်) နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ များ၊ ခန္ဓာကိုယ်နုံးချည့်ခြင်းစသည့် COVID – 19 ကူးစက်ရောဂါလက္ခဏာ တစ်ခုခု ရှိခဲ့ပါက ခရီးသွားခြင်းကို ရပ်ဆိုင်းရပါမည်။


(မှတ်ချက် ၃) ပုဂ္ဂလိကဆေးဘက်ဆိုင်ရာအာမခံ (Private Medical Insurance) ကို ၀ယ်ယူရန်
  ဂျပန်နိုင်ငံသို့မရောက်ရှိမီ ပုဂ္ဂလိကဆေးဘက်ဆိုင်ရာအာမခံ (ဂျပန်တွင် နေထိုင်စဥ်ကာလအတွင်း ဆေးကုသစရိတ်ကို အာမခံနိုင်သော ခရီးသွားအာမခံ (Travel Insurance) အပါအဝင်) ကို ၀ယ်ယူရန် ဆောင်ရွက်ထားရမည်။ သို့သော် ဂျပန်နိုင်ငံသို့ ရောက်ရှိချိန်တွင် ဂျပန်နိုင်ငံ၏ အစိုးရအာမခံစနစ် (ကျန်းမာရေးအာမခံနှင့် အမျိုးသားကျန်းမာရေးအာမခံ) ရယူထားပြီးသော ပုဂ္ဂိုလ်များသည် ပုဂ္ဂလိက ဆေးဘက်ဆိုင်ရာအာမခံကို ၀ယ်ယူရန်မလိုပါ။


(မှတ်ချက် ၄) လေဆိပ်တွင် COVID – 19 ရောဂါပိုးရှိမရှိစစ်ဆေးရန်
  ဂျပန်လေဆိပ်တွင် ခရီးသည်များအားလုံးကို COVID – 19 ရောဂါပိုးရှိမရှိစစ်ဆေးမှု (Antigen Test) ပြုလုပ်နေပြီး ထိုနေ့အတွင်း ဆေးစစ်ချက်အဖြေရသည်အထိ လေဆိပ်အတွင်းသတ်မှတ်နေရာ သို့မဟုတ် Quarantine ဌာနက သတ်မှတ်ထားသောနေရာတွင် စောင့်ဆိုင်းရမည်ဖြစ်ပါသည်။


(မှတ်ချက် ၅) COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application ထည့်သွင်းရန်
 ・ COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application (COCOA) ကို အသုံးပြုပါ။
  https://www.mhlw.go.jp/content/10900000/000647649.pdf
 ・စမတ်ဖုန်း မြေပုံသတင်းအချက်အလက် Application ကို အသုံးပြု၍ မိမိတည်နေရာ၏အချက်အလက်ကို သိမ်းဆည်းပါ။
 (ကိုးကား) Application အသုံးပြုနည်း (ဂျပန်ဘာသာဖြင့်သာ)
  https://www.mhlw.go.jp/content/000652555.pdf


(မှတ်ချက် ၆) ၁၄ ရက်ကြာ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆောင်ရွက်ချက်များ ပြုလုပ်ရန်
  ဂျပန်နိုင်ငံသို့ရောက်ရှိပြီးနောက် ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ လက်ခံမည့် တာဝန်ရှိသူထံ နေ့စဥ် ကျန်းမာရေးအခြေအနေများကို ၁၄ ရက်ကြာ သတင်းပို့ရမည်။ သတင်းပို့ခြင်းကို လက်ခံရရှိသည့် တာဝန်ခံပုဂ္ဂိုလ်သည် ကြိုတင်ထည့်သွင်းထားသည့် LINE Application မှတစ်ဆင့် သတင်းပေးပို့သူ၏ ကျန်းမာရေးအခြေအနေကိုသက်ဆိုင်ရာသို့သတင်းပို့ရမည်။
  သို့ရာတွင် သတင်းပေးပို့သူကိုယ်တိုင် ဂျပန်ဘာသာဖြင့် ပြောဆိုဆက်သွယ်နိုင်ပြီး ဂျပန်နိုင်ငံ အတွင်း အသုံးပြုနိုင်သည့် စမတ်ဖုန်းကို ကိုင်ဆောင်ထားပါက ကိုယ်တိုင် LINE Application ကို Install လုပ်၍သက်ဆိုင်ရာသို့သတင်းပို့နိုင်ပါသည်။
  LINE Application ကို အသုံးပြု၍ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲဆောင်ရွက်ချက်များအတွက် မေတ္တာရပ်ခံချက် (ဂျပန်ဘာသာဖြင့်သာ)
  https://www.mhlw.go.jp/content/000652556.pdf


Ⅱ အခြားသက်ဆိုင်သောအချက်အလက်များ
 (၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
  ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းဆိုင်ရာ ဆောင်ရွက်ချက်များအားလုံးကို ကြိုတင်ရက်ချိန်းယူ စနစ်ဖြင့် ဆောင်ရွက် ပါမည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
  (ဂျပန်) https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
  (မြန်မာ) https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html


 (၂) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့်
  (ဂျပန်နိုင်ငံသို့ ရောက်ရှိ/ ထွက်ခွာရာတွင် လိုအပ်သော ဆောင်ရွက်ချက်များ၊ စာရွက်စာတမ်းများနှင့် ပတ်သက်၍)
  (ဂျပန်) https://www.mofa.go.jp/mofaj/ca/cp/page25_002003.html
  (အင်္ဂလိပ်) https://www.mofa.go.jp/ca/cp/page25e_000337.html


 (၃) နေထိုင်ခွင့်အရည်အချင်း ကိုင်ဆောင်ထားသော နိုင်ငံခြားသားများ ပြည်ပြန်ဝင်ခြင်း (Re-Entry) နှင့် ပတ်သက်၍
  (ဂျပန်) https://www.mofa.go.jp/mofaj/page1_000864.html
  (အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001074.html


 (၄) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
  (ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
  (အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html