COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အသစ်နှင့် ဗီဇာထုတ်ပေးခြင်းဆိုင်ရာ သတင်းအချက်အလက်
(၂၀၂၁ခုနှစ် ဇန်န၀ါရီလ ၇ရက်)
၂၀၂၁ခုနှစ် ဇန်န၀ါရီလ ၇ရက်

ယခင်က အသိပေးအကြောင်းကြားခဲ့သည့်အတိုင်း ဂျပန်အစိုးရက ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုတားဆီးကာကွယ်၊ ထိန်းချုပ်ရေး နှင့်ပတ်သက်သော စီမံချက်အသစ်အဖြစ် ဂျပန်နိုင်ငံသို့ ဝင်‌ရောက်ခြင်းကို ယာယီပိတ်ပင်ကြောင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အလုပ်ကိစ္စ၊ ကာလရှည် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်လိုသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကန့်သတ်ချက်ကို ဖြေလျော့ထားသည့် Residence Track ဖြင့် သွားရောက်လိုသူများသည် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားမှုများ ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ဗီဇာလျှောက်ထားမှု ဆက်လက်လုပ်ဆောင်ရန် အကျုံးဝင်သော နေထိုင်ခွင့်အရည်အချင်းများမှာ -
“Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”, “Long-Term Resident” တို့ဖြစ်ပါသဖြင့် သတိပြုနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။

※ သို့ရာတွင် “Highly Skilled Foreign Professional“, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Dependent” နေထိုင်ခွင့် အရည်အချင်းများနှင့် ပတ်သက်၍ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ အဆိုပါ ထုတ်ပေးထားသောဗီဇာများကို အသုံးပြု၍ ဂျပန်နိုင်ငံသို့ မဝင်ရောက်နိုင်ပါ။ ထို့အပြင် ဗီဇာလျှောက်ထားခြင်းကိုလည်း လက်မခံပါသဖြင့် သတိပြုနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။
ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မရှင်းလင်းသော အချက်အလက်များရှိပါက ဂျပန်သံရုံးကောင်စစ်ဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

၁။ အကျုံးဝင်သူများ
မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသားဖြစ်ရမည့်အပြင် မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံအကြား တိုက်ရိုက်ပျံသန်းမည့်လေယာဥ်ကို အသုံးပြုသူများ သို့မဟုတ် တတိယနိုင်ငံမှတစ်ဆင့် ဝင်ရောက်မည်ဆိုပါ ကလည်း အဆိုပါတတိယနိုင်ငံအတွင်းသို့ ဝင်ရောက်ထားခြင်းမရှိဘဲ ခရီးတစ်ထောက်နား (Transit) အနေဖြင့် ဖြတ်သန်း၍ ဂျပန်နိုင်ငံသို့ ဝင်ရောက်မည့်သူဖြစ်ရမည်။

၂။ ဗီဇာလျှောက်ထားနိုင်သော နေထိုင်ခွင့်အရည်အချင်းများ
(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် စီးပွားရေးဆက်သွယ်ခြင်း၊ စီးပွားရေးဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက် လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်းနေထိုင်ပြီး ဝင်ငွေနှင့်အကျိုးခံစားခွင့် တစ်စုံတစ်ရာ မရှိသော လုပ်ဆောင်ချက်များ။

(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင် ထားသူများ
“Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”, “Long-Term Resident”
※အထက်ပါ နံပါတ် (၁) နှင့် နံပါတ် (၂) တွင် ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများနှင့် ထိုသူတို့၏ မိသားစုဝင်များမှလွဲ၍ အခြားကာလတိုနေထိုင်ခွင့်ဗီဇာများ (ဥပမာ : ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေထံအလည်အပတ်သွားခြင်း စသည်) နှင့်ပတ်သက်၍ အဆိုပါဗီဇာများ၏ အကျိုး သက်ရောက်မှုကို ယာယီအားဖြင့် ဆက်လက်ရပ်ဆိုင်းထားသောကြောင့် ဗီဇာလျှောက်ထားခြင်းကို လက်မခံသေးပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

၃။ တင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာလတိုနေထိုင်ခြင်း (စီးပွားရေးကိစ္စ) (အထက်ပါ နံပါတ် ၂ (၁) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ
(ဃ) ဖိတ်ခေါ်စာ
(င) အာမခံစာ
(စ) ကတိခံဝန်စာ (၂ စောင်၊ ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းက ထုတ်ပေးသော စာမိတ္တူ)

(၂) ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ် ၂ (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)
(ဃ) ကတိခံဝန်စာ (၂ စောင်၊ ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းက ထုတ်ပေးသော စာမိတ္တူ)

※ ဗီဇာစစ်ဆေးမှုလိုအပ်ချက်အရ စာရွက်စာတမ်းများထပ်မံတင်ပြရန် တောင်းဆိုမှုများလည်းရှိနိုင်ပါသည်။
(မှတ်ချက် ၁) ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးနေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုတင်ပြ၍ ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့် စာကို တင်ပြရန်လိုအပ်ပါသည်။
“Spouse or Child of Japanese”, “Spouse or Child of Permanent Resident” များသည် ကတိခံ၀န်စာ တင်ပြရန် မလိုအပ်ပါ။
(မှတ်ချက် ၂) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိရပ်ဆိုင်းထားသည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည်ဆိုပါက ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။

၄။ အခြားသက်ဆိုင်သောအချက်အလက်များ
(၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။ ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
(ဂျပန်)
https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
(မြန်မာ)
https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html

(၂) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

(၃) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html

(၄) COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application (COCOA)
(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/cocoa_00138.html
(အင်္ဂလိပ်) https://www.mhlw.go.jp/content/10900000/000647649.pdf