COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်၊ ထိန်းချုပ်ရေးနှင့် ပတ်သက်သော စီမံချက်အသစ် (Residence Track ဖြင့် သွားရောက်မည့်နိုင်ငံခြားသားများအား ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းခြင်းနှင့် ပတ်သက်၍ အကြောင်းကြားခြင်း)
(၂၀၂၁ခုနှစ် ဇန်န၀ါရီလ ၁၃ရက်)
၂၀၂၁ခုနှစ် ဇန်န၀ါရီလ ၁၃ရက်

ဂျပန်အစိုးရသည် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် COVID – 19 ကပ်ရောဂါအတွက် အထူးအစီအမံအက်ဥပဒေ (The Act on Special Measure for Pandemic Influenza) အရ အရေးပေါ်အခြေအနေကြေညာချက်ကို ထုတ်ပြန်ထားသည်နှင့်အညီ ဇန်နဝါရီလ ၁၄ ရက် နံနက် ၀၀း၀၀ နာရီ (ဂျပန်စံတော်ချိန်) နောက်ပိုင်းမှစတင်၍ အဆိုပါ ကြေညာချက် ပြန်လည်မရုပ်သိမ်းမီကာလအတွင်း အလုပ်ကိစ္စ၊ ကာလရှည် နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် သွားရောက်လိုသော မြန်မာနိုင်ငံသားများနှင့် ပတ်သက်၍ ကန့်သတ်ချက်ကို ဖြေလျှော့ထားသည့် Residence Track ဆောင်ရွက်ခြင်းကို ယာယီရပ်ဆိုင်းလိုက်ပြီး မြန်မာနိုင်ငံမှ အောက်ပါ နံပါတ် (၁) တွင် ဖော်ပြထားသော နေထိုင်ခွင့်အရည်အချင်းရှိသူများ၏ ပြည်ဝင်ခွင့်ကို ယာယီရပ်ဆိုင်းကြောင်း ကြေညာလိုက်ပါသဖြင့် အသိပေးအကြောင်းကြားအပ်ပါသည်။ (ဂျပန်နိုင်ငံသားများသည် ဂျပန်နိုင်ငံသို့ ဆက်လက်ဝင်ရောက်နိုင်သော်လည်း ယခင်က အသိပေးအကြောင်းကြားခဲ့သည့်အတိုင်း ဂျပန်နိုင်ငံသို့ ဝင်ရောက်ချိန်တွင် မြန်မာနိုင်ငံမှ မထွက်ခွာမီ ၇၂ နာရီအတွင်းထုတ်ပေးထားသော COVID – 19 ကင်းစင်ကြောင်းအထောက်အထားကို တင်ပြခြင်းစသည့် သတ်မှတ်ချက်များ ရှိပါသဖြင့် သတိပြုနိုင်ရန် အကြောင်းကြားအပ်ပါသည်။)
(၁) “Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional“, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Dependent”, “Temporary Visa (Business)” နေထိုင်ခွင့်အရည်အချင်းများနှင့် ပတ်သက်၍ အရေးပေါ်အခြေအနေကြေညာချက် ပြန်လည်ရုပ်သိမ်းကြောင်း မကြေညာမချင်း အဆိုပါထုတ်ပေးထားသောဗီဇာများကို အသုံးပြု၍ ဂျပန်နိုင်ငံသို့ မဝင်ရောက်နိုင်ပါ။ ထို့ပြင် ဗီဇာလျှောက်ထားခြင်းကိုလည်း လက်မခံပါသဖြင့် သတိပြုနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။ သို့ရာတွင် “Business manager”, “Intra-company transfer”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)” ဗီဇာများကို ကိုင်ဆောင်ထားသူများသည် ယာယီစောင့်ဆိုင်းကာလဖြစ်သည့် ဇန်နဝါရီလ ၂၁ ရက်နေ့ နံနက် ၀၀း၀၀ နာရီ (ဂျပန်စံတော်ချိန်) အထိ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်ပြီး ထိုအချိန်နောက်ပိုင်း ပြည်ဝင်ခြင်းများကို ခွင့်မပြုပါသဖြင့် သတိပြုနိုင်ရန် မေတ္တာရပ်ခံအပ်ပါသည်။ ※ အထက်ပါ နံပါတ် (၁) တွင် ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများနှင့် ထိုသူတို့၏ မိသားစုဝင်များ၊ ကာလတိုနေထိုင်ခွင့်ဗီဇာများ (ဥပမာ : ဆွေမျိုးသားချင်း၊ အသိမိတ်ဆွေထံအလည်အပတ်သွားခြင်း စသည်) နှင့်ပတ်သက်၍ အဆိုပါဗီဇာများ၏ အကျိုး သက်ရောက်မှုကို ယာယီအားဖြင့် ဆက်လက်ရပ်ဆိုင်းထားသောကြောင့် ဗီဇာလျှောက်ထားခြင်းကို လက်မခံသေးပါသဖြင့် နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၂) “Spouse or Child of Japanese”, “Spouse or Child of Permanent Resident”, “Long-Term Resident” နေထိုင်ခွင့်အရည်အချင်းရှိသူများသည် ထိုဗီဇာများဖြင့် ဂျပန်နိုင်ငံသို့ ဆက်လက်ဝင်ရောက်နိုင်မည့်အပြင် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားမှုများလည်း ဆက်လက်လုပ်ဆောင်နိုင်ပါသည်။ ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ မရှင်းလင်းသော အချက်အလက်များရှိပါက ဂျပန်သံရုံးကောင်စစ်ဌာနသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
၃။ တင်ပြရမည့် စာရွက်စာတမ်းများ
ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ် (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)
(ဃ)
ကတိခံဝန်စာ (၂ စောင်၊ ဂျပန်နိုင်ငံရှိ လက်ခံမည့်ကုမ္ပဏီ၊ အဖွဲ့အစည်းက ထုတ်ပေးသော စာမိတ္တူ)

※ ဗီဇာစစ်ဆေးမှုလိုအပ်ချက်အရ စာရွက်စာတမ်းများထပ်မံတင်ပြရန် တောင်းဆိုမှုများလည်းရှိနိုင်ပါသည်။
(မှတ်ချက် ၁) ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်းကုန်ဆုံးနေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုတင်ပြ၍ ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ်ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြထားသည့် စာကို တင်ပြရန်လိုအပ်ပါသည်။
“Spouse or Child of Japanese”, “Spouse or Child of Permanent Resident” များသည် ကတိခံ၀န်စာ တင်ပြရန် မလိုအပ်ပါ။
(မှတ်ချက် ၂) ဤဖြေလျှော့ခြင်းဆိုင်ရာစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိရပ်ဆိုင်းထားသည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည်ဆိုပါက ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။

၄။ အခြားသက်ဆိုင်သောအချက်အလက်များ
(၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ပါမည်။
ကြိုတင်ရက်ချိန်းယူရန် နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
(ဂျပန်)
https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
(မြန်မာ)
https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html

(၂) နိုင်ငံတကာမှလူများ၏ အသွားအလာပြန်လည်စတင်ရန် စီမံချက်အဆင့်ဆင့် (ဗီဇာ၊ ပြည်ပြန်ဝင်ခြင်း ဆိုင်ရာ စာရွက်စာတမ်းများတင်ပြမှု အတည်ပြုလျှောက်လွှာ စသည်)
(ဂျပန်)https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html

(၃) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(အင်္ဂလိပ်)https://www.mofa.go.jp/ca/fna/page4e_001053.html

(၄) COVID-19 ရောဂါြဖစ်ပွားသူနှင့်ထိတွေ့ခြင်းရှိမရှိစစ်ဆေးသော Application (COCOA)
(ဂျပန်)https://www.mhlw.go.jp/stf/seisakunitsuite/bunya/cocoa_00138.html
(အင်္ဂလိပ်) https://www.mhlw.go.jp/content/10900000/000647649.pdf