
ကာလတို (စီးပွားရေးကိစ္စ)နှင့် ကာလလတ်မှကာလရှည်နေထိုင်ရန် ရည်ရွယ်ချက် (ကျောင်းသားများနှင့် နည်းပညာအလုပ်သင် သင်တန်းသားများစသည်တို့ အပါအဝင်) စသည်ဖြင့် ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများအတွက် ဗီဇာထုတ်ပေးခြင်းနှင့် ပတ်သက်၍ (၂၀၂၁ခုနှစ် နို၀င်ဘာလ ၂၅ ရက်)
၂၀၂၁ခုနှစ် နို၀င်ဘာလ ၂၅ ရက်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ အင်တာနက်စာမျက်နှာ စသည်တို့တွင် နို၀င်ဘာလ ၁၀ ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည့်「COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်း ချုပ်ရေးတိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်အသစ် (၁၉) (နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်များ အတွက်ဖြေလျော့ခြင်းနှင့် ပတ်သက်၍)」အရ ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
- ကျောင်းသားများနှင့် နည်းပညာ အလုပ်သင်သင်တန်းသားများစသည်တို့ အပါအဝင် ဂျပန်နိုင်ငံသို့ သွားရောက်လိုသူများအတွက် ဗီဇာလျှောက်ထားရာတွင် ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံ (ကျောင်းများ၊ ကုမ္ပဏီနှင့် အဖွဲ့အစည်းများ) သည် ဂျပန်နိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနများက ထုတ်ပေး မည့် 「စစ်ဆေးမှုပြီးစီးကြောင်းထောက်ခံစာ」ကို ရယူရန် လိုအပ်ပါသောကြောင့် ပထမဦးစွာ တာဝန်ယူလက်ခံမည့် တာဝန်ခံအား လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ပေးရန် တောင်းဆိုရမည်ဖြစ်ပါသည်။
- ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် တာဝန်ခံထံမှ 「စစ်ဆေးမှုပြီးစီးကြောင်း ထောက်ခံစာ」မိတ္တူကို ရရှိထားပြီးသူများ ဂျပန်သံရုံးသို့ ဗီဇာလျှောက်ထားရာတွင် လိုအပ်သောစာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ထို့ပြင် ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံး ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကြိုတင်ရက်ချိန်းယူရန်နည်းလမ်းကို နံပါတ် ၃ (၁) တွင် ဖော်ပြထား သော URL တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
- ၁။ ဗီဇာလျှောက်ထားရန် အကျုံးဝင်သူများ
(၁) ကာလတိုနေထိုင်ခွင့် (စီးပွားရေးကိစ္စ)
ဂျပန်နိုင်ငံသို့ အလုပ်ကိစ္စရည်ရွယ်ချက်ဖြင့် သွားရောက်ဆောင်ရွက်မည့် လုပ်ငန်းရေးရာဆက်သွယ်ခြင်း၊ စီးပွားရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးခြင်း၊ စာချုပ်ချုပ်ဆိုခြင်း၊ နောက်ဆက်တွဲဝန်ဆောင်မှုပေးခြင်း၊ ကြော်ြငာခြင်း၊ စျေးကွက်လေ့လာခြင်း အစရှိသည့် ဂျပန်နိုင်ငံတွင် ရက် ၉၀ အတွင်း နေထိုင်ပြီး ဝင်ငွေနှင့်အကျိုးခံစားခွင့် တစ်စုံတစ်ရာမရှိသော လုပ်ဆောင်ချက်များ။
※အထက်ဖော်ပြပါ စီးပွားရေးကိစ္စနှင့် ပတ်သက်ခြင်းမရှိသော အခြားကာလတိုနေထိုင်ခွင့်များ (မိသားစုဆွေမျိုးသားချင်းနှင့် အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်းစသည်တို့) ၏ ဗီဇာအကျိုးသက်ရောက်မှုများကို ယခုလတ်တလောကာလတွင် ဆက်လက်ရပ်ဆိုင်းထားဆဲ ဖြစ်ပါသောကြောင့် ထိုကာလတိုနေထိုင်ခွင့်များအတွက် ဗီဇာလျှောက်ထားမှုများကို လက်ခံ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါ၍ နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(၂) အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ် (Certificate of Eligibility) ကိုင်ဆောင်ထားသူများ
“Business manager”, “Intra-company transferee”, “Engineer / Specialist in humanities / International services”, “Nursing care”, “Highly skilled professional”, “Technical Intern Training”, “Specified Skilled Worker”, “Designated activities (Start-up)”, “Highly Skilled Foreign Professional“, “Professor”, “Artist”, “Religious Activities”, “Journalist”, “Legal/ Accounting Services”, “Medical Services”, “Researcher”, “Instructor”, “Entertainer”, “Skilled Labour”, “Cultural Activities”, “Student”, “Trainee”, “Dependent”, “Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident“ - ၂။ တင်ပြရမည့် စာရွက်စာတမ်းများ
(၁) ကာလတိုနေထိုင်ခွင့် (စီးပွားရေးကိစ္စ) (အထက်ပါ နံပါတ်စဉ် ၁။ (၁) တွင် ဖော်ပြထားသောပုဂ္ဂိုလ်များအတွက်)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) လျှောက်ထားသူ၏ အလုပ်အကိုင်ထောက်ခံစာ
(ဃ) ဖိတ်ခေါ်စာ
(င) အာမခံစာ
(စ) စစ်ဆေးမှုပြီးစီးကြောင်းထောက်ခံစာ မိတ္တူ (ဂျပန်နိုင်ငံအတွင်းရှိ တာဝန်ယူလက်ခံမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြိုတင်ထုတ်ပေး ထားသောစာ)
(၂) ကာလရှည်နေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်ထားသူများ (အထက်ပါ နံပါတ်စဉ် ၁။ (၂) တွင် ဖော်ပြထားသော ပုဂ္ဂိုလ်များ)
(က) ဗီဇာလျှောက်လွှာ(ဓါတ်ပုံကပ်ထားသော)
(ခ) နိုင်ငံကူးလက်မှတ်
(ဂ) ကာလရှည်နေထိုင်ခွင့်လက်မှတ် (မှတ်ချက် ၁)
(ဃ) စစ်ဆေးမှုပြီးစီးကြောင်းထောက်ခံစာ မိတ္တူ (ဂျပန်နိုင်ငံအတွင်းရှိ လက်ခံမည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများ၊ ကျောင်းများကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြိုတင်ထုတ်ပေးထားသောစာ)
※ဖော်ပြပါ စာရွက်စာတမ်းများအပြင် ဗီဇာစစ်ဆေးမှုအရ လိုအပ်ခဲ့ပါက စာရွက်စာတမ်းများထပ်မံ တင်ပြရန် တောင်းဆိုခြင်းများလည်း ရှိနိုင်ပါသည်။
※နေထိုင်ခွင့်အရည်အချင်း “Dependent”, “Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident“များသည် 「စစ်ဆေးမှုပြီးစီးကြောင်းထောက်ခံစာ」ရယူရန် မလိုအပ်ပါ။
(မှတ်ချက် ၁) ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နောက်ပိုင်းတွင်ထုတ်ပေးထားပြီး သက်တမ်း ကုန်ဆုံးနေသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ဖြင့် ဗီဇာလျှောက်ထားမည်ဆိုပါက ဂျပန်နိုင်ငံဘက်ရှိ လက်ခံမည့် အဖွဲ့အစည်းထံမှ 「ကာလရှည်နေထိုင်ခွင့်လက်မှတ် ထုတ်ပေးရန် လျှောက်ထားခဲ့စဥ်က တင်ပြထားသော လုပ်ဆောင်ချက်များအတိုင်း ဆက်လက် လက်ခံနိုင်ကြောင်း」 ရေးသားဖော်ပြ ထားသည့်စာကို တင်ပြရန်လိုအပ်ပါသည်။
(ဂျပန်) https://www.moj.go.jp/isa/content/930005022.pdf
(မှတ်ချက် ၂) ဤစီမံချက်ကို အကောင်အထည်ဖော်ရာတွင် လက်ရှိတွင် ရပ်ဆိုင်းထားပြီးဖြစ်သည့် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပြန်လည်အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤစီမံချက်အရ ဗီဇာအသစ် ထပ်မံထုတ်ပေးရမည့်အခြေအနေတွင် ယခင်ထုတ်ပေးခဲ့ပြီးသောဗီဇာများကို ပယ်ဖျက် (Void) ပါမည်။ - ၃။ အခြားဆက်စပ်အချက်အလက်များ
(၁) ဗီဇာလျှောက်ထားရန် ကြိုတင်ရက်ချိန်းယူစနစ်နှင့်ပတ်သက်၍
ဗီဇာလျှောက်ထားသည့်ကောင်တာတွင် လူစုလူ၀ေးဖြစ်ပေါ်ခြင်းကို ရှောင်ရှားရန်အတွက် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားခြင်းများအားလုံးကို ကြိုတင်ရက်ချိန်းယူစနစ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကြိုတင်ရက်ချိန်းယူရန်နည်းလမ်းကို အောက်ပါ URL တွင် ကြည့်ရှုနိုင်ပါသည်။
(ဂျပန်) https://www.mm.emb-japan.go.jp/profile/japanese/news/2020/new-216.html
(မြန်မာ) https://www.mm.emb-japan.go.jp/profile/myanmar/news/2020/new-26.html
(၂) နိုင်ငံတကာမှ လူ အဝင်အထွက်များ ပြန်လည်စတင်ရန် ပြည်ဝင်ခွင့်အသစ်များအတွက် ဗီဇာလျှောက်ထားခြင်း (နိုင်ငံခြားသားများ၏ ပြည်ဝင်ခွင့်အသစ်ဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်သုံးသပ်ခြင်း၊ “Residence Truck”၊ “Business Truck”၊ ၂၀၂၀ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့ ဆုံးဖြတ်ချက်ပေါ်အခြေခံ၍ နိုင်ငံနှင့် ဒေသအားလုံးတို့မှပြည်ဝင်ခွင့်အသစ်များ၊ အခြား"သီးခြားအခြေအနေတစ်ရပ်” ဟု အသိအမှတ်ပြုခံသည့် အခြေအနေ)
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page22_003381.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page22e_000921.html
(၃) COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက်များနှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/fna/page4_005130.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/fna/page4e_001053.html
(၄) စမတ်ဖုန်းကိုင်ဆောင်သွားခြင်းနှင့် လိုအပ်သော Application များကို မှတ်ပုံတင်ခြင်း/အသုံးပြုခြင်းနှင့် ပတ်သက်၍
(ဂျပန် .အင်္ဂလိပ်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00250.html
(၅) ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး တိုးမြှင့်ခြင်းဆိုင်ရာ စီမံချက် (၁၉) နှင့် ပတ်သက်၍
(ဂျပန်) https://www.mhlw.go.jp/stf/seisakunitsuite/bunya/0000121431_00318.html