၂၃ ကြိမ်မြောက် ဂျပန်ဘာသာစကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

2022/10/4
20221004 Speech Contest
  မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်းရန်ကုန် - ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး "၂၃ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို  ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။ ပမာဏအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပါသည်။ စိတ်ပါဝင်စားသူများပါဝင် ယှဥ်ပြိုင်နိုင်ပါသည်။ ပြိုင်ပွဲဝင် အများအပြား ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။

၁။ ကျင်းပမည့် နေ့ရက်
 ပြိုင်ပွဲကျင်းပမည့်နေ့။ ။၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် (စနေနေ့) ၉နာရီမှ ၁၂နာရီအထိ
 (※ပဏာမအဆင့် အောင်မြင်သူများသာ)
 
၂။ ပြိုင်ပွဲဝင်ရန် သတ်မှတ်ချက်များ
 (၁) အသက် ၁၆နှစ် မှ ၃၀နှစ် အတွင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
 (၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများမပါ)
 (၃) ယခင်ကျင်းပခဲ့သော ဂျပန်ဘာသာစကားပြောပြိုင်ပွဲများတွင် ဆုရရှိထားသူ မဖြစ်ရ။
 
၃။ လျှောက်လွှာ လျှောက်ထားရန်
 လျှောက်လွှာများကို အောက်ဖော်ပြပါ Google Form Link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
 လျှောက်လွှာလက်ခံမည့်ကာလ ။ ။ ၂၀၂၂ခုနှစ် အောက်တိုဘာလ (၁၁)ရက် (အင်္ဂါနေ့) ညနေ ၄ နာရီခွဲအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
 Application Form for the Japanese Speech Contest 2022
 https://docs.google.com/forms/d/e/1FAIpQLSfgrdgbivb0-OGdTO0AVBRmeWFrHTsh-TSqbj4bbPB5VyAXSw/closedform
 
 လျှောက်လွှာဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန် လိုအပ်ပါသည်။
 (၁) G-mail account ဖြင့် လျှောက်ထားရမည်ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail account ဖွင့်ထားရမည်။
 (၂) ဓာတ်ပုံ (3x4 cm) (ဓာတ်ပုံဖိုင်၏ အမည်ကို မိမိအမည်-1 ဟုထားပေးပါ။) နှင့် မှတ်ပုံတင်အရှေ့၊အနောက်ပုံ (မှတ်ပုံတင်အရှေ့၊အနောက်ပုံကိုလည်း ဖိုင်တွဲပြီး ဖိုင်အမည်ကို မိမိအမည်-2 ဟုထားပေးပါ။) တို့ကို JPG Fileများ အနေနှင့် ပေးပို့ရမည်ဖြစ်ပါသည်။ ဖိုင်ဆိုဒ်သတ်မှတ်ချက်အနေနှင့် ပေးပို့လာသည့် ဖိုင်တစ်ခုချင်းစီသည် 3MB ထက်မကျော်စေရ။
 (၃) ယှဥ်ပြိုင်မည့် အကြောင်းအရာကို Microsoft Word File တွင် ဂျပန်ဘာသာဖြင့် စာလုံးရေ ၁၀၀၀ခန့်ရေးသားပြီး ပေးပို့ရမည်ဖြစ်ပါသည်။ (Word File၏ အမည်ကို မိမိအမည်-3ဟုထားပေးပါ။)
 (၄) ယှဥ်ပြိုင်မည့် အကြောင်းအရာကို (၃) မိနစ်ထက်မနည်း (၄) မိနစ်ထက် မပိုသော MP3 အသံဖိုင် (အသံဖိုင်အမည်ကို : မိမိအမည်-4 ဟုထားပေးပါ။) ကို ပြင်ဆင်ထားရမည်။
 ဖိုင်ဆိုဒ်သတ်မှတ်ချက်အနေနှင့် MP3အသံဖိုင်ကို 10MB ဝန်းကျင်ခန့်ဟု သတ်မှတ်ထားပါသည်။
 
 
၄။ ပဏာမအဆင့်ရွေးချယ်ခြင်း
 ပဏာမအဆင့် ယှဥ်ပြိုင်ရာတွင် နောက်ဆုံးအဆင့်ပြိုင်ပွဲဝင်သည့်အခါ ယှဥ်ပြိုင်မည့်ပုံစံအတိုင်း တူညီသောအကြောင်းအရာကို ပြောကြားရမည်ဖြစ်ပြီး၊
 ဂျပန်ဘာသာဖြင့် အမေးအဖြေများပြုလုပ်၍ အကဲဖြတ် ရွေးချယ်သွားမည် ဖြစ်ပါသည်။
 (※လျှောက်ထားသူများ၏ လျှောက်လွှာ၊ ယှဥ်ပြိုင်မည့်အကြောင်းအရာ (Word file နှင့် MP3 အသံဖိုင်) ကို စီစစ်ပြီး၊ သတ်မှတ်ချက်နှင့်ကိုက်ညီသော
 လျှောက်ထားသူများသာ ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။)
 ပဏာမအဆင့် ရွေးချယ်မည့်နေ့။ ။၂၀၂၂ ခုနှစ် အောက်တိုဘာလ (၂၂) ရက် (စနေနေ့) နှင့် အောက်တိုဘာလ (၂၃) ရက် ( တနင်္ဂနွေနေ့ )
 
၅။ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ
 ပဏာမအဆင့် ရွေးချယ်ခံရသူများကို ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပြီး သက်ဆိုင်ရာ ပွဲစီစဉ်ကျင်းပသည့် အဖွဲ့အစည်းများ၏ Facebook စာမျက်နှာများမှလည်း ကြေညာသွားမည်ဖြစ်ပါသည်။
 ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက် (စနေနေ့)တွင် ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
 ※ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး ပါဝင်ယှဉ်ပြိုင်ရမည့်သူများကို တိုက်ရိုက် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။
 
၆။ စုံစမ်းမေးမြန်းရန်
 မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)
 ဖုန်း 09-428612151, 09-262602121
 ※လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအပေါ် မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်း၊ ပွဲရပ်နားခြင်းအစရှိသည့် အစီအစဉ် ပြောင်းလဲခြင်းများလည်း ရှိနိုင်ပါသည်။