ဗီဇာနှင့်ဆိုင်သော အချက်အလက်များ

2025/4/8

အသိပေးကြေညာချက်

 အသိပေးကြေညာချက်

❃ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၁) ရက်နေ့ (ကြာသပတေး) မှစ၍ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (Japan Visa Application Centre : JVAC) ကိုဖွင့်လှစ်ထားပြီး ဂျပန်ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို JVAC မှတဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ (သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာ ကိစ္စရပ်များ၊ အရေးပေါ်ကိစ္စရပ်များစသည်တို့ မပါဝင်ပါ)။ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။
 
【JVAC လက်ခံကောင်တာ ဖွင့်ချိန်၊ လိပ်စာ၊ ဆက်သွယ်ရန်】
အလုပ်ချိန်                              :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၇:၃၀ နာရီ
လျှောက်လွှာလက်ခံခြင်း        :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၂:၃၀ နာရီ၊
                                               ညနေ ၁၃:၃၀ မှ ညနေ ၁၆:၀၀ နာရီ
ဗီဇာထုတ်ပေးခြင်း                 :တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၉:၀၀ မှ ညနေ ၁၇:၀၀ နာရီ
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာပိတ်ပါမည်)
 
လိပ်စာနှင့် ဆက်သွယ်ရန် :
လိပ်စာ : https://visa.vfsglobal.com/mmr/my/jpn/attend-centre/kantharyar
ဆက်သွယ်ရန် : https://visa.vfsglobal.com/mmr/en/jpn/contact-us
တယ်လီဖုန်းနံပါတ် : +၉၅ ၉၇၈၃၄၆၉၃၇၆
                                +၉၅ ၉၇၆၀၉၆၆၆၆၁
                                +၉၅ ၉၇၆၀၉၆၆၆၆၂
အကူအညီရယူရန် : info.jpmy@vfshelpline.com

လျှောက်ထားပုံနည်းလမ်းအသေးစိတ်နှင့်ပတ်သက်၍ : https://visa.vfsglobal.com/mmr/my/jpn/book-an-appointment
 
မှတ်ချက် :
(၁) JVAC တွင် ဗီဇာလျှောက်ထားသည့်အခါ သံရုံးတွင်ပေးဆောင်ရမည့် ဗီဇာကြေးနှင့် ၎င်းစင်တာအသုံးပြုရန်ဝန်ဆောင်ခ ကျသင့်ပါမည်။ (အသေးစိတ်ကို VFS ဝက်ဆိုဒ် https://www.vfsglobal.com/one-pager/japan/myanmar/english/index.html တွင်ကြည့်ရှုပါ)။
(၂) ဗီဇာကြေးနှင့် JVAC အသုံးပြုဝန်ဆောင်ခကို ဗီဇာလျှောက်ထားချိန်တွင် ပေးချေရပါမည်။
(၃) ယခုလက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြီးဆုံးမည်ဖြစ်သော်လည်း အဆိုပါနေ့ မတိုင်မီလျှောက်ထားသူများသည် နိုင်ငံကူးလက်မှတ်စာအုပ်များကို ဂျပန်သံရုံး ဗီဇာကောင်တာတွင် ပြန်လည်ထုတ်ယူရမည် ဖြစ်ပါသည်။
(၄) သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

■မေးမြန်းစုံစမ်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာန
တယ်လီဖုန်း : ၉၅-၁-၅၄၉၆၄၄ မှ ၅၄၉၆၄၈
အီးမေးလ် : ryoji@yn.mofa.go.jp

 
  ၂၀၂၃ ခုနှစ် မတ်လ ၁၇ ရက်နေ့မှစ၍ ကာလရှည်နေထိုင်ခွင့်ကဒ် (Certificate of Eligibility) ကို အီလက်ထရောနစ်စနစ် (အွန်လိုင်းစနစ်) သို့ပြောင်းလဲပြီးဖြစ်ပါသဖြင့် ဗီဇာလျှောက်ထားသူများ အနေဖြင့် ကာလရှည်နေထိုင်ခွင့်ကဒ် (Certificate of Eligibility) ကို အီးမေးလ်ဖြင့် လက်ခံရယူနိုင်ပါသည်။  
  သို့ဖြစ်ပါ၍ ကာလရှည်နေထိုင်ခွင့်ဗီဇာလျှောက်ထားရာတွင် ကာလရှည်နေထိုင်ခွင့်ကဒ် (Certificate of Eligibility)မူရင်း သို့မဟုတ် မိတ္တူ သို့မဟုတ် အီးမေးလ်ကို ပရင့်ထုတ်ထားသော စာရွက်စာတမ်းဖြင့် လျှောက်ထားနိုင်ပါသည်။  
 
  ကာလတိုနေထိုင်ခွင့်ဗီဇာလျှောက်ထားခြင်းနှင့် ပတ်သက်၍လည်း ဂျပန်ဘက်မှ ပြင်ဆင်ရမည့် အောက်ပါ စာရွက်စာတမ်းများကို မိတ္တူဖြင့် လျှောက်ထားနိုင်ပါသည်။
<JUMINHYO, KOSEKITOHON, ကုမ္ပဏီမှတ်ပုံတင်, ကုမ္ပဏီအဖွဲ့အစည်း၏ သင်းဖွဲ့စည်းမျဥ်း, ဝင်ငွေအထောက်အထားပြ စာရွက်စာတမ်း, ဝင်ငွေခွန် အထောက်အထားပြ စာရွက်စာတမ်း, ဘဏ်အပ်ငွေလက်ကျန်ထောက်ခံစာ, ဖိတ်ခေါ်စာ, လျှောက်ထားသူစာရင်း, အာမခံစာ, နေထိုင်သွားလာမည့် အစီအစဥ်> 

  သတ်မှတ်ထားသော ဗီဇာလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီး၍ သက်တမ်းရှိသောနေထိုင်ခွင့် ဗီဇာကို ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အတွက် ကာလရှည်နေထိုင်ခွင့်လက်မှတ် - Certificate of Eligibility (COE) (အဆိုပါနေထိုင်ခွင့် အမျိုးအစားနှင့်ဆက်စပ်သော “ မိသားစုနေထိုင်ခွင့်ဗီဇာ” လည်း ပါဝင်သည်။ အောက်တွင် COE ဟု ဆက်လက်ဖော်ပြမည်) ကို လတ်တလောကာလတွင် ၃ လမှ ၆ လသို့ သက်တမ်းတိုးပေးပါမည်။ သတ်မှတ်ထားသော ဗီဇာလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။

【ဗီဇာလျှောက်ထားရာတွင် သတိပြုရမည့်အချက်များ】

  1. လျှောက်လွှာတွင် ရေးသားရမည့်နေရာအားလုံးကို ပြည့်စုံစွာဖြည့်စွက် ရေးသားထားရန်လိုအပ်ပါသည်။ ရေးသားရန် ကျန်ခဲ့ခြင်း၊ မှားယွင်းရေးသားခြင်းများရှိပါက ဗီဇာမရရှိနိုင်ခြင်းလည်းဖြစ်နိုင်ပါသည်။

  2. စာရွက်စာတမ်းမစုံလင်လျှင် လျှောက်ထားခြင်းကိုလက်ခံမည်မဟုတ်ပါ။ ထို့ပြင် တင်ပြရမည့် စာရွက်စာတမ်းများသည် ထုတ်ပေး သည့်ရက်မှ ၃လအတွင်း (သက်တမ်းကုန်မည့်နေ့ကိုရေးသားထားသည့် စာရွက်စာတမ်းများမှာ သက်တမ်းအတွင်း) ဖြစ်ရပါမည်။ ဗီဇာလျှောက်ထားရာတွင် လက်ခံလိုက်သော စာရွက်စာတမ်းများကို နိုင်ငံကူးလက်မှတ်မှလွဲ၍ ပြန်ပေးမည်မဟုတ်ပါ။

  3. စာရွက်စာတမ်းများတွင် အဖြစ်မှန်နှင့်ကွဲလွဲသောရေးသားမှုများရှိလျှင်သော်လည်းကောင်း၊ အတုပြုလုပ်ထားသော စာရွက်စာတမ်းများကို တင်ပြလျှင်သော်လည်းကောင်း လိမ်လည်လျှောက်ထားခြင်းအဖြစ်သတ်မှတ်၍ ဗီဇာထုတ်ပေးခြင်းကို ငြင်းပယ်နိုင်ပါသည်။

  4. ဗီဇာလျှောက်ထားချိန်မှ ထုတ်ပေးချိန်အထိ လိုအပ်သောကြာမြင့်ချိန်မှာ လျှောက်ထားမှု အကြောင်း အရာတွင် ပြဿနာတစ်စုံတစ်ရာမရှိပါက လျှောက်ထားခြင်းကို လက်ခံသည့်နေ့မှစ၍ ၅ ရက် (ဥပမာ - တနင်္လာနေ့တွင် လျှောက်ထားပါက သောကြာနေ့၊ ဗုဒ္ဓဟူးနေ့တွင် လျှောက်ထားပါက နောက်တစ်ပတ် အင်္ဂါနေ့) ကြာမြင့်ပါမည်။
    သို့ရာတွင် ပထမဆုံးအကြိမ် ဂျပန်နိုင်ငံသို့ သွားရောက်မည့်သူများအား သွားရောက်မည့် ရည်ရွယ်ချက်၊ တစ်ဦးချင်းစီ၏ အခြေအနေ စသည်တို့ပေါ်မူတည်၍ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးဌာန (တိုကျို) ၌ စစ်ဆေးခြင်းများ ပြုလုပ်ရန်လည်း လိုအပ်နိုင်ပါသည်။ အဆိုပါအခြေအနေမျိုးတွင် ဂျပန်သို့ထွက်ခွာရန် စီစဉ်ထားသောနေ့အထိ စီစစ်၍ မပြီးနိုင်သည်များလည်းရှိတတ်သောကြောင့် လုံလောက်သောအချိန်ရယူ၍ စောလျင်စွာ လျှောက်ထားစေလိုပါသည်။

  5. ဗီဇာလျှောက်ထားရာတွင် လျှောက်ထားသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ် (ကိုယ်စားလှယ် လွှဲစာဖြင့် လွှဲအပ်ထားသော ကိုယ်စားလှယ်နှင့် ဂျပန်နိုင်ငံသို့ အလည်အပတ်ခရီးစဉ် Group Tour များကို စီစဉ်ဆောင်ရွက်နေသော ခရီးသွား ကုမ္ပဏီများ) မှကိုယ်တိုင် လာရောက်လျှောက်ထားရပါမည်။ လျှောက်ထားသူ ကာယကံရှင်၏ ကိုယ်စားလှယ်လွှဲစာ မပါရှိပါက ကိုယ်စားလျှောက်ထားခြင်းကို လက်ခံမည်မဟုတ်ပါ။

လိုအပ်သော စာရွက်စာတမ်းများ

■ COVID-19: Current Japanese Border Measures

ဗီဇာလျှောက်ထားရာတွင်လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ ခရီးသွားလာမည့် ရည်ရွယ်ချက်ပေါ် မူတည်၍ တင်ပြရမည့်စာရွက်စာတမ်းများ ကွဲပြားသည်ကို သတိပြုစေလိုပါသည်။

မြန်မာလူမျိုးများ ဗီဇာလျှောက်ထားခြင်း

      ကာလတိုနေထိုင်ခွင့်ဗီဇာ (ရက်၉၀အတွင်းနေထိုင်ခွင့်ရှိပြီး အလုပ်လုပ်ခွင့်မရှိပါ)           တစ်ကြိမ်၊ နှစ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာဇယားဖြင့်ကြည့်လိုသူများ ဤနေရာ တွင်ကြည့်ပါ။
      ကာလရှည်နေထိုင်ခွင့်ကဒ်ရရှိထားသူများ(ကာလရှည်နေထိုင်ခြင်း၊ အလုပ်လုပ်ခြင်း စသည်)   သတ်မှတ်ထားသော ဗီဇာလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးစီး၍ သက်တမ်းရှိသောနေထိုင်ခွင့် ဗီဇာကို ကိုင်ဆောင်ထားပြီး အလုပ်လုပ်ကိုင်ရန် ဂျပန်နိုင်ငံသို့ သွားရောက်ကြမည့် မြန်မာနိုင်ငံသားများ အတွက် ကာလရှည်နေထိုင်ခွင့်လက်မှတ် - Certificate of Eligibility (COE) (အဆိုပါနေထိုင်ခွင့် အမျိုးအစားနှင့်ဆက်စပ်သော “ မိသားစုနေထိုင်ခွင့်ဗီဇာ” လည်း ပါဝင်သည်။ အောက်တွင် COE ဟု ဆက်လက်ဖော်ပြမည်) ကို လတ်တလောကာလတွင် ၃ လမှ ၆ လသို့ သက်တမ်းတိုးပေးပါမည်။ သတ်မှတ်ထားသော ဗီဇာလျှောက်ထားခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၏ အသေးစိတ်ကို ဤနေရာတွင် ကြည့်ရှုနိုင်ပါသည်။


    【ဆေးကုသမှုခံယူရန်ဗီဇာလျှောက်ထားခြင်း
  • ဆေးကုသမှုခံယူရန်အတွက် ဗီဇာလျှောက်ထားရာတွင် မှတ်ပုံတင်ထားသော အာမခံအဖွဲ့အစည်းထံမှ စာရွက်စာတမ်းများလိုအပ်ပါသည်။
    အသေးစိတ်ကို ဤနေရာတွင်ကြည့်ပါ
    https://www.mofa.go.jp/j_info/visit/visa/medical_stay1.html


     【အကြိမ်ကြိမ်ပြည်ဝင်ခွင့်ဗီဇာ
    【ဂျပန်လူမျိုး၏ ဇနီး၊ခင်ပွန်း
   Group Tour (Travel Agency) များမှ ဗီဇာလျှောက်ထားခြင်း
   လျှောက်ထားရာတွင်လိုအပ်သည့်FORMပုံစံများ

ကောင်စစ်ဌာနနှုန်းထားများ