ပြန်ကြားရေး၊ ယဥ်ကျေးမှုနှင့် ပညာရေး

2025/4/28

အခမ်းအနားများ

 

ဂျပန်နိုင်ငံတွင် ပညာသင်ယူခြင်း

     ဂျပန်နိုင်ငံတွင် ပညာသင်ယူခြင်းနှင့် ပတ်သက်၍ အမျိုးမျိုးသော ပညာတော်သင်ဆုများ၊ ဝင်ခွင့်စာမေးပွဲများနှင့် လုပ်ငန်းစဥ်များစသည့် ပညာတော်သင်ဆိုင်ရာ သတင်းအချက်အလက်များကို စုစည်းတင်ပြထားပါသည်။ ထို့အပြင် ဂျပန်ပညာတော်သင်ဆိုင်ရာသတင်းအချက်အလက်များကို အသေးစိတ်သိရှိလိုပါက ဂျပန်ပညာတော်သင်လမ်းညွှန်စာအုပ် တွင် ဝင်ရောက် ဖတ်ရှုလေ့လာနိုင် ပါသည်။
 

ဂျပန်ဘာသာစကားကို လေ့လာသင်ယူခြင်း

မြန်မာနိုင်ငံတွင် ဂျပန်ဘာသာစကားကို လေ့လာနိုင်မည့်နေရာများ
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်တို့ရှိ ဂျပန်ဘာသာဌာနများတွင် ဂျပန်ဘာသာစကား၊ ဂျပန်ယဉ်ကျေးမှု စသည်တို့ကို အချိန်ပြည့် သင်တန်းသားအဖြစ်လည်းကောင်း၊ မနက်ပိုင်း (သို့မဟုတ်) ညနေပိုင်းသင်တန်းသားအဖြစ်လည်းကောင်း လေ့လာသင်ယူနိုင်ပါသည်။ ထို့ပြင် ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီး၊ ပုသိမ် စသော မြို့ကြီးများရှိ ပုဂ္ဂလိက ဂျပန်ဘာသာစကားသင်တန်းကျောင်းများနှင့် စေတနာ့ဝန်ထမ်းဆရာများမှ သင်ကြားပေးနေသော ဘုန်းကြီးကျောင်းများတွင်လည်း ဂျပန်ဘာသာစကားကို သင်ကြားပေးလျက်ရှိပါသည်။ မြန်မာနိုင်ငံရှိ ဂျပန်ဘာသာစကားလေ့လာ‌ရေးနှင့်ဆိုင်သော အကြောင်းအရာများကို ပိုမိုသိရှိလိုပါက ဂျပန်ဖောင်ဒေးရှင်း၏ဝက်ဘ်ဆိုက် (ဂျပန်ဘာသာစကားပညာရေးနှင့်ဆိုင်သော တိုင်းပြည်နဲ့ ဒေသဆိုင်ရာ သတင်းအချက်အလက်-မြန်မာနိုင်ငံ) တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

 
ဂျပန်ဘာသာအ‌ရည်အချင်းစစ်စာမေးပွဲ JLPT
ဂျပန်ဘာသာအ‌ရည်အချင်းစစ်စာမေးပွဲ (JLPT) ဟူသည် မိခင်ဘာသာစကားက ဂျပန်ဘာသာစကားမဟုတ်သော နိုင်ငံခြားသားများ၏ ဂျပန်ဘာသာစကားအရည်အချင်းကို တိုင်းတာပြီး အသိအမှတ်ပြုရန် ဖြေဆိုရသည့် စာမေးပွဲဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ဂျပန်ဖောင်ဒေးရှင်းနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းများအသင်း (MAJA) တို့၏ ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဇူလိုင်လနှင့် ဒီဇင်ဘာလတွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ ကျင်းပလျက်ရှိပါသည်။ ဂျပန်ဘာသာအ‌ရည်အချင်းစစ်စာမေးပွဲအကြောင်း ပိုမိုသိရှိလိုပါက JLPT ဝက်ဘ်ဆိုက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
 
သတင်းအချက်အလက်များပိုမိုရယူရန် - Japan Foundation’s Website

Nominal Support and Cultural Grant Assistances

Nominal Support
 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံတွင်ကျင်းပသည့် ဂျပန်နိုင်ငံအကြောင်းမိတ်ဆက်နှင့် နိုင်ငံတကာချစ်ကြည်ရေးကို ပံ့ပိုးပေးသော စီမံကိန်းများတွင် စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် Nominal Support ကို ခွင့်ပြုပေးလျက်ရှိပါသည်။ Nominal Support လျှောက်ထားလိုပါက နိုင်ငံခြားရေးဝန်ကြီးဌာန (Nominal Support အသုံးပြုခွင့် လျှောက်ထားချက်လမ်းညွှန်ချက်များ) အတိုင်း အသုံးပြုလိုသောရက်စွဲမတိုင်မီ တစ်လခွဲအလိုတွင် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားနိုင်ပါသည်။ စီမံကိန်း၏ အကြောင်းအရာပေါ်မူတည်၍ Nominal Support အသုံးပြုခွင့် မပြုနိုင်သော အခြေအနေများ ရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုစေလိုပါသည်။
< လျှောက်လွှာတင်ရန်နှင့် စုံစမ်းမေးမြန်းရန်>
ပြန်ကြားရေးနှင့် ယဥ်ကျေးမှုဌာန – မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး <info.cul@yn.mofa.go.jp


Cultural Grant Assistance/ Grant Assistance for Cultural Grassroots Projects
  • Cultural Grant Assistance သည် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ အစိုးရအဖွဲ့အစည်းများကို ရန်ပုံငွေထောက်ပံ့ပေးသော အစီအစဉ်တစ်ခုဖြစ်သည်။ ဤထောက်ပံ့ငွေကို ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်မှုနှင့် အဆင့်မြင့် ပညာရေးလှုပ်ရှားမှုများနှင့်ဆိုင်သော အဆောက်အဦးများ၏ ပစ္စည်းကိရိယာများနှင့် ၎င်းအဆောက်အဦးများ ဆောက်လုပ်ရေးနှင့် ပြုပြင်ထိန်းသိမ်းရေး စသည့်ကုန်ကျစရိတ်၊ သယ်ယူပို့ဆောင်ရေးနှင့် ဆောက်လုပ်ရေးကုန်ကျစရိတ်တို့အတွက် အသုံးပြုနိုင်ပါသည်။
  • Grant Assistance for Cultural Grassroots Projects သည် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဂျပန်နိုင်ငံအကြား ခင်မင်ရင်းနှီးမှု ပိုမိုနက်ရှိုင်းလာစေရေးနှင့် ယဥ်ကျေးမှုဖလှယ်မှုတို့ကို အကျိုးပြုစေရန် ရည်ရွယ်ပြီး ကူညီထောက်ပံ့ပေးသော အစီအစဥ်ဖြစ်ပါသည်။ ယဉ်ကျေးမှုနှင့် အဆင့်မြင့်ပညာရေးဆိုင်ရာ ပစ္စည်းကိရိယာများဝယ်ယူရေးနှင့် အဆောက်အအုံများ တည်ဆောက်ရေးအတွက် အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ (ဥပမာ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) ၊ ဒေသခံအာဏာပိုင်များ၊ သုတေသနနှင့် အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ) ကို ထောက်ပံ့ပေးပါသည်။
အသေးစိတ်အချက်အလက်များအတွက် အောက်ပါလင့်ခ်ကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
http://www.mofa.go.jp/policy/oda/category/cultural/index.html