၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်များ ဖိတ်ခေါ်ခြင်း

2025/8/12
speech contest poster front
speech contest poster back
    မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း - ရန်ကုန် ဂျပန်ယဉ်ကျေးမှုစင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့် ပူးပေါင်းပြီး "၂၆ ကြိမ်မြောက် ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ"ကို ပြုလုပ် ကျင်းပသွားမည်ဖြစ်ပါသည်။
    ပဏာမအဆင့် ရွေးချယ်ခံရသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၈)ရက် (စနေနေ့)တွင် ပြုလုပ်ကျင်းပမည့် စကားပြောပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ကြရမည်ဖြစ်ပါသည်။
                 ပြိုင်ပွဲဝင်အများအပြားက စိတ်ပါဝင်စားစွာ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။
 
၁။ ကျင်းပမည့် နေ့ရက်
 ပြိုင်ပွဲကျင်းပမည့်နေ့။  ။၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက် (စနေနေ့) ၉နာရီမှ ၁၂နာရီအထိ
 (※ပဏာမအဆင့် အောင်မြင်သူများသာ)
 
၂။ ပြိုင်ပွဲဝင်ရန် သတ်မှတ်ချက်များ
 (၁) အသက် ၁၆နှစ် မှ ၃၀နှစ် အတွင်း ဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
 (၂) ဂျပန်ဘာသာသင်ကြားနေသော ဆရာ၊ ဆရာမ မဖြစ်ရ။ (အချိန်ပိုင်းနှင့် လုပ်အားပေးသူများမပါ)
 (၃) ယခင်ကျင်းပခဲ့သော ဂျပန်ဘာသာစကားပြောပြိုင်ပွဲများတွင် ဆုရရှိထားသူ မဖြစ်ရ။
 
၃။ လျှောက်လွှာ လျှောက်ထားရန်
 လျှောက်လွှာများကို အောက်ဖော်ပြပါ Google Form Link တွင် ဖြည့်စွက်ပြီး ပေးပို့လျှောက်ထားနိုင်ပါသည်။
 လျှောက်လွှာလက်ခံမည့်ကာလ ။  ။၂၀၂၅ခုနှစ်  ဩဂုတ်လ ၁၄ ရက် (ကြာသတေးနေ့) မနက် ၉ နာရီ မှ ဩဂုတ်လ ၂၈ ရက် (ကြာသတေးနေ့)  ညနေ ၄ နာရီအထိ ပေးပို့လျှောက်ထားနိုင်ပါသည်။
(※ဩဂုတ်လ ၁၄ ရက်နေ့မှ စတင်၍ အောက်ဖော်ပြပါလင့်ခ် မှတစ်ဆင့် လျှောက်ထားနိုင်ပါသည်။)
https://docs.google.com/forms/d/e/1FAIpQLSfAPQKsaOJ1lOyrAlgpoFZUfNumJSurTg6oXlWqtPU4oP3_rw/viewform
 
 လျှောက်လွှာဖြည့်ရန်အတွက် အောက်ပါတို့ကို ပြင်ဆင်ထားရန် လိုအပ်ပါသည်။
 (၁) G-mail account ဖြင့် လျှောက်ထားရမည် ဖြစ်သောကြောင့် ကိုယ်ပိုင် G-mail account ဖွင့်ထားရမည်။
 (၂) ဓာတ်ပုံ (3x4 cm) (ဓာတ်ပုံဖိုင်၏ အမည်ကို မိမိအမည်-1 ဟုထားပေးပါ။) နှင့် မှတ်ပုံတင်အရှေ့၊အနောက်ပုံ (မှတ်ပုံတင်အရှေ့၊ အနောက်ပုံကိုလည်း ဖိုင်တွဲပြီး ဖိုင်အမည်ကို မိမိအမည်-2 ဟုထားပေးပါ။)
တို့ကို JPEG Fileများ အနေနှင့် ပေးပို့ရမည်ဖြစ်ပါသည်။ ဖိုင် ဆိုဒ်သတ်မှတ်ချက်အနေနှင့် ပေးပို့လာသည့် ဖိုင်တစ်ခုချင်းစီသည် 3MB ထက်မကျော်စေရ။
 (၃) ယှဥ်ပြိုင်မည့် အကြောင်းအရာကို Microsoft Word File တွင် ဂျပန်ဘာသာဖြင့် စာလုံးရေ ၈၀၀မှ ၁၁၀၀အတွင်း ရေးသားပြီး ပေးပို့ရမည်ဖြစ်ပါသည်။ (Word File၏ အမည်ကို မိမိအမည်-3ဟုထားပေးပါ။)
 (၄) ယှဥ်ပြိုင်မည့် အကြောင်းအရာကို (၃) မိနစ်ထက်မနည်း (၄) မိနစ်ထက် မပိုသော MP3 အသံဖိုင် (အသံဖိုင်အမည်ကို : မိမိအမည်-4 ဟုထားပေးပါ။) ကို ပြင်ဆင်ထားရမည်။
 ဖိုင်ဆိုဒ်သတ်မှတ်ချက်အနေနှင့် အသံဖိုင်ကို 10MB ဝန်းကျင်ခန့်ဟု သတ်မှတ်ထားပါသည်။
 
၄။ ပဏာမအဆင့်ရွေးချယ်ခြင်း
 ပဏာမ အဆင့် ယှဥ်ပြိုင်ရာတွင် နောက်ဆုံး အဆင့်ပြိုင်ပွဲဝင်သည့်အခါ ယှဥ်ပြိုင်မည့်ပုံစံအတိုင်း တူညီသော အကြောင်းအရာကို ပြောကြားရမည်ဖြစ်ပြီး၊ ဂျပန်ဘာသာဖြင့် အမေးအဖြေများ ပြုလုပ်၍ အကဲဖြတ် ရွေးချယ်သွားမည် ဖြစ်ပါသည်။
 (※လျှောက်ထားသူများ၏ လျှောက်လွှာ၊ ယှဥ်ပြိုင်မည့်အကြောင်းအရာ (Word file နှင့် အသံဖိုင်) ကို စိစစ်ပြီး၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော လျှောက်ထားသူများသာ ပဏာမရွေးချယ်မှုတွင် ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။)
 ပဏာမအဆင့် ရွေးချယ်မည့်နေ့။  ။၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၃) ရက် (စနေနေ့) နှင့် စက်တင်ဘာလ (၁၄) ရက် (တနင်္ဂနွေနေ့ )
 ※※ ပဏာမရွေးချယ်ခြင်း နှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ယှဉ်ပြိုင်မည့်သူများကို တိုက်ရိုက်ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
 
၅။ ဂျပန်ဘာသာ စကားပြောပြိုင်ပွဲ ကျင်းပခြင်း
 ပဏာမအဆင့် ရွေးချယ်ခံရသူများကို ဆက်သွယ် အကြောင်းကြားမည်ဖြစ်ပြီး ပဏာမအဆင့် အောင်မြင်သူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက် (စနေနေ့)တွင် ကျင်းပမည့် ဂျပန်ဘာသာစကားပြောပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြရမည် ဖြစ်ပါသည်။
 ※ ဂျပန်ဘာသာစကားပြောပြိုင်ပွဲ၏ အသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီး ပါဝင်ယှဉ်ပြိုင်ရမည့်သူများကို တိုက်ရိုက် ဆက်သွယ် အကြောင်းကြားမည် ဖြစ်ပါသည်။
 
၆။ အကဲဖြတ်အမှတ်ပေးမည့် စံသတ်မှတ်ချက်
ယှဥ်ပြိုင်မည့် အကြောင်းအရာကို 「အကြောင်းအရာပိုင်း」 「ဂျပန်ဘာသာစကားပြောစွမ်းရည်」နှင့် 「တင်ဆက်မှုစွမ်းရည်」「အမေးအဖြေကဏ္ဍ」 အစရှိသည့် ရှုထောင့်များမှ အောက်ပါအတိုင်း ခြုံငုံသုံးသပ်ပြီး အကဲဖြတ်သွားမည်ဖြစ်သည်။
အကြောင်းအရာပိုင်း   -     လက်တွေ့ကျမှု၊ အဆုံးအထိယုတ္တိတန်စွာ ဖော်ပြနိုင်မှု
ဂျပန်ဘာသာစကားစွမ်းရည်   -     အသံထွက်၊ ၊ သဒ္ဒါအသုံးအနှုန်းမှန်ကန်တိကျမှု၊ ဝေါဟာရရွေးချယ်သုံးနှုန်းမှု
တင်ဆက်မှုစွမ်းရည်   -     မျက်နှာ အနေအထား၊ လက်ဟန်အမူအရာ၊ အသံအတိုးအကျယ်၊ အသံအနိမ့်အမြင့် အတက်အကျ
အမေးအဖြေကဏ္ဍ   -     မေးခွန်းနားလည်နိုင်စွမ်း၊ တုံ့ပြန်ဖြေဆိုသည့်အကြောင်းအရာနှင့် အချိန်ကြာမြင့်မှု
 
၇။ ဆုချီးမြှင့်ခြင်း
 ဆုရရှိသူများအား တန်ဖိုးကြီးလက်ဆောင်များကို ပေးအပ်သွားပါမည်။
ပထမဆုရရှိသူသည် ဂျပန်နိုင်ငံတွင် ဆက်လက်ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ဂျပန်ဘာသာစကားပြော ပြိုင်ပွဲကြီးတွင် အာဆီယံနိုင်ငံ အသီးသီးမှ ဂျပန်ဘာသာ စကားပြောပြိုင်ပွဲဆုရရှိသူများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် ဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပါသည်။ 
 
၈။ စုံစမ်း မေးမြန်းရန်
 မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)
 ဖုန်း 09-428612151, 09-262602121
    အီးမေးလ် event.maja.ygn@gmail.com

 ※ ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်း၊ ပွဲရပ်နားခြင်းအစရှိသည့် အစီအစဉ် ပြောင်းလဲခြင်းများလည်း ရှိနိုင်ပါသည်။