“ဂျပန်သီချင်းဆို ပြိုင်ပွဲ ၂၀၂၅” ကို စီစဥ်ကျင်းပခဲ့ခြင်း
2025/3/7
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း (ရန်ကုန်) - ဂျပန်ယဥ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်း၍ ဂျပန်သီချင်းဆိုပြိုင်ပွဲ ၂၀၂၅ ကို မတ်လ ၂ ရက်၊ ၂၀၂၅ခုနှစ် (တနင်္ဂနွေနေ့)တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပါသည်။
ဤဂျပန်သီချင်းဆိုပြိုင်ပွဲကို ဂျပန်တေးသီချင်းများမှတစ်ဆင့် ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှုကို ပိုမိုနားလည်လာစေရန် ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဆန်ခါတင်ရွေးချယ်မှု နောက်ဆုံးအဆင့်တွင် ပြိုင်ပွဲဝင် (၁၀)ဦးက ပါဝင်ယှဥ်ပြိုင်ခဲ့ပါသည်။ ဂျပန်သီချင်းဆိုပြိုင်ပွဲတွင် ပွဲဖြစ်မြောက်ရေးအတွက် ကူညီပံ့ပိုးပေးခဲ့ကြသော အဖွဲ့အစည်းများ ဖြစ်သည့် မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)၊ ရန်ကုန် ဂျပန်လူမျိုးများအသင်း၊ အကဲဖြတ်ဒိုင်အဖြစ် ပူးပေါင်း ကူညီပေးသည့် ဂီတမိတ်တို့နှင့်အတူ လာရောက်ကြည့်ရှု နားဆင်ခဲ့ကြသော ပရိသတ်များကလည်း အမှတ်ပေး အကဲဖြတ်ရာတွင် ပါဝင်ခဲ့ပါသည်။
ပြိုင်ပွဲဝင် (၁၀)ဦး၏ စိတ်ဝင်စားဖွယ် ဖျော်ဖြေတင်ဆက်မှုများကြောင့် ပြိုင်ပွဲကို သက်ဝင် မြိုင်ဆိုင်စွာ ကျင်းပနိုင်ခဲ့ပြီး ယှဥ်ပြိုင်မှုအပြီးတွင် ဆုရရှိသူ (၄)ဦးကို ဂုဏ်ပြုဆုလက်မှတ်နှင့် ဆုပစ္စည်းများ ချီးမြှင့်ခဲ့ပါသည်။ “အရမ်းပဲ ရင်ခုန်စိတ်လှုပ်ရှားမိပါတယ်။ အခုလို စင်ပေါ်မှာ ဂျပန်သီချင်း သီဆိုခွင့်ရတာ အရမ်းပျော်ပါတယ်။” “နောက်နှစ်တွေမှာလည်း သီချင်းဆိုပြိုင်ပွဲ ထပ်ကျင်းပရင် ထပ်ကြိုးစား ကြည့်ချင်ပါတယ်” “ဂျပန်လို သီချင်းဆိုရတာ အရမ်းပျော်ဖို့ကောင်းတယ်။ နှစ်တိုင်း ကျင်းပစေချင်တယ်” “နောက်တစ်ကြိမ်ကျရင် ဒီထက်ပိုလေ့ကျင့်ပြီး ဆုရဖို့ အကောင်းဆုံး ကြိုးစားသွားမယ်” အစရှိသည့် ပြိုင်ပွဲဝင်များ၏ မှတ်ချက်စကားသံများကိုလည်း ရရှိခဲ့ပါသည်။
〇 UTACON ဆု - မနန့်ဧသတာဝင်း「Niji (Masaki Suda)」

〇 အကဲဖြတ်ဒိုင်ဆု - မသက်ဖြိုးကြည်「Gurenge (LiSA)」

〇 ပရိသတ်အကြိုက်ဆုံးဆု - မမေမီရှိန်「Nada Sou Sou (Rimi Natsukawa)」

〇 အထူးဆု - မအေးမြတ်မွန် 「Tegami_Haikei Juugo no Kimie (Angela Aki)」

ပြိုင်ပွဲဝင်များက အကဲဖြတ်ဒိုင်များ၊ဧည့်သည်တော်များနှင့်အတူ ဓာတ်ပုံရိုက်ကူးခြင်း

ဂျပန်သီချင်းဆို ပြိုင်ပွဲ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်ကူးခြင်း