(၂၀) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား
2025/6/3
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှု စင်တာတို့က ကြီးမှူး ကျင်းပခဲ့သော (၂၀) ကြိမ်မြောက် ဂျပန်စာပေ ဘာသာြပန်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနား ကို ၂၀၂၅ခုနှစ် မေလ၂၉ရက်နေ့တွင် ကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)နှင့် ရန်ကုန် ဂျပန်လူမျိုးများအသင်း တို့က ပံ့ပိုးကူညီခဲ့ကြပါသည်။
အကဲဖြတ် ဒိုင်အဖွဲ့၏ တင်းကျပ်သော အကဲဖြတ် သုံးသပ်ချက်များအရ မြောက်မြားစွာသော ပါဝင် ယှဥ်ပြိုင်သူများထဲမှ ထူးချွန်သူ ခြောက်ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုလက်မှတ်၊ ဆုနှင့် ရန်ကုန်မြို့၏ ညီအစ်မ မြို့တော်ဖြစ်သည့် ဖူကူအိုကာမြို့မှ ဖူကူအိုကာဆု တို့ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
ကျွမ်းကျင်အဆင့် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ

ပထမဆု ထူးထူးအောင်ခိုင် ဒုတိယဆု သင်းသီရိဆု

အငယ်တန်းအဆင့် ဂျပန်စာဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ
ပထမဆု ငွေဇင်သိုက် ဒုတိယဆု ရှင်ဘုန်းဝေ

တတိယဆု မေလဝန်းပြည့် ဖူကူအိုကာဆု သင်းသီရိဆု

နောက်နှစ်များတွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက် ယှဥ်ပြိုင်ကြမည်ကို စောင့်မျှော်လျက် ရှိပါသည်။

ဆုချီးမြှင့်ပွဲ အခမ်းအနား အမှတ်တရ စုပေါင်းဓာတ်ပုံ