Junior Judo Japan Cup 2025 ကျင်းပခြင်း အခမ်းအနား
2025/10/10
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် Hiranuma Dojo တို့ပူးပေါင်း၍ "Junior Judo Japan Cup 2025" ကို ရန်ကုန် ဂျပန်ကျောင်းတွင် အောက်တိုဘာလ(၅) ရက်က ကျင်းပခဲ့ပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှ မြန်မာလူမျိုး အငယ်တန်း ဂျူဒိုကစားသမား (၁၀၀) ဦးခန့်က တက်တက်ကြွကြွ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ဂျူဒို ဂျပန်ဖလားပြိုင်ပွဲကို ၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ကျင်းပခဲ့ပြီး ဂျပန်ရိုးရာ ကိုယ်ခံပညာ ဂျူဒို ပြန့်ပွားရေးနှင့် ဂျပန်-မြန်မာကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်စေရန်အတွက် ရည်ရွယ်၍ ကျင်းပခဲ့သော်လည်း COVID-19 နှင့် အခြားသောအခြေအနေအရပ်ရပ်တို့ကြောင့် ပြိုင်ပွဲကျင်းပမှုကို ရွှေ့ဆိုင်းခဲ့ရသည်။ ယခုတစ်ကြိမ်တွင် မြန်မာနိုင်ငံဂျူဒိုအားကစားအဖွဲ့ချုပ် နည်းပြချုပ်အဖြစ် တာဝန်ထမ်း ဆောင်နေသော Mr. Yamato Hiranuma (Hiranuma Dojo) ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် အသက် (၅)နှစ်မှ (၁၈)နှစ်ကြား မြန်မာလူငယ်များအတွက် Junior Judo Japan Cup ကို ကျင်းပနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ဤပြိုင်ပွဲ၏ ရည်ရွယ်ချက်မှာ ဂျပန်ရိုးရာကိုယ်ခံပညာကို ပြန့်ပွားစေရန်သာမက မြန်မာနိုင်ငံရှိ လူငယ် ဂျူဒိုကစားသမားများအကြား စိတ်ပိုင်း၊ ရုပ်ခန္ဓာပိုင်း၊ နည်းစနစ်ပိုင်းအားဖြင့် အချင်းချင်းအပြန်အလှန် အားကစားဖလှယ်နိုင်ရန်နှင့် ပြိုင်ပွဲဝင်လူငယ်များ၏ ကြံ့ခိုင်၊ ကျန်းမာ၊ သန်စွမ်းသော ကိုယ်ရည်ကိုယ်သွေးနှင့် ခေါင်းဆောင်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် မြန်မာနိုင်ငံဂျပန်ကုန်သည်ကြီးများအသင်း၊ ရန်ကုန် ဂျပန်လူမျိုးများအသင်းနှင့် အဖွဲ့အစည်းများနှင့် တစ်ဦးချင်းထည့်ဝင်သည့် စပွန်စာများ၏ ပံ့ပိုးမှုဖြင့် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။
ပြိုင်ပွဲကျင်းပသည့်နေ့တွင် ၂၀၁၉ခုနှစ် ဂျူဒို ဂျပန်ဖလားပြိုင်ပွဲသို့ တက်ရောက်ခဲ့သော ဂျူဒိုပညာရှင် မစ္စတာ အိနိုအုအဲ ကိုးဆဲ၏ နှုတ်ခွန်းဆက်ဗီဒီယိုကို ပြသခဲ့ပြီး 2025 World Judo Championships အမျိုးသမီး (၅၇)ကီလိုတန်း၏ ငွေတံဆိပ်ဆုရှင် Mitsui Sumitomo Insurance Co., Ltd. မှ မစ္စတမအိုခိ မိုမို(Ms. Tamaki Momo) သည်လည်း အထူး ဧည့်သည်တော်အဖြစ် ပါဝင်တက်ရောက်ပြီး ၎င်း၏ ကျွမ်းကျင်နည်းစနစ်တစ်ခုဖြစ်သည့် Ōuchi gari နည်းစနစ်ကိုလည်း သရုပ်ဖော်ပြသခဲ့ပါသည်။
အငယ်တန်း ဂျူဒိုကစားသမားများ၏ ပြင်းထန်သော ယှဥ်ပြိုင်မှု ပွဲစဉ်များကြောင့် ပွဲကြည့် ပရိသတ်များအပါအဝင် ခန်းမတစ်ခုလုံးက တက်ကြွ လှုပ်ရှားမှုများနှင့် ပြည့်နှက်နေခဲ့ပါသည်။ အလေးအနက်ထားပြီး ယှဥ်ပြိုင်ကစားခဲ့ကြသော လက်ရွေးစင် အားကစားသမားများကို အားထုတ်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါသည်။
【ကူညီထောက်ပံ့ပေးသော စပွန်ဆာ အသင်းအဖွဲ့နှင့် အဖွဲ့အစည်းများစာရင်း】
Japan Chamber of Commerce and Industry, Myanmar
Yangon Japanese Association
Mitsui Sumitomo Insurance Co., Ltd.
Nice Myanmar Travels & Tours Co., Ltd.
OHMIDAS MYANMAR CO., LTD.
The Tokyo Enterprise Co., Ltd
Meikei High School
Marubeni Corporation, Yangon Branch
MITSUI & CO., LTD.,Yangon Office
One Asia Lawyers
Miyako Food Myanmar Co., Ltd.
Japan Outsourcing Service Co., Ltd.
Tokio Marine & Nichido Fire Insurance Co., Ltd.
JP SMART SIM
Growth Myanmar Co., Ltd.
Metro Computer Myanmar Co., Ltd
Kiri Restaurant & Bar
Mao Mao Chinese Restaurant
Kubota Myanmar Co., Ltd.
Velbon Myanmar Co., Ltd.
Kamakura Marina Japanese Restaurant
DODO Yangon
Japanese Medical Desk
Ar Yu International Hospital