【(၂၆)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများကို ကြေညာခြင်း】
2025/11/7
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် အောက်တိုဘာလ(၁၈)ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ) ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်ပူးပေါင်းပြီး (၂၆)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကို ဂျပန်လူမျိုးများ အသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)၊ ဂျပန်-မြန်မာအသင်းနှင့် ဂျပန် ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အသင်းတို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါသည်။
ပြိုင်ပွဲ၀င်များစွာထဲမှ ပဏာမအဆင့်တွင် အနိုင်ရရှိခဲ့သူ ၁၅ ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ် ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေး စည်းမျဥ်းများအတိုင်း အကဲဖြတ် အမှတ်ပေးခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေညာခဲ့ပါသည်။ ဆုရရှိသူများအား ဂုဏ်ပြုလွှာများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ဒုတိယဆု - မောင်မင်းသီဟကျော် (ရှေ့ဆက်တွန်းအား)

တတိယဆု - မသန့်နဒီဇော်「Language connects heart」

မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)ဆု - မပန်းအိထွေး (နည်းပညာဖြင့် ကမ္ဘာကို ပြောင်းလဲစေမည်)

ဂျပန်လူမျိုးများ အသင်းဆု - မအိမြတ်မွန် (သမရိုးကျကိစ္စများဆိုတာ ဘာများပါလိမ့်)

ပြိုင်ပွဲဝင်အားလုံး၏ အကြောင်းအရာများသည် အလွန်ကောင်းမွန်ပြီး ဆုရရှိသူများအပြင် ထူးခြား၍ စိတ်လှုပ်ရှားဖွယ်ကောင်းသော အကြောင်းအရာများကို ပြောကြားသွားသည့် ပြိုင်ပွဲဝင်များကိုလည်း Sumitomo Corp Asia & Oceania Pte Ltd ရန်ကုန်ရုံးချုပ်၏ ဒါရိုက်တာ မစ္စတာရှိမိဇုမှ "စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဆု" နှင့် Mitsubishi Corporation Myanmar ၏ အထွေထွေ ကိုယ်စားလှယ် မစ္စတာယာစုဟရမှ "စိတ်ဓာတ်ခွန်အားအပေးနိုင်ဆုံးဆု (Mitsubishi Corporation) "တို့ကို အသီးသီး ထပ်တိုးချီးမြှင့်ခဲ့သည်။
〇 "စိတ်လှုပ်ရှားဖွယ် အကောင်းဆုံးဆု" - မဆုနန္ဒာ (မိခင်ဆိုသော ဖြစ်တည်မှု)

〇 "စိတ်ဓာတ်ခွန်အားအပေးနိုင်ဆုံးဆု (Mitsubishi Corporation) "- မအိအိဆွေဇင်
(ကျွန်ုပ်တို့ ပိုင်ဆိုင်ထားသော ကောင်းချီးမင်္ဂလာများ)

အခမ်းအနားကျင်းပသည့်နေ့တွင် ပြိုင်ပွဲဝင်များက ခေါင်းစဉ်အမျိုးမျိုးဖြင့် ယှဥ်ပြိုင်ခဲ့ကြကာ ပွဲစဥ်တစ်လျှောက်လုံး စိတ်လှုပ်ရှားဖွယ်ကောင်းပြီး ပြိုင်ပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါသည်။
နောင်နှစ်တွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက် ယှဥ်ပြိုင်ကြမည်ကို မျှော်လင့် စောင့်စားလျက် ရှိပါသည်။

ဂျပန်စကားပြောပြိုင်ပွဲ အမှတ်တရစုပေါင်း ဓာတ်ပုံ
ပြိုင်ပွဲ၀င်များစွာထဲမှ ပဏာမအဆင့်တွင် အနိုင်ရရှိခဲ့သူ ၁၅ ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ် ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေး စည်းမျဥ်းများအတိုင်း အကဲဖြတ် အမှတ်ပေးခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေညာခဲ့ပါသည်။ ဆုရရှိသူများအား ဂုဏ်ပြုလွှာများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
〇 ဆုရရှိသူများ
ပထမဆု - မသဲနုဆွေ (နိုင်ငံခြားဘာသာစကား သင်ယူခြင်းဖြင့် အမြင်များကျယ်ပြန့်လာခြင်း)