(၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲ
2026/1/13
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲကို ကြီးမှူး ကျင်းပသွားမည် ဖြစ်ပါသည်။ အစောဆုံး လျှောက်ထားသူ (၁၀၀)ဦးထဲမှ ဆန်ခါတင် ရွေးချယ်ခံရသူ (၁၂) ဦးကသာ မတ်လ ၁၅ ရက်၊ ၂၀၂၆ခုနှစ် (တနင်္ဂနွေနေ့) ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပမည့် (၆) ကြိမ်မြောက် ဂျပန်သီချင်းဆိုပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ စိတ်ပါဝင်စားသူ ပြိုင်ပွဲဝင် အများအပြား ဝင်ရောက် ယှဉ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။
၁။ ပွဲကျင်းပမည့်နေ့ရက်နှင့်အချိန် ။ ။ မတ်လ ၁၅ ရက်၊ ၂၀၂၅ခုနှစ် (တနင်္ဂနွေနေ့) နံနက်၉နာရီ - ၁၂နာရီ (ရန်ကုန်ဂျပန်ကျောင်း)
<အကြိုစာရင်းပေးသွင်းခြင်း ။ ။ ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၂၆ခုနှစ် (သောကြာနေ့) မှ ဇန်နဝါရီလ ၃၀ရက်၊ ၂၀၂၆ခုနှစ် (သောကြာနေ့)>
၂။ ပါဝင်ယှဥ်ပြိုင်ရန် အသေးစိတ်အချက်အလက်များ
(၁) ပဏာမရွေးချယ်ခြင်း
အစောဆုံး လျှောက်ထားသူ (၁၀၀)ဦးသာ အကြို ရွေးချယ်ပွဲတွင် ဝင်ရောက် ယှဥ်ပြိုင်ခွင့် ရရှိမည် ဖြစ်ပါသည်။ သတ်မှတ်ထားသော ဂျပန်သီချင်းအပုဒ် (၅၀)ထဲမှ ကြိုက်နှစ်သက်ရာ သီချင်းတစ်ပုဒ်ကို နောက်ခံတေးဂီတ သို့မဟုတ် Acappella ဖြင့် သီဆိုထားသော ဗီဒီယိုကို တင်သွင်းရမည် ဖြစ်ပါသည်။ ၎င်းဗီဒီယိုကို မိမိတို့၏ကိုယ်ပိုင် YouTube အကောင့်တွင် သီးသန့် Upload ပြုလုပ်ထားပြီး ၎င်းဗီဒီယိုလင့်ခ်ကို ပေးပို့တင်သွင်းရမည် ဖြစ်ပါသည်။ (ဗီဒီယိုလင့်ခ်ကို မိမိ၏ YouTubeအကောင့်တွင် သီးသန့် Upload လုပ်ရန်အတွက် အသေးစိတ် လမ်းညွှန်ချက်ကို အောက်ပါ လင့်ခ်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်။) ပေးပို့လာသော ဗီဒီယိုလင့်ခ်ကို ပွဲကျင်းပရေး ကော်မတီက ကြည့်ရှုပြီး ပဏာမစိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ပါသည်။ ပြိုင်ပွဲတွင် နောက်ဆုံး ဆန်ခါတင်(၁၂)ဦးကသာ ဝင်ရောက် သီဆို ယှဉ်ပြိုင်ရမည်ဖြစ်ပါသည်။
YouTube တွင် သီးသန့် Upload လုပ်ရန်အတွက် အသေးစိတ်လမ်းညွှန်ချက်
(Android & iOS) https://youtu.be/NDNt44uAg-Y?si=GK6Yc5yQ6LpWoVKw
(PC) https://youtu.be/y9Dk6wMc8UM?si=8xrcWx4CgETmPMgh
(၂) နောက်ဆုံးအဆင့် ပြိုင်ပွဲကျင်းပခြင်း
ဆန်ခါတင် (၁၂) ဦး၏ အမည်စာရင်းကို ဖေဖော်ဝါရီ ၂၃ ရက် (တနင်္လာနေ့)တွင် သံရုံး၏ တရားဝင် ၀က်ဘ်ဆိုက်နှင့် Social Media တို့မှ ထုတ်ပြန်မည် ဖြစ်သည်။ ပွဲကျင်းပမည့်နေရာ အပါအဝင် အသေးစိတ် အချက်အလက်များကို ရွေးချယ်ခံရသူများကိုသာ သီးသန့် ဆက်သွယ်ပြီး အကြောင်းကြား သွားမည်ဖြစ်ပါသည်။ အကဲဖြတ်ခြင်းဆိုင်ရာ စံနှုန်းများတွင် ကာရာအိုကေစက် "Joy Sound" စနစ်ဖြင့် ရရှိလာမည့် အမှတ်များ (အမှတ်ပြည့် ၁၀၀မှတ်) အပြင် အကဲဖြတ်ဒိုင်လူကြီးများမှ စုပေါင်း အကဲဖြတ်ပေးသည့် အမှတ်များ (အမှတ်ပြည့် ၇၅မှတ်) ကိုလည်း ထည့်သွင်းကာ အကဲဖြတ်သွားမည် ဖြစ်ပါသည်။
အကဲဖြတ်အမှတ်ပေးစည်းမျဥ်းများ
အကဲဖြတ်ဒိုင်လူကြီးများမှ အကဲဖြတ်ပေးသည့် အမှတ်များကို အောက်ပါစံနှုန်း (၃)ခု အပေါ် အခြေခံ၍ တွက်ချက်ပါမည်။
(က) ဖော်ပြနိုင်စွမ်းရှိမှု (ခံစားချက်များ ထည့်သွင်းကာ ဖျော်ဖြေခြင်း၊ အသံအနေအထား အနိမ့်အမြင့် နှင့် အသံထွက် ကောင်းမွန်ခြင်း )
(ခ) ဖျော်ဖြေနိုင်စွမ်းရှိမှု (လှုပ်ရှားမှုများ၊ မျက်နှာအမူအရာများ၊ အဝတ်အစား )
(ဂ) ပြိုင်ပွဲကို သက်ဝင်တက်ကြွလာစေမှု (ဖျော်ဖြေမှုဖြင့် ပရိသတ်ကို ဆွဲဆောင်ပြီး စိတ်ဝင်စား စေခြင်း၊ ပရိသတ်၏ အာရုံကိုဆွဲဆောင်နိုင်ခြင်း)
၃။ ပြိုင်ပွဲဝင်ရန်သတ်မှတ်ချက်များ
*မြန်မာနိုင်ငံတွင် နေထိုင်သည့် မြန်မာနိုင်ငံသား ဖြစ်ရမည်။
*ယခင် ဂျပန်သီချင်းဆိုပြိုင်ပွဲများတွင် ဆုရရှိသူဖူးသူ မဖြစ်ရပါ။
*ပွဲကျင်းပမည့် နေရာသို့ ကိုယ်တိုင်လာရောက် ယှဥ်ပြိုင်နိုင်သောသူဖြစ်ရမည်။
၄။ ကြီးမှူးကျင်းပသည့် အဖွဲ့အစည်းများ
ကြီးမှူးကျင်းပသည့် အဖွဲ့အစည်း - မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
ပူးပေါင်းကျင်းပသည့် အဖွဲ့အစည်းများ - ရန်ကုန်ဂျပန်ကျောင်း၊ ဂီတမိတ်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း
ပံ့ပိုးကူညီပေးသည့် အဖွဲ့အစည်းများ - မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း ၊ ရန်ကုန် ဂျပန်လူမျိုးများအသင်းနှင့် အခြား
၅။ လျှောက်လွှာတင်ရမည့် နည်းလမ်း
ဇန်နဝါရီလ ၁၆ရက်၊ ၂၀၂၆ခုနှစ် (သောကြာနေ့) မှ ဇန်နဝါရီလ ၃၀ရက်၊ ၂၀၂၆ခုနှစ် (သောကြာနေ့) အတွင်း အောက်ပါ Google Formတွင် လိုအပ်သော အချက်အလက်များကို ဖြည့်ပြီး ပြိုင်ပွဲဝင်မည့် သီချင်း သီဆိုထားသော ဗီဒီယိုလင့်ခ်ကို တင်သွင်း ရမည်ဖြစ်ပါသည်။
URL : https://forms.gle/JMUdiHUW5FzhBNRs8
စုံစမ်းမေးမြန်းရန်
ပြန်ကြားရေးနှင့်ယဥ်ကျေးမှုဌာန၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး
ဖုန်း +95-1-549644 _ 48
အီးမေးလ် info.cul@yn.mofa.go.jp
※ ဖြစ်ပေါ်လာမည့် အခြေအနေများအပေါ် မူတည်၍ ပွဲရက်ရွှေ့ဆိုင်းခြင်း၊ ပွဲရပ်နားခြင်းအစရှိသည့် အစီအစဉ် ပြောင်းလဲခြင်းများလည်း ရှိနိုင်ပါသည်။


