【Reiwa (၄) နှစ်မြောက် ဆောင်းဦးရာသီ၌ နိုင်ငံခြားသားများကို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနား】
2023/2/17



ဖေဖော်ဝါရီလ ၇ရက် ၊ ၂၀၂၃ခုနှစ်တွင် ဒေါက်တာမျိုးခင်ကို ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပခဲ့ပါသည်။ ဒေါက်တာမျိုးခင်သည် ၂၀၀၁ ခုနှစ် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းများအသင်း MAJAကို စတင်တည်ထောင်သည့် အချိန်ကတည်းကပင် အသင်းတည်ထောင်သူ အဖွဲ့ဝင်ဖြစ်လာခဲ့ပြီး ၂၀၁၈ခုနှစ်မှစ၍ အသင်း၏ ဥက္ကဌတာဝန်ကို တာဝန်ထမ်းဆောင်ခဲ့ကာ အသင်းကြီး ဖွံ့ဖြိုးတိုးတက်ရန် နှင့် ဂျပန်-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး ပိုမိုခိုင်မာစေရန် အတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့သော အသိအမှတ်ပြုဖွယ်ကောင်းသည့် လုပ်ဆောင်မှုများကြောင့် Reiwa (၄) နှစ်မြောက် ဆောင်းဦးရာသီ၌ နိုင်ငံခြားသားများကို ဘွဲ့တံဆိပ်ချီးမြှင့်ရာတွင် ဒေါက်တာမျိုးခင်ကို ဘွဲ့တံဆိပ်ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပါသည်။ ဘွဲ့တံဆိပ်ချီးမြှင့်ခြင်း အခမ်းအနားတွင် သံအမတ်ကြီး မစ္စတာမာရုယာမမှ ဂုဏ်ပြုအမှာစကား ပြောကြားပြီး ဂုဏ်ပြုလက်မှတ်နှင့် ဘွဲ့တံဆိပ်ကိုပေးအပ်ချီးမြှင့်ခဲ့ကာ ဒေါက်တာမျိုးခင်က ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။