အာရှအပြည်ပြည်ဆိုင်ရာကလေးများ ရုပ်ရှင်ပွဲတော် ပြိုင်ပွဲဝင်လက်ရာများ ဖိတ်ခေါ်ခြင်း
2023/8/11
၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၆ရက် (စနေနေ့) ဂျပန်နိုင်ငံ Hyogoခရိုင် Minami Awaji မြို့တွင် ၁၆ကြိမ်မြောက် အာရှ အပြည်ပြည်ဆိုင်ရာ ကလေးများ ရုပ်ရှင်ပွဲတော်ကို ကျင်းပမည် ဖြစ်ပါသည်။ဤရုပ်ရှင်ပွဲတော်အတွက် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးမှတစ်ဆင့် ပြိုင်ပွဲဝင်လက်ရာများကို ခေါ်ယူသွားမည် ဖြစ်ပါသည်။
ပြိုင်ပွဲဝင်လက်ရာများ အနက်မှ ထူးချွန်သည်ဟု အသိအမှတ်ပြု ရွေးချယ်ခံရသော လက်ရာများကို ရုပ်ရှင်ပွဲတော်တွင် ပြသသွားမည်ဖြစ်ပြီး၊ ထိုလက်ရာများအား ဖန်တီးသူများအနက်မှ JENESYS အစီအစဉ် သတ်မှတ်ချက်နှင့် ကိုက်ညီသူများကို ဂျပန်နိုင်ငံသို့ သွားရောက်လေ့လာနိုင်မည့် အခွင့်အရေးကို ပေးအပ်သွားမည်ဖြစ်ပါသည်။ (ဂျပန်နိုင်ငံသို့သွားရောက်နိုင်ရန် အတွက် အောက်ပါ JENESYS သတ်မှတ်ချက်များနှင့် ကိုက်ညီမည့်သူများ ဖြစ်ရန်လိုအပ်ပါသည်။ ဂျပန်နိုင်ငံတွင် ပညာသင်ကြားခဲ့ဖူးသူ၊ ဂျပန်နိုင်ငံသို့သွားရောက်ဖူးသူ မဖြစ်ရပါ။ JENESYS အစရှိသော ဂျပန်အစိုးရ၏ ဖိတ်ခေါ်အစီအစဉ်များဖြင့် သွားရောက်ခဲ့ဖူးသူများ မဖြစ်ရပါ။ သက်တမ်းကျန်ရှိသော နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ရန် လိုအပ်ပါသည်။)
၁။ ဖန်တီးရမည့် အကြောင်းအရာ
မိမိ လိုချင်သောအရာ (What I want)
ဇာတ်လမ်းဖန်တီးရာတွင် ခေါင်းစဥ်ကို အထက်ပါအတိုင်းမဟုတ်ဘဲ အခြားသော ခေါင်းစဥ်ပေး၍လည်း ဖန်တီးနိုင်ပါသည်။
၂။ လျှောက်ထားနိုင်မည့် အရည်အချင်းများ
* ပါဝင်လျှောက်ထားသူများသည် ၁၈နှစ်နှင့် ၁၈နှစ်အောက် အထက်တန်း ကျောင်းသား၊ကျောင်းသူများသာ ဖြစ်ရပါမည်။(တက္ကသိုလ်ကျောင်းသား၊ကျောင်းသူများ မဖြစ်ရ။)
* မြန်မာနိုင်ငံတွင်နေထိုင်သော မြန်မာနိုင်ငံသား ဖြစ်ရမည်။
၃။ လျှောက်ထားရန် သတ်မှတ်ချက်များ
(၁) ကင်မရာသမား၊ ဒါရိုက်တာ နှင့် သရုပ်ဆောင်သူများသည် အထက်တန်း ကျောင်းသား၊ကျောင်းသူ အရွယ်များသာ ဖြစ်ရပါမည်။Home Video နှင့် ၃မိနစ် အတွင်း ရိုက်ကူးထားသည့် ပြင်ပတွင် ပြသဖူးထားခြင်း မရှိသော လက်ရာဖြစ်ရပါမည်။ (၃မိနစ်ကျော်လွန်သော မည်သည့် Video ကိုမဆို ရွေးချယ်ရာတွင် ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ)
(၂) TELOPE နှင့် ဇာတ်ကြောင်းပြောခြင်းများကို အတတ်နိုင်ဆုံး မပါဝင်အောင် ရိုက်ကူးစေလိုပါသည်။
(၃) တစ်ဦးချင်းစီ သို့မဟုတ် အဖွဲ့လိုက်ပါဝင် ယှဉ်ပြိုင်မှုများကို လက်ခံပါသည်။
အဖွဲ့အနေနှင့် ယှဥ်ပြိုင်ရာတွင် အများဆုံး ၄ဦးအထိ ပါဝင်နိုင်ပါသည်။
သို့ရာတွင် ပြိုင်ပွဲဝင် တစ်ဦး သို့မဟုတ် ပြိုင်ပွဲဝင်အဖွဲ့ တစ်ခုမှ လက်ရာတစ်ခုသာ တင်သွင်းခွင့်ရှိပါသည်။
ယခင်နှစ်များက ဆုရဇာတ်လမ်းတို လက်ရာများကို အောက်ပါလင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။
https://www.youtube.com/@user-rd1qb8hq9v/playlists
၄။ လျှောက်ထားရမည့် နည်းလမ်း
ပြိုင်ပွဲဝင်လက်ရာကို DVD တစ်ချပ်တွင် ထည့်သွင်းပြီး လျှောက်လွှာ (ဤနေရာတွင် download ဆွဲ၍ ရယူနိုင်ပါသည်။) နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ပေးပို့ပေးရပါမည်။
လျှောက်ထားသူများက သံရုံးသို့ ပေးပို့လိုက်သော DVD များကို ပြန်ပေးမည်မဟုတ်ပါ။
၅။ လျှောက်ထားရမည့် အချိန်ကာလ
၂၀၂၃ခုနှစ် အောက်တိုဘာလ ၈ရက်နေ့ (တနင်္ဂနွေ) နောက်ဆုံးထား၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသို့ ရောက်အောင် ပေးပို့ရပါမည်။
၆။ ရွေးချယ်မှုအကြောင်းအရာများနှင့် စပ်လျဥ်းပြီး
သတ်မှတ်ကာလအတွင်း လျှောက်ထားလာသော လက်ရာများကို သံရုံးအနေနှင့် အကဲဖြတ်ပြီး ပြိုင်ပွဲဝင်ရမည့် လက်ရာများကို ရွေးချယ် သတ်မှတ်သွားမည်ဖြစ်ပါသည်။
အရွေးချယ်ခံရသူများကို ခန့်မှန်းခြေအားဖြင့် အောက်တိုဘာလလယ်လောက်တွင် တိုက်ရိုက် ဆက်သွယ် အကြောင်းကြားသွားမည် ဖြစ်ပါသည်။
၇။ ဆက်သွယ်ရန်နှင့် လက်ရာပေးပို့ လျှောက်ထားရမည့် လိပ်စာ
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (ပြန်ကြားရေးနှင့်ယဥ်ကျေးမှုဌာန)
စာတိုက်အမှတ် ၁၁၀၁၂
အမှတ် ၁၀၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း ၀၁ ၅၄၉၆၄၄ မှ ၄၈ အထိ
မေးလ် info.cul@yn.mofa.go.jp