(၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ ကျင်းပမည့်အကြောင်း ကြေညာခြင်း[Closed]
2024/1/18

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှုစင်တာတို့နှင့် ပူးပေါင်းပြီး (၁၉) ကြိမ်မြောက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲကို ကြီးမှူး ကျင်းပသွားမည်ဖြစ်ပါသည်။
ယမန်နှစ်က ကျင်းပခဲ့သည့်ပုံစံအတိုင်း ဘာသာပြန် ပညာရှင်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ပြီး ကျွမ်းကျင်အဆင့်အတွက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ နှင့် အခြေခံအဆင့် ဂျပန်စာ လေ့လာနေသူများ (ဂျပန်စာ အရည်အချင်း N3အဆင့်ရှိသောသူများ) အတွက် အငယ်တန်းအဆင့် ဂျပန်စာ ဘာသာပြန် ပြိုင်ပွဲဟူ၍ ခွဲခြား ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့ပြင် ဆုရရှိသူများကို ဂုဏ်ပြု ဆုလက်မှတ်နှင့်အတူ ဆုလက်ဆောင်များလည်း ပေးအပ်သွားမည့်အပြင် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဂျပန်နိုင်ငံသို့ ဖိတ်ကြားခြင်း အစီအစဉ်တွင်လည်း ပါဝင်နိုင်ရန်အတွက် စီစဉ်ထားပါသည်။
ပါဝင် ယှဉ်ပြိုင်လိုသူများ အနေနှင့် အောက်ပါ အချက်အလက်များကို ဝင်ရောက်ကြည့်ရှုပြီး လျှောက်ထား နိုင်ပါသည်။
၁။ ကြီးမှူးကျင်းပသည့် အဖွဲ့အစည်းများ
ကြီးမှူးကျင်းပသည့် အဖွဲ့အစည်း ။ ။ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်း အသင်း (MAJA)၊ ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှုစင်တာ။
ပံ့ပိုးကူညီသည့် အဖွဲ့အစည်း ။ ။ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)၊ ရန်ကုန် ဂျပန်လူမျိုး အသင်း၊ ဖူကူအိုကာမြို့။
၂။ လျှောက်လွှာတင်နည်း
လျှောက်လွှာတင်ရမည့် ကာလ ။ ။ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁၆ရက် (အင်္ဂါနေ့) မှ ဇန်နဝါရီလ ၃၁ရက်နေ့ (ဗုဒ္ဓဟူးနေ့)အထိ
လျှောက်လွှာတင်နည်း ။ ။ အောက်ပါလင့်ခ်မှ လျှောက်ထားနိုင်ပါသည်။
(က) ကျွမ်းကျင်အဆင့်အတွက် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ
https://forms.gle/kDdvvVFtDuNXGxB27
(ခ) အငယ်တန်းအဆင့် ဂျပန်စာ ဘာသာပြန်ပြိုင်ပွဲ
https://forms.gle/T453m13YAE4Yzd6w8
၃။ ပြိုင်ပွဲကျင်းပမည့်ပုံစံနှင့် ပြိုင်ပွဲဝင်စည်းကမ်းချက်များ

မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)
Email : event.maja@gmail.com
ဆက်သွယ်စုံစမ်းရန် : 09 262602121, 09 428612151

- ပြန်ဆိုရမည့် အကြောင်းအရာကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၁၅ရက်နေ့ (ကြာသပတေးနေ့)တွင် ပါဝင် ယှဥ်ပြိုင်သူများထံသို့ မေးလ်ဖြင့် တိုက်ရိုက်ပေးပို့သွားမည်ဖြစ်ပါသည်။
- ဘာသာပြန်ဆိုပြီးပါက ပြန်ဆိုထားသော စာမူကို ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ ၂၁ရက်နေ့ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ မေးလ်ဖြင့် ပြန်လည်ပေးပို့ရမည်ဖြစ်ပါသည်။
- အသက်အရွယ် ကန့်သတ်ထားခြင်းမရှိပါ။
- ယခင်ကျင်းပခဲ့သော ဂျပန်စာဘာသာပြန်ပြိုင်ပွဲများတွင် ဆုမရှိဖူးသောသူ ဖြစ်ရပါမည်။
- မြန်မာနိုင်ငံအတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။
- ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၈ရက်နေ့ (တနဂႅနွေနေ့) Zoom ဖြင့် ၃နာရီကြာ (မနက်၉နာရီမှ နေ့လယ် ၁၂နာရီအထိ) ကျင်းပမည့် ဘာသာပြန်ပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရမည် ဖြစ်ပါသည်။
- ပြန်ဆိုရမည့် အကြောင်းအရာကို ပြိုင်ပွဲနေ့တွင် ပေးပို့သွားမည်ဖြစ်ပါသည်။
- အသက်၂၅နှစ်အောက်ဖြစ်ပြီး ယခင်ကျင်းပခဲ့သော ဂျပန်စာဘာသာပြန် ပြိုင်ပွဲများတွင် ဆုမရှိဖူးသောသူ ဖြစ်ရပါမည်။
- မြန်မာနိုင်ငံ အတွင်းရှိ မြန်မာနိုင်ငံသား မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါသည်။