အထူးသတိပြုရန်။ ။အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့်ဟင်းသီးဟင်းရွက်များ စသည်တို့ကို ဂျပန်နိုင်ငံသို့ သယ်ဆောင်လာခြင်းဆိုင်ရာ တားမြစ်ကန့်သတ်ချက်နှင့် ပတ်သက်၍

2024/2/16
  အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များစသည်တို့ကို နိုင်ငံရပ်ခြားမှ ဂျပန်နိုင်ငံသို့ သယ်ဆောင်လာခြင်းကို ဥပဒေအရ တင်းကြပ်စွာ တားမြစ်ကန့်သတ်ထားပါသည်။ အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များကို  ဂျပန်နိုင်ငံသို့ တရားမဝင် သယ်ဆောင်လာပါက ကြီးလေးသောပြစ်ဒဏ် (အမြင့်ဆုံးထောင်ဒဏ် ၃နှစ် သို့မဟုတ် အများဆုံး ဒဏ်ကြေးငွေ ဂျပန်ယန်း ၃ သန်း (လုပ်ငန်းအဖွဲ့အစည်းများဖြစ်ပါက အများဆုံး ဒဏ်ကြေးငွေ ဂျပန် ယန်း သန်း ၅၀ )) ချမှတ်ခံရမည်ဖြစ်ပါသည်။
  လတ်တလောတွင် ဖော်ပြပါတားမြစ်စားသောက်ကုန်များ တရားမဝင်သယ်ဆောင်ခြင်းကို အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရသည့် သာဓကဖြစ်ရပ်လည်း ဖြစ်ပွားခဲ့ပါသည်။ သို့ဖြစ်ပါ၍ ဂျပန်နိုင်ငံသို့ လာရောက်ကြသည့်အခါ အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စသည်တို့ကို သယ်ဆောင်လာခြင်း မပြုကြပါရန် အထူးသတိပေး အကြောင်းကြားအပ်ပါသည်။
 
        (လက်ကမ်းစာစောင်) “ ဂျပန်နိုင်ငံသို့ လာရောက်ကြမည့်သူများသို့ မေတ္တာရပ်ခံခြင်း”
  【ဂျပန်ဘာသာ】
  【အင်္ဂလိပ်ဘာသာ】
  【မြန်မာဘာသာ】
 
  အသားထွက်ကုန်ပစ္စည်းများ၊ သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များ စသည်တို့ကို သယ်ဆောင်ခြင်းနှင့်ပတ်သက်၍မူ  ဂျပန်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းဝန်ကြီးဌာန (Ministry of Agriculture, Forestry and Fisheries, MAFF) လက်အောက်တွင်ရှိသော တိရိစ္ဆာန်ကျန်းမာရေး စစ်ဆေးရေးဌာန (Animal Quarantine Service) နှင့် သစ်ပင်ပန်းမန် စစ်ဆေးရေးဌာန (Plant Protection Station) တို့၏ အောက်ဖော်ပြပါ အင်တာနက်စာမျက်နှာများတွင် လေ့လာကြည့်ရှုနိုင်ပါသည်။