ဗီဇာလာရောက်လျှောက်ထားခြင်းနှင့်သက်ဆိုင်သော အွန်လိုင်းဘိုကင်စနစ် စတင်အသုံးပြုခြင်း (တစ်ဦးချင်းစီအလိုက် လျှောက်ထားသူများအတွက်သာ၊ ဇူလိုင်လ ၁ ရက်နေ့တွင် စတင်ပါမည်)
2024/6/28
ဂျပန်သံရုံးကိုရောက်ရှိ၍ ဗီဇာလျှောက်ထားရာ၌ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန် လျှောက်ထားသူများအားလုံးထံမှ ပူးပေါင်းကူညီမှုကို ရရှိလျက်ရှိသော်လည်း လျှောက်ထားသူအရေအတွက် ဆက်လက်များပြားလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ လျှောက်ထားမှုများကို ပိုမိုအဆင်ပြေချောမွေ့စွာ လက်ခံဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ (၁) ရက်နေ့မှစတင်ပြီး အွန်လိုင်းဘိုကင်စနစ်ကို အသုံးပြုသွားမည် ဖြစ်ပါသည်။ ဂျပန်သံရုံးကိုဗီဇာလာလျှောက်လိုပါက အွန်လိုင်းဘိုကင်ကို ကြိုတင်ရယူပြီးမှသာ လျှောက်ထားရပါမည်။
အဖွဲ့အလိုက်မဟုတ်သည့် တစ်ဦးချင်းစီအလိုက် ဗီဇာလျှောက်ထားမည့်သူများသည် ဇူလိုင်လ (၁) ရက်နေ့မှစတင်၍ Facebook၊ Telegramနှင့် ဂျပန်သံရုံးအင်တာနက်စာမျက်နှာတွင် ဖော်ပြပေးမည့် URL ကို အသုံးပြုနိုင်မည်ဖြစ်သောကြောင့် အောက်ပါ Link တွင် ကြည့်ရှုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
https://mm-emb-jp.yamadataro.jp/booking/store
ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများနှင့် ဂျပန်စာသင်တန်းကျောင်းများစသည့် အဖွဲ့လိုက်လျှောက်ထားခြင်းများနှင့် ပတ်သက်၍လည်း ဇူလိုင်လ အလယ်ပိုင်းတွင် အွန်လိုင်းဘိုကင်လက်ခံခြင်းအား စတင်မည့်ရက် အတည်ပြုပြီးပါက ထပ်မံအသိပေးကြေညာပါမည်။
ဆက်လက်၍ ပူးပေါင်းကူညီပေးနိုင်ပါရန် လျှောက်ထားသူများအားလုံးကို မေတ္တာရပ်ခံအပ်ပါသည်။
ကြိုတင်ဘိုကင်နှင့်ပတ်သက်၍ မေးမြန်းစုံစမ်းရန်
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး
တယ်လီဖုန်း 95-1-549644~8
အီးမေးလ် ryoji@yn.mofa.go.jp