【(၂၅)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများကို ကြေညာခြင်း】
2024/11/13
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် နိုဝင်ဘာလ(၉)ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ) ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန် ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်ပူးပေါင်းပြီး (၂၅)ကြိမ်မြောက် ဂျပန်စကားပြော ပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။ ပြိုင်ပွဲကို ဂျပန်လူမျိုးများ အသင်း၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)၊ ဂျပန်-မြန်မာအသင်းနှင့် ဂျပန် ပြည်ပ စီးပွားရေး လုပ်ငန်းရှင်များ အသင်းတို့ကလည်း ပံ့ပိုးကူညီခဲ့ကြပါသည်။
ပါဝင် ယှဥ်ပြိုင်ကြသည့် ပြိုင်ပွဲ၀င်များစွာထဲမှ ပဏာမအဆင့် အနိုင်ရရှိခဲ့သူ ၁၅ ဦးက အခမ်းအနား ကျင်းပသည့်နေ့တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ် ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေး စည်းမျဥ်းများအတိုင်း အကဲဖြတ် အမှတ်ပေးခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေညာခဲ့ပါသည်။
ဆုရရှိသူများကို ဂုဏ်ပြုလက်မှတ်နှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
○ ဆုရရှိသူများ
ပထမဆု မဆုဝေဖြိုး

ဒုတိယဆု မရှင်ဘုန်းဝေ

တတိယဆု မသက်လင်းလတ်

ဇွဲဆု မသီရိလင်းကျော်

ဇွဲဆု မယွန်းလဲ့အိဖြူ

အခမ်းအနားကျင်းပသည့်နေ့တွင် ပြိုင်ပွဲဝင်များက ခေါင်းစဉ်အမျိုးမျိုးဖြင့် ယှဥ်ပြိုင်ခဲ့ကြပြီး ပွဲကျင်းပရာ နေရာသည် အလွန်ပင် သက်ဝင်တက်ကြွနေခဲ့ပါသည်။
နောင်နှစ်တွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက် ယှဥ်ပြိုင်ကြမည်ကို မျှော်လင့် စောင့်စားလျက် ရှိပါသည်။

ဂျပန်စကားပြောပြိုင်ပွဲ အမှတ်တရစုပေါင်း ဓာတ်ပုံ