【Ginou Jisshuusei (နည်းပညာအလုပ်သင်သင်တန်းသားများ) အတွက်】၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှစတင်၍ “Tokutei Katsudou (သတ်မှတ်ထားသောလုပ်ဆောင်မှုများ) နေထိုင်ခွင့်ဗီဇာအမျိုးအစား လျှောက်ထားခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများပြောင်းလဲပြင်ဆင်ခြင်းနှင့်ပတ်သက်၍

2025/1/15
   ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်း မြန်မာနိုင်ငံတွင်းအခြေအနေများကို ထည့်သွင်းစဉ်းစားပြီး အခြေအနေမတည်ငြိမ်မှုများကြောင့် မြန်မာနိုင်ငံသို့ ပြန်နိုင်ခြင်းမရှိဘဲ ဂျပန်နိုင်ငံတွင် ဆက်လက်နေထိုင်ရန်ဆန္ဒရှိသော မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အရေးပေါ်တိမ်းရှောင်နေထိုင် ခြင်းဆိုင်ရာစီမံချက်အရ ဂျပန်နိုင်ငံတွင် နေထိုင်ခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းကို ခွင့်ပြုပေးလျက်ရှိပါသည်။
  သို့သော် အဆိုပါစီမံချက်ကို မှားယွင်းစွာအသုံးပြုခြင်း/အလွဲသုံးစားပြုခြင်းများ တွေ့ရှိလာရသည့်အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်ကာ Ginou Jisshuu (နည်းပညာအလုပ်သင်) နေထိုင်ခွင့်ဗီဇာအမျိုးအစားဖြင့် နေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအနက် အလုပ်သင်သင်တန်းပြီးဆုံးခြင်းမရှိဘဲ အရေးပေါ်တိမ်းရှောင်နေထိုင်ခြင်းဆိုင်ရာစီမံချက်ကို အခြေခံသည့် “Tokutei Katsudou (သတ်မှတ်ထားသော လုပ်ဆောင်မှုများ)” နေထိုင်ခွင့်ဗီဇာ အမျိုးအစားသို့ ပြောင်းလဲခွင့်လျှောက်ထားရန်ဆန္ဒရှိသူများအတွက် ကျင့်သုံးမည့်စနစ်ကို ပြောင်းလဲပြင်ဆင်ထားကြောင်း အသိပေးအပ်ပါသည်။
 
၁) မြန်မာနိုင်ငံ၏အခြေအနေမတည်ငြိမ်မှုကိုအကြောင်းပြု၍ ဂျပန်နိုင်ငံတွင် ဆက်လက် နေထိုင်ရန် ဆန္ဒရှိသူများသို့
၂)  ဂျပန်နိုင်ငံတွင် ရောက်ရှိနေထိုင်လျက်ရှိကြသော မြန်မာနိုင်ငံသားများအတွက် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကိုအခြေခံသည့် အရေးပေါ်တိမ်းရှောင်နေထိုင်ခြင်းဆိုင်ရာစီမံချက် (၂၀၂၄ ခုနှစ် အောက်တိုဘာလ ပြင်ဆင်ချက်)