ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့သည် နိုင်ငံ့ဝန်ထမ်းရေးရာ အာဏာပိုင်အဖွဲ့ (National Personnel Authority)၏ ဥက္ကဋ္ဌဆုကို ရရှိ
2026/2/17
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံငလျင် ကူညီ ကယ်ဆယ်ရေးအဖွဲ့ (နိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (ERT) နှင့် သဘာဝဘေး အန္တရာယ် ဆိုင်ရာအရေးပေါ်ကယ်ဆယ်ရေး (JDR) ဆေးဘက်ဆိုင်ရာအဖွဲ့) သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်၏ နိုင်ငံ့ဝန်ထမ်းရေးရာအာဏာပိုင်အဖွဲ့ (National Personnel Authority) ၏ ဥက္ကဋ္ဌက ချီးမြှင့်ပေးအပ်သောဆုကို ရရှိခဲ့ပါသည်။
မြန်မာနိုင်ငံငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့၌ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ငလျင်နှင့်ပတ်သက်ပြီး ငလျင်ဒဏ်သင့်ဒေသများသို့ စေလွှတ်ခြင်း ခံခဲ့ရသောအဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့သည် ငလျင်ဖြစ်ပွားပြီးနောက်ပိုင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့်ပူးပေါင်းကာ မြန်မာနိုင်ငံအတွင်းရှိ ဂျပန်နိုင်ငံသားများ ကာကွယ်စောင့်ရှောက်ရေးနှင့် ငလျင်ဒဏ်သင့်ပြည်သူများအား ထောက်ပံ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်းအခြေအနေသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက်မှုဖြစ်စဉ်များ ဆက်လက်ဖြစ်ပေါ်လျက်ရှိသည့်အပြင် နေ့စဉ် ၄၀ ဒီဂရီ စင်တီဂရိတ်ထက်ပိုသော အပူချိန်ပြင်းထန်ခြင်း၊ သန့်ရှင်းမှုအခြေအနေ ယိုယွင်းပျက်စီးခြင်း၊ နောက်ဆက်တွဲငလျင်များ ဆက်လက်လှုပ်ခတ်နေခြင်းအစရှိသည့် စိန်ခေါ်မှုများနှင့် ခက်ခဲကြမ်းတမ်း သော ပတ်ဝန်းကျင်အခြေအနေများ ရှိခဲ့သော်လည်း ကယ်ဆယ်ရေးအဖွဲ့ဝင်များအားလုံးက စည်းလုံးညီညွတ်စွာဖြင့် လုပ်ငန်းတာဝန်များပြီးမြောက်အောင်မြင်စေရန် စုပေါင်းကြိုးပမ်း အားထုတ်မှုများကို ငလျင်ဒဏ်သင့်ဒေသရှိဂျပန်နိုင်ငံသားများနှင့် ဒေသခံပြည်သူများက အထူး ချီးကျူးအသိအမှတ်ပြုခဲ့ကြပါသည်။ ထို့အပြင် နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာဘာသာအထူးပြု ကျွမ်းကျင်သူအရာရှိဝန်ထမ်းများကလည်း ဒေသခံပြည်သူများနှင့် အဆင်ပြေချောမွေ့စွာ ဆက်သွယ် ပြောဆိုနိုင်ရေး၊ တိကျမှန်ကန်သော သတင်းအချက်အလက်များ စုဆောင်းရေးနှင့် ထိရောက်သော ပြည်သူ့ဆက်ဆံရေးကို အကောင်အထည်ဖော်ရာတွင် များစွာ ပံ့ပိုးကူညီပေးခဲ့ကြသည်။ ၎င်းအဖွဲ့၏ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အောက်တွင်ပါရှိသော link ကို နှိပ်၍ ဝင်ရောက်လေ့လာနိုင်ပါသည်။
ယခု မြန်မာနိုင်ငံငလျင်ကူညီကယ်ဆယ်ရေးအဖွဲ့က နိုင်ငံ့ဝန်ထမ်းရေးရာ အာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌဆုကို ရရှိခြင်းသည် ၎င်းအဖွဲ့ဝင်းများအားလုံး၏ ကြိုးပမ်းအားထုတ်မှုများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအပါအဝင် အခြားသက်ဆိုင်ရာတာဝန်ရှိသူများက အဖွဲ့နှင့်ပူးပေါင်းပံ့ပိုး ကူညီဆောင်ရွက် ခဲ့မှုများကို တန်ဖိုးထားအသိအမှတ်ပြုခံရခြင်းဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါသည်။
နိုင်ငံရပ်ခြားသို့ ခရီးသွားလာနေသော သို့မဟုတ် နိုင်ငံရပ်ခြားတွင် နေထိုင်နေသော ဂျပန်နိုင်ငံသားများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ၎င်းတို့၏ အကျိုးစီးပွားကို မြှင့်တင်ပေးခြင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အရေးကြီးဆုံးလုပ်ငန်းဆောင်တာ တစ်ခုဖြစ်ပါသည်။ ထို့အပြင် နိုင်ငံရပ်ခြားတွင် ကြီးမားသော သဘာဝဘေးအန္တရာယ်များစသည့် အရေးပေါ်အခြေအနေများ ကြုံတွေ့ရသည့်အခါ ထိရောက်လျင်မြန်စွာ ကူညီထောက်ပံ့ပေးရေးသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရာတွင် အထောက်အကူပြုသည့် အရေးကြီးသော သံတမန်ရေးရာလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပါသည်။ နိုင်ငံတကာရေးရာအခြေအနေများ သိသာထင်ရှားစွာ ယိမ်းယိုင်နေပြီး ယခုလက်ရှိဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းတွင် အကြီးမားဆုံး ခက်ခဲရှုပ်ထွေးအများဆုံး လုံခြုံရေးပတ်ဝန်းကျင်အခြေအနေကို တွေ့ကြုံရင်ဆိုင်နေရချိန်ဖြစ်ပြီး ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနသည် သံတမန်ရေးရာ၊ ကောင်စစ်ရေးရာကျွမ်းကျင် အဖွဲ့အစည်းတစ်ခု အဖြစ် မိမိတို့၏စွမ်းဆောင်ရည်ကို မြှင့်တင်သွားရင်း၊ နိုင်ငံတကာအသိုက်အဝန်းရှိ အဖွဲ့ဝင်နိုင်ငံတစ်ခု အဖြစ် တာဝန်ကျေပွန်စေရန်၊ ဂျပန်နိုင်ငံ၏ ဘေးကင်းလုံခြုံရေးနှင့် သာယာဝပြောရေးကို အာမခံချက် ပေးနိုင်ရန်နှင့် ဂျပန်နိုင်ငံသားများ၏ အသက်၊အိုးအိမ်၊ စည်းစိမ်တို့ကို ကာကွယ်စောင့်ရှောက် နိုင်ရန်အတွက် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
(ကိုးကားချက် ၁) နိုင်ငံ့ဝန်ထမ်းရေးရာအာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌကချီးမြှင့်သော အကောင်းဆုံး နိုင်ငံ့ဝန်ထမ်းဆု
နိုင်ငံဝန်ထမ်းရေးရာအာဏာပိုင်အဖွဲ့၏ဥက္ကဋ္ဌဆုသည် ပြည်သူတစ်ရပ်လုံး၏အကျိုးကို ထမ်းဆောင်သူ များအဖြစ် စံနှုန်းတန်ဖိုးအသစ်ကို ပြုလုပ်ဖန်တီးခြင်း၊ ပြဿနာများကို လျင်မြန်စွာတုံ့ပြန်ဖြေရှင်းခြင်း နှင့် စီမံခန့်ခွဲမှုစနစ်ကို စဉ်ဆက်မပြတ်ဖော်ဆောင်ခြင်းစသော လုပ်ငန်းစဉ်များမှတစ်ဆင့် အုပ်ချုပ်ရေး ဆိုင်ရာဝန်ဆောင်မှုများနှင့် ပြည်သူများ၏လူမှုဘဝ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်အတွက် ထူးချွန် ပြောင်မြောက်သော စွမ်းဆောင်ရည်များဖြင့် ပြည်သူများ၏မျှော်လင့်ချက်ကို ဖြည့်ဆည်းပေး နိုင်ခဲ့သည့်နိုင်ငံ့ဝန်ထမ်းများ (တစ်သီးပုဂ္ဂလ သို့မဟုတ် ဌာနအလိုက်) ကို အသိအမှတ်ပြုပေးအပ် ချီးမြှင့်သောဆုဖြစ်ပါသည်။
(ကိုးကားချက် ၂) ဆက်စပ် Link များ
(ကိုးကားချက် ၃) နိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Emergency Response Team)
နိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Emergency Response Team)သည် ဂျပန်နိုင်ငံသားများ ပါဝင်ပတ်သက်နေသော သို့မဟုတ် ပါဝင်ပတ်သက်ထိခိုက်နိုင်ခြေရှိသည်ဟု စိုးရိမ်ရသော အကြမ်းဖက် တိုက်ခိုက်ခံရမှုများ၊ ကြီးမားသော မတော်တဆမှုများနှင့် သဘာဝဘေးအန္တရာယ်များကဲ့သို့သော အရေးပေါ်အခြေအနေပေါ်ပေါက်ချိန်များတွင် ဆိုင်ရာဒေသအခြေစိုက် သံရုံး/ကောင်စစ်ဝန်ရုံးများ၏ ကနဦးတုံ့ပြန်မှုကို ချိန်ညှိပြင်ဆင်၍ ဂျပန်နိုင်ငံသားများကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်း ပါဝင်လုပ်ဆောင်နိုင်ရန် စေလွှတ်လေ့ရှိသောအဖွဲ့ဖြစ်ပါသည်။ ၎င်းအဖွဲ့ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလ (Heisei ၂၅ နှစ်)တွင် အယ်လ်ဂျီးရီးယားနိုင်ငံ၌ ဖြစ်ပွားခဲ့သော ဂျပန်နိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံရသည့်ဖြစ်ရပ်ကို တုံ့ပြန်သည့်အနေဖြင့် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ငလျင်လှုပ်ခတ်မှုကို တုံ့ပြန်ကူညီရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိသုံးဦးကို စေလွှတ်ခဲ့ပါသည်။
(ကိုးကားချက် ၄) သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာ နည်းပညာအဖွဲ့ (Japan Disaster Relief)
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေး ဆေးဘက်ဆိုင်ရာနည်းပညာအဖွဲ့ (Japan Disaster Relief)သည် "နိုင်ငံတကာအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့စေလွှတ်ခြင်းဆိုင်ရာ အက်ဥပဒေ" နှင့်အညီ ဘေးအန္တရာယ်ကျရောက်နေသောနိုင်ငံအစိုးရ၏ တောင်းဆိုချက်အရ စေလွှတ်ခြင်းခံရပြီး ဘေးဒုက္ခသည်များအား အရေးပေါ်ဆေးကုသရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံငလျင်ကိုကူညီကယ်ဆယ်သည့်အနေဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာရှိ နှစ်ဦးအပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၆၅ ဦးကို စေလွှတ်ခဲ့ပါသည်။