နည်းပညာအလုပ်သင် သင်တန်းသားများ(technical intern trainee)အတွက် ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူနှင့် အပလီကေးရှင်းတို့တွင် လုပ်ငန်းအမျိုးအစားအသစ် ထပ်တိုးထည့်သွင်းခြင်းနှင့်ပတ်သက်၍
2026/4/7
ဂျပန်နိုင်ငံ၏ နိုင်ငံခြားသား နည်းပညာအလုပ်သင် သင်တန်းသားများ ကြီးကြပ်ရေးအဖွဲ့ (OTIT: Organization for Technical Intern Training)သည် နည်းပညာအလုပ်သင် သင်တန်းသားများ၏ ဂျပန်ဘာသာစကားသင်ယူလေ့လာမှု မြှင့်တင်နိုင်ရန်အတွက် အောက်ပါဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူများနှင့် အပလီကေးရှင်းတို့ကို ဖန်တီးရေးဆွဲထားပါသည်။
【လက်ရှိဖန်တီးရေးဆွဲပြီးဖြစ်သော ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူများ】
【လက်ရှိဖန်တီးရေးဆွဲပြီးဖြစ်သော ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း】
ယခုတစ်ခေါက်တွင် အောက်ပါလုပ်ငန်းအမျိုးအစားအသစ်ကို ထပ်တိုးထည့်သွင်းလိုက်ပါသည်။
【ထပ်တိုးထည့်သွင်းလိုက်သည့် ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူ】
【ထပ်တိုးထည့်သွင်းလိုက်သည့် ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း】
အဆိုပါသင်ထောက်ကူများနှင့် အပလီကေးရှင်းတို့ကို ကောင်းစွာ အသုံးပြု၍ ဂျပန်ဘာသာစကား စွမ်းရည်တိုးတက်ရေး ကြိုးပမ်းအားထုတ်သွားကြရန် တိုက်တွန်းလိုပါသည်။
【ကိုးကားနိုင်သည့် URL လင့်ခ်】
https://www.otit.go.jp/kyozai/
【လက်ကမ်းစာစောင်】
●「ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း “ လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကား” ကို အသုံးပြုကြပါ」(ဂျပန်ဘာသာ)
●「ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း “ လုပ်ငန်းခွင်သုံးဂျပန်ဘာသာစကား” ကို အသုံးပြုကြပါ」(မြန်မာဘာသာ )
【လက်ရှိဖန်တီးရေးဆွဲပြီးဖြစ်သော ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူများ】
- လုပ်ငန်းအမျိုးအစား ၇ မျိုး (စက်ကိရိယာနှင့်သတ္တုဆိုင်ရာလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း၊ ချည်မျှင်နှင့်အထည်လိပ်ဆိုင်ရာလုပ်ငန်း၊ ငါးနှင့်ရေထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းနှင့် ဂဟေဆက်လုပ်ငန်း)
【လက်ရှိဖန်တီးရေးဆွဲပြီးဖြစ်သော ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း】
- လုပ်ငန်းအမျိုးအစား ၆ မျိုး (စက်ကိရိယာနှင့်သတ္တုဆိုင်ရာလုပ်ငန်း၊ စားသောက်ကုန် ထုတ်လုပ်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးဆိုင်ရာလုပ်ငန်း၊ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်း၊ ချည်မျှင်နှင့်အထည်လိပ်ဆိုင်ရာလုပ်ငန်းနှင့် ငါးနှင့်ရေထွက်ပစ္စည်းဆိုင်ရာလုပ်ငန်း)
ယခုတစ်ခေါက်တွင် အောက်ပါလုပ်ငန်းအမျိုးအစားအသစ်ကို ထပ်တိုးထည့်သွင်းလိုက်ပါသည်။
【ထပ်တိုးထည့်သွင်းလိုက်သည့် ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ သင်ထောက်ကူ】
- လုပ်ငန်းအမျိုးအစား ၁ မျိုး (ပလတ်စတစ်ပုံသွင်းလုပ်ငန်း)
【ထပ်တိုးထည့်သွင်းလိုက်သည့် ဂျပန်ဘာသာသင်ကြားမှုဆိုင်ရာ အပလီကေးရှင်း】
- လုပ်ငန်းအမျိုးအစား ၁ မျိုး (ဂဟေဆက်လုပ်ငန်း)