(၂၁)ကြိမ်မြောက် ဂျပန်စာပေ ဘာသာပြန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနား
2026/5/12
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် ဂျပန်ဖောင်ဒေးရှင်း ရန်ကုန် - ဂျပန်ယဥ်ကျေးမှု စင်တာ၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်အတူ (၂၁)ကြိမ်မြောက် ဂျပန်စာပေ ဘာသာြပန်ပြိုင်ပွဲ၏ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ၂၀၂၆ခုနှစ် မေလ(၈)ရက်နေ့တွင် ကြီးမှူးကျင်းပခဲ့ပြီး မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများအသင်း (JCCM)နှင့် ရန်ကုန် ဂျပန်လူမျိုးများအသင်း တို့က ပံ့ပိုးကူညီခဲ့ကြပါသည်။
အကဲဖြတ်ဒိုင်အဖွဲ့၏ တင်းကျပ်သော အကဲဖြတ်သုံးသပ်ချက်များအရ မြောက်မြားစွာသော ပါဝင်ယှဥ်ပြိုင်သူများထဲမှ ထူးချွန်သူခြောက်ဦးကို ရွေးချယ်ခဲ့ပြီး ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုလက်မှတ်၊ ဆုနှင့် ရန်ကုန်မြို့၏ညီအစ်မ မြို့တော်ဖြစ်သည့် ဖူကူအိုကာမြို့မှ ဖူကူအိုကာဆု တို့ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။

ကျွမ်းကျင်အဆင့် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆု ရရှိသူများ
ပထမဆု မနှင်းနွယ်ဦး ဒုတိယဆု မသဇင်

တတိယဆု မယုယမြင့်မွန်

အခြေခံအဆင့် ဂျပန်စာပေဘာသာပြန်ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသူများ
ပထမဆု မသိမ့်ဖြူစိုး ဒုတိယဆု မခင်ဝါဝါအောင်
တတိယဆု မမေမြတ်နိုးခင်

ဖူကူအိုကာဆု မနှင်းနွယ်ဦး

ဆုရရှိသူများ၏ဂျပန်စာနှင့် ဂျပန်စာပေကို စတင်လေ့လာရန် တွန်းအားဖြစ်စေသည့် အကြောင်းအရာများ၊ ကြိုက်နှစ်သက်ရာ ဂျပန်ယဥ်ကျေးမှုများအကြောင်းကို တက်ကြွစွာဆွေးနွေးခဲ့ကြပြီး အစမှအဆုံးတိုင်အောင် ရင်းနှီးနွေးထွေးမှုရှိသော အခမ်းအနားတစ်ခုဖြစ်ခဲ့ပါသည်။ နောက်နှစ်များတွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက်ယှဥ်ပြိုင်ကြမည်ကို စောင့်မျှော်လျက်ရှိပါသည်။
ဆုချီးမြှင့်ပွဲ အခမ်းအနား အမှတ်တရ စုပေါင်းဓာတ်ပုံ