MJAS ကုမ္ပဏီသို့ ကျေးဇူးတင်ဂုဏ်ပြုလွှာ ပေးအပ်ခြင်း

2026/6/15
           ပြီးခဲ့သည့်နှစ်က မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၌ ငလျင်ကြီးဖြစ်ပွားပြီး နောက် ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်၏ C-130 သယ်ယူပို့ဆောင်ရေး လေယာဉ် အမြန်ဆုံးဆင်းသက်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့သည့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံခန့်ခွဲရေးကုမ္ပဏီ MJAS မှ ဝန်ထမ်းများကို ဂျပန်သံရုံး၏ သံရုံးယာယီတာဝန်ခံ Mr. Yoshitake Shogoက ကျေးဇူးတင်ဂုဏ်ပြုလွှာများ ပေးအပ်ခဲ့ပါသည်။
           MJAS ကုမ္ပဏီ၏ ပူးပေါင်းကူညီဆောင်ရွက်ပေးမှုကြောင့် ဂျပန် ဘေးအန္တရာယ်ကယ်ဆယ်‌ရေးအဖွဲ့ (Japan Disaster Relief, JDR) အနေဖြင့် ငလျင်ဘေးဒဏ် တွေ့ကြုံခံစားခဲ့ကြရသော မြန်မာနိုင်ငံသားဦးရေ ၂၀၀၀ ကျော်ကို ဆေးကုသပေးနိုင်ခဲ့ပါသည်။
           ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံသူနိုင်ငံသားများနှင့်အတူ ရပ်တည်ပေး လျက်ရှိပါသည်။
 
【MJAS၏ဝန်ထမ်းများနှင့်စုပေါင်းဓာတ်ပုံ】
MJAS၏ဝန်ထမ်းများနှင့်စုပေါင်းဓာတ်ပုံ


【ကျေးဇူးတင်ဂုဏ်ပြုလွှာများပေးအပ်ခြင်း】
ကျေးဇူးတင်ဂုဏ်ပြုလွှာများပေးအပ်ခြင်း


【သံရုံးယာယီတာဝန်ခံMr. Yoshitake Shogo မှကျေးဇူးတင်စကားပြောကြားခြင်း】
သံရုံးယာယီတာဝန်ခံMr. Yoshitake Shogo မှကျေးဇူးတင်စကားပြောကြားခြင်း