ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE မှ Nishiwaki မြို့တော်ဝန် Mr. KATAYAMA ထံသို့ သွားရောက်ဂါရဝပြုတွေ့ဆုံခြင်း
2026/7/16
ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo သည် ဂျပန်နိုင်ငံသို့ခေတ္တပြန်နေစဉ်အတွင်း ၂၀၂၆ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် Hyogo ခရိုင်၊ Nishiwaki မြို့ကို သွားရောက်လည်ပတ်ခဲ့ပြီး Nishiwaki မြို့တော်ရုံးတွင် မြို့တော်ဝန် Mr. KATAYAMA Shozo ကို ဂါရဝပြုတွေ့ဆုံခဲ့ပါသည်။

(ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE (ညာဘက်) နှင့် Nishiwaki မြို့၏ မြို့တော်ဝန် Mr. KATAYAMA (ဘယ်ဘက်))
၁။ ဦးစွာ ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE က မြို့တော်ဝန်ထံ မြန်မာနိုင်ငံ၏ အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပါသည်။
၂။ ၎င်းနောက် မြို့တော်ဝန် Mr. KATAYAMA က Nishiwaki မြို့အကြောင်းအကျဉ်းချုပ်ကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် Nishiwaki မြို့တို့အကြား အနာဂတ်တွင် ပိုမို ပူးပေါင်းဆောင်ရွက်ရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များအပေါ် နှစ်ဦးနှစ်ဖက်အကြား အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြပါသည်။