Junior Chamber International Japan - JCI Japan ၏ " Japanese Culture Export Project " ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများကို အစီရင်ခံတင်ပြသည့် အစည်းအဝေးအခမ်းအနားသို့ တက်ရောက်ခြင်း

2026/9/3
     ၂၀၂၆ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော Junior Chamber International Japan  (JCI Japan) ၏ လုပ်ငန်းဆောင်ရွက်မှုများကို အစီရင်ခံတင်ပြသည့်အစည်းအဝေးတွင် ဂျပန်သံရုံး ယာယီတာဝန်ခံဖြစ်သူ Mr. YOSHITAKE Shogo က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ JCI Japan သည် Junior Chamber International Myanmar (JCI Myanmar) နှင့် ပူးပေါင်း၍ "ဂျပန်ယဉ်ကျေးမှုပြန့်ပွားရေးစီမံကိန်း-Japan Culture Export Project" ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုနှစ်အတွင်း မြန်မာနိုင်ငံရှိ ပုဂ္ဂလိက ကျောင်းများနှင့် မူလတန်းကြိုကျောင်းများတွင် ဘေးလွတ်ရာရွှေ့ပြောင်းရေး ဆိုင်ရာ အသိပညာပေးနှင့် လက်တွေ့လေ့ကျင့်မှုများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ မြန်မာဘက်ကလည်း ၎င်းတို့၏ လှုပ်ရှားဆောင်ရွက်မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။
 

စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ
စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ