၂၀၂၅ ခုနှစ်ဆောင်းဦးရာသီအတွက် နိုင်ငံခြားသားများသို့ပေးအပ်သော ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား

2026/10/9
     ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၂၉ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံအမတ်ကြီးနေအိမ်၌  ၂၀၂၅ ခုနှစ် ဆောင်းဦးရာသီအတွက် ဂုဏ်ထူးဆောင်ဆုတံဆိပ် ချီးမြှင့်ခံရသူ ဒေါ် April Lay Pe အား ဆုတံဆိပ်ချီးမြှင့် အပ်နှင်းသည့်အခမ်းအနားကို ကျင်းပခဲ့ပါသည်။

     ဒေါ် April Lay Pe သည် ၁၉၈၈ ခုနှစ်တွင် မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံး၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည့် အချိန်မှစ၍ နှစ်ပေါင်း ၃၆ နှစ်ကြာ ဂျပန်သံရုံးအတွက် များစွာသော လုပ်ဆောင်မှုများဖြင့် ပံ့ပိုးကူညီပေးခဲ့ပါ သည်။  ကြွယ်ဝသောအတွေ့အကြုံနှင့် ကျယ်ပြန့်သောလူမှုဆက်ဆံရေးကွန်ယက်၊ အသေးစိတ်စနစ်ကျနစွာ လုပ်ကိုင်ဆောင်ရွက်မှုများကြောင့် လုပ်ဖော်ကိုင်ဖက်များ၏ အထူးလေးစားယုံကြည်မှုကိုရရှိခဲ့ပြီး ပြန်ကြားရေး နှင့်ယဉ်ကျေးမှုဌာန၊ မှတ်တမ်းဌာန၊ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုအထောက်အပံ့ပေးရေးဌာနများတွင် ကဏ္ဍစုံလင်စွာဖြင့် ရုံးလုပ်ငန်းတာဝန်များကို ပံ့ပိုးကူညီပေးခဲ့ပါသည်။

     ဆုချီးမြှင့်အပ်နှင်းခြင်းအခမ်းအနား၌ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးယာယီတာဝန်ခံ Mr. Yoshitake Shogo မှ ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ဒေါ် April Lay Pe အား ဂုဏ်ထူးဆောင်ဆုတံဆိပ်နှင့် ဂုဏ်ပြုလွှာကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် ဒေါ် April Lay Pe မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။