AEON 1% Club Foundation ၏ “AEON ပညာသင်ဆုထောက်ပံ့ပေးအပ်ပွဲအခမ်းအနား” သို့ တက်ရောက်ခြင်း

2026/10/20
     ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo သည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော AEON 1% Club Foundation ၏ “AEON ပညာသင်ဆုထောက်ပံ့ပေးအပ်ပွဲအခမ်းအနား” သို့ ဧည့်သည်တော်အဖြစ်တက်ရောက်ပြီး အမှာစကား ပြောကြားခဲ့ပါသည်။
     ဂျပန်ကုမ္ပဏီတစ်ခုဖြစ်သော AEON ၏ AEON 1% Club Foundation မှ ပေးအပ်သော ပညာသင်ဆုအစီအစဉ်သည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ရှိ ထူးချွန်ထက်မြက်သော မြန်မာ ကျောင်းသား/ ကျောင်းသူများအား ဂျပန်ဘာသာဌာနတွင် ပညာသင်ကြားနိုင်ရန် ပံ့ပိုးပေးပြီး ဂျပန်-မြန်မာ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှု  ပိုမို တိုးတက်လာစေရန် အထောက်အကူပြုသည့် အစီအစဉ်တစ်ခု ဖြစ်ပါသည်။




《Reference》 AEON 1% Club Foundation (AEON Scholarship)