Junior Karate Japan Cup 2026 ကျင်းပခြင်း အခမ်းအနား
2026/11/2
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးနှင့် မြန်မာနိုင်ငံ ကရာတေးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် "အငယ်တန်း ဂျပန်ဖလား ကရာတေးဒို တံခွန်စိုက်ပြိုင်ပွဲ ၂၀၂၆ " ကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်ဂျပန်ကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံတစ်ဝန်းမှ အသက် ၁၃ နှစ်မှ ၁၈ နှစ်ကြား လူငယ်ကရာတေးကစားသမား ၂၀၀ ခန့်က ထူးချွန်ပြောင်မြောက်သော KATA သရုပ်ပြပုံဖော်ခြင်း၊ နှစ်ဦးတွဲ ယှဥ်ပြိုင် တိုက်ခိုက်ခြင်း တို့ဖြင့် စိတ်အား ထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပွဲဖြစ်မြောက်ရန် ပံ့ပိုးကူညီပေးကြသည့် ရန်ကုန် ဂျပန်လူမျိုးများအသင်း ၊ မြန်မာနိုင်ငံ ဂျပန်ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတို့ကလည်း ထူးချွန်ဆုရရှိသူများကို အမှတ်တရလက်ဆောင်များ ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ထို့အပြင် ဂျပန်ကရာတေးအဖွဲ့ချုပ်မှ အမှုဆောင်ဒါရိုက်တာ မစ္စတာ Taku Taniyama ကလည်း ကစားသမားများ၏ စွမ်းဆောင်ရည်များနှင့် ပတ်သက်၍ အကြံပြုသုံးသပ်ချက်များ ပြောကြားပေးခဲ့သည်။
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးအနေဖြင့် ဤလူငယ်ကစားသမားများ၏ အနာဂတ် အောင်မြင်မှုများနှင့်အတူ မြန်မာနိုင်ငံတွင် ကရာတေးဒို အားကစားနည်း ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ကို မျှော်လင့် စောင့်စားလျက်ရှိပါသည်။。

ဂျပန်သံရုံးယာယီတာဝန်ခံ Mr. YOSHITAKE Shogo ၏ အဖွင့်အမှာစကားပြောကြားခဲ့စဥ်

ဇွဲ၊ လုံလ၊ အားမာန်အပြည့်ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်မှု

မြန်မာနိုင်ငံတွင် သင်ကြားပြသမှု သက်တမ်း နှစ် ၃၀ ကျော်ရှိပြီဖြစ်သော ဆရာကြီး TANIYAMA မှ အကဲဖြတ်စကား ပြောကြားခဲ့စဥ်

ဆုရရှိသွားကြသော ကရာတေး အားကစားသမားများအားလုံးကို ဂုဏ်ယူဝမ်းမြောက်ပါသည်!

ဆက်လက် ကြိုးစားသွားကြပါ!!