ဂျပန်နိုင်ငံအစိုးရ ဝန်ကြီးချုပ်ဟောင်း Mr. FUKUDA Yasuo ကွယ်လွန်ခြင်းနှင့် စပ်လျဉ်း၍ ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းကို လက်ခံဆောင်ရွက် မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

2026/11/4
              ဂျပန်နိုင်ငံအစိုးရဝန်ကြီးချုပ်ဟောင်း Mr. FUKUDA Yasuo ကွယ်လွန်သွားခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးအနေဖြင့် ဂျပန်သံအမတ်ကြီးနေအိမ်တွင် အောက်ပါအစီအစဉ်များအတိုင်း ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးခြင်းကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ညှိုးငယ်သောစိတ်နှလုံးဖြင့် အသိပေးကြေညာအပ်ပါသည်။
 
၁။ နေ့ရက်နှင့်အချိန်
နိုဝင်ဘာလ ၅ ရက် (ကြာသပတေးနေ့)               နံနက် ၉း၀၀ နာရီ ~ ၁၂း၀၀ နာရီ၊
      မွန်းလွဲ ၂း၀၀ နာရီ ~ ၅ နာရီ။
နိုဝင်ဘာလ ၆ ရက် (သောကြာနေ့)     နံနက် ၉း၀၀ နာရီ ~ ၁၂း၀၀ နာရီ၊
      မွန်းလွဲ ၃း၀၀ နာရီ ~ ၅ နာရီ။

၂။ နေရာ
ဂျပန်သံအမတ်ကြီးနေအိမ် (အမှတ် - ၈၀၊ နတ်မောက်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့)
 
၃။ သတိပြုရန်အချက်များ
(၁) သံအမတ်ကြီးနေအိမ်သို့ လာရောက်သည့်အခါ ကိုယ်ပိုင်အထောက်အထားသက်သေခံကတ်ပြား  (နိုင်ငံကူးလက်မှတ်/ နိုင်ငံသားစိစစ်ရေးကပ်ပြား (ခ) မှတ်ပုံတင် စသည်) တို့ကို ပြသ၍ အတည်ပြုစစ်ဆေးခြင်းကို ခံယူရမည်ဖြစ်ပါသည်။
(၂) တက္ကစီအငှားယာဉ်များမှအပ၊ မိမိတို့ကိုယ်ပိုင်မော်တော်ယာဉ်ဖြင့် လာရောက်သည့်အခါ သံအမတ်ကြီးနေအိမ်ဝန်းအတွင်းရှိ ယာဉ်ရပ်နားရန်နေရာကို အသုံးပြုနိုင်သော်လည်း ဝန်းအတွင်းနေရာပြည့်သွားလျှင်ဖြစ်စေ နေအိမ်ရှေ့လမ်းမကြီးပေါ်တွင် ယာဉ်ကြောပိတ်ဆို့နေလျှင် ဖြစ်စေ နေအိမ်ဝန်းအတွင်းသို့ ယာဉ်များဝင်ရောက်ခွင့်မပြုနိုင်သည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံပါသည်။
(၃) သတင်းမီဒီယာများ လာရောက်သတင်းရယူခြင်းကိုမူ လုံးဝ လက်ခံခွင့်ပြုမည်မဟုတ်ပါ။ ထို့အပြင် လုံခြုံရေးစည်းကမ်းများအရ သံအမတ်ကြီးနေအိမ်ပရ၀ဏ်အတွင်း ဓာတ်ပုံ/ဗီဒီယို ရိုက်ကူးခြင်းကို တားမြစ်ပိတ်ပင်ထားပါသည်။
 
နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
 
■ဆက်သွယ်ရန်:        ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး 
    အထွေထွေအုပ်ချုပ်ရေးဌာန
    Ph:95ー1ー549644~8
    Email:protocol@yn.mofa.go.jp