(၂၇)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲ၏ ထူးချွန်ဆုရရှိသူများကို ကြေညာခြင်း

2026/11/4
 မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးသည် အောက်တိုဘာလ(၃၁)ရက်နေ့တွင် ဂျပန်ဖောင်ဒေးရှင်း (ယဥ်ကျေးမှုစင်တာ) ရန်ကုန်၊ မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA)တို့နှင့်ပူးပေါင်းပြီး (၂၇)ကြိမ်မြောက် ဂျပန်စကားပြောပြိုင်ပွဲကို ကြီးမှူးကျင်းပခဲ့ပါသည်။  ပြိုင်ပွဲကို ဂျပန်လူမျိုးများ အသင်း၊  မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)၊ ဂျပန်-မြန်မာအသင်း၊ ဂျပန်ပြည်ပစီးပွားရေးလုပ်ငန်းရှင်များအသင်း နှင့် Osaka Minami Rotary Club တို့ကလည်း ပံ့ပိုး ကူညီခဲ့ကြပါသည်။
  ပြိုင်ပွဲ၀င်များစွာထဲမှ ပဏာမအဆင့်တွင် အနိုင်ရရှိခဲ့သူ ၁၄ ဦးက ပါဝင် ယှဉ်ပြိုင်ခဲ့ကြပါသည်။ အကဲဖြတ် ဒိုင်လူကြီးများက တင်းကျပ်သော အမှတ်ပေး စည်းမျဥ်းများအတိုင်း အကဲဖြတ် အမှတ်ပေး ခဲ့ကြပြီးနောက် အနိုင်ရရှိသူ ၅ ဦးကို ကြေညာခဲ့ပါသည်။
 ဆုရရှိသူများအား ဂုဏ်ပြုလွှာများနှင့် ဆုလက်ဆောင်များကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။
 
ဆုရရှိသူများ
ပထမဆု ကျော်ဇင်အောင်「အနီးဆုံးလူတွေအပေါ် ဘာကြောင့် အဆိုးဆုံး ဆက်ဆံမိကြတာလဲ」
 

ဒုတိယဆု ရွှေရည်ဝင်း「ကိုယ့်မျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့တဲ့  ဂျပန်နိုင်ငံနဲ့ အနာဂတ်ဆီသို့လမ်းခရီး」
 

တတိယဆု ရွှေဖူးစံ「တိုးတက်လာသောနည်းပညာနှင့် ကလေးငယ်များ၏ဘဝ」
 

 မြန်မာနိုင်ငံ ဂျပန်ကုန်သည်ကြီးများ အသင်း (JCCM)ဆု ခိုင်စုသီ「ညီအစ်မ」
 

 ဂျပန်လူမျိုးများ အသင်းဆု ယွန်းဝဒီစိုး「အမှားများကိုပြင်ဆင်ရင်း」
 
 
အထက်ဖော်ပြပါ ဆုများအပြင်  ပွဲကိုကူညီပံ့ပိုးပေးသည့် Osaka Minami Rotary Club မှ  Osaka Minami Rotary Club ဆု ကိုလည်း ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Osaka Minami Rotary Club ဆု  နာဝ「ကျွန်ုပ်၏စိတ်ထဲထင်ကျန်ရစ်သော နွေးထွေးကြည်နူးဖွယ်နေရာ」
 

ယှဥ်ပြိုင်သူများ၏ အတွေးအမြင်များထင်ဟပ်နေသည့်  နွေးထွေးသော တင်ဆက်မှု အကြောင်းအရာများဖြင့် ပွဲကျင်းပရာနေရာသည် အလွန်ပင် သက်ဝင်တက်ကြွနေခဲ့ပါသည်။
နောင်နှစ်တွင်လည်း ပြိုင်ပွဲဝင် အမြောက်အမြား ဝင်ရောက်ယှဥ်ပြိုင်ကြမည်ကို မျှော်လင့် စောင့်စားလျက်ရှိပါသည်။


အမှတ်တရစုပေါင်းဓာတ်ပုံ