သံရုံးယာယီတာဝန်ခံ Mr. Shogo Yoshitake သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ခြင်း
2026/11/18
အောက်တိုဘာလ ၂၇ ရက်မှ ၂၈ ရက်အထိ၊ သံရုံးယာယီတာဝန်ခံ Mr. Shogo Yoshitake သည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည်။ခရီးစဥ်အတွင်း သီလဝါအထူးစီးပွားရေး ဇုန်တွင် ထုတ်လုပ်သော Toyota မော်တော်ယာဉ်များအတွက် တရားဝင်အရောင်းကိုယ်စား လှယ်ဖြစ်သည့် Toyota Mingalar Motor မှ ကိုယ်စားလှယ်များ၊ ဂျပန်နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်သော GGI Nippon Life ၏ တောင်ကြီးဘဏ်ခွဲမှ တာဝန်ရှိသူများ၊ နှင့် တောင်ပိုင်းရှမ်းပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSCCI) တို့နှင့် တွေ့ဆုံ၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။ ဂျပန်သံရုံးအနေဖြင့် အဆိုပါဒေသတွင် လုပ်ငန်းလည်ပတ်လုပ်ကိုင်လျက်ရှိသော ဂျပန်ကုမ္ပဏီများကို ဆက်လက်ပံ့ပိုးကူညီသွားမည် ဖြစ်သည်။
ထို့အပြင် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သံရုံးယာယီတာဝန်ခံသည် သဘာဝဘေး အန္တရာယ်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးဆိုင်ရာ အာဆီယံညှိနှိုင်း ရေးစင်တာ (AHA Centre) မှ ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထား မှုဆိုင် ရာ အကူအညီပေးရေးလုပ်ငန်းများကို သွားရောက်လေ့လာကြည့်ရှုခဲ့သည်။ အဆိုပါ AHA Centre ကို ဂျပန်-အာဆီယံ ပေါင်းစည်းရေးရန်ပုံငွေ (Japan–ASEAN Integration Fund - JAIF) မှတစ်ဆင့် ဂျပန်နိုင်ငံက ငွေကြေးထောက်ပံ့မှုများ ပြုလုပ်ထားသည်။