ကောင်စစ်ဌာနအွန်လိုင်းဘိုကင်
2025/3/14
ဗီဇာလျှောက်ထားရန်ကြိုတင်ဘိုကင်ယူခြင်း
ကြိုတင်ဘိုကင်ယူခြင်းကို အွန်လိုင်းမှသာ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ တယ်လီဖုန်း သို့မဟုတ် အီးမေးလ်တို့ဖြင့် ပြုလုပ်သော ဘိုကင်များကို လက်ခံမည်မဟုတ်ပါ။
〇 တစ်ဦးချင်းစီအလိုက် ကြိုတင်ဘိုကင်ယူခြင်း
ကာလတိုနေထိုင်ခြင်း (မိမိအစီအစဥ်ဖြင့် အလည်အပတ်သွားခြင်း၊ ဆွေမျိုးသားချင်း/အသိမိတ်ဆွေထံ အလည်အပတ်သွားခြင်း၊ စီးပွားရေးကိစ္စဖြင့် သွားရောက်ခြင်း)၊ ကာလရှည်နေထိုင်ခွင့် (COE) လက်ဝယ်ကိုင်ဆောင်ထားသူများ (Student၊ Technical Intern Training၊ Specified Skilled Worker စသည်) အတွက် ကြိုတင်ဘိုကင်များကို ဧပြီလ ၁ ရက်နေ့မှစတင်၍ အောက်ပါ URL တွင် ဘိုကင်ရယူနိုင်ပါသည်။
https://mm-emb-japan.revn.jp/?label=9
〇 ခရီးသွားကုမ္ပဏီများ၊ အလုပ်သမားအေဂျင်စီများ (Overseas Employment Agency)၊ ဂျပန်စာသင်တန်းကျောင်းများ စသည်တို့အတွက် ကြိုတင်ဘိုကင်ယူခြင်း
ဤစနစ်ကို ပထမဆုံးအကြိမ် စတင်အသုံးပြုချိန်တွင် ကိုယ်စားလှယ်လျှောက်ထားခွင့် အဖွဲ့အစည်းအဖြစ် ဦးစွာမှတ်ပုံတင်ရန် လိုအပ်ပါသည်။ ကိုယ်စားလှယ် လျှောက်ထားခွင့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ပြီးပါက မိမိကိုယ်ပိုင်အသုံးပြုရန် URL ကို ပြန်လည်ပေးပို့ပေးပါမည်။ မှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ကောင်စစ်ဌာန (ryoji@yn.mofa.go.jp) သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကိုယ်စာလှယ်လျှောက်ထားခွင့် အဖွဲ့အစည်းအဖြစ် မှတ်ပုံတင်ထားပြီးပါက နောက်တစ်ကြိမ် ထပ်မံမှတ်ပုံတင်ရန် မလိုအပ်ပါ။
【သတိပြုရန်အချက်များ】
・ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ဘိုကင်ပြုလုပ်ထားသူများသာ သံရုံးအတွင်းသို့ ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။
・ကြိုတင်ဘိုကင်များကို အခြားသူတစ်ဦးထံ ထပ်ဆင့်လက်လွှဲပြောင်းခြင်းများ မဖြစ်ပေါ်စေရန်အတွက် ဘိုကင်တစ်ကြိမ်ရယူပြီးပါက အဆိုပါဘိုကင်ကို ပယ်ဖျက်ခြင်း၊ ရက်ချိန်းအပြောင်းအလဲပြုလုပ်ခြင်းများကို လက်ခံမည်မဟုတ်ပါ။