(၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ ထုတ်ပြန်သောသတင်း)
ဒီဇင်ဘာလ ၂၈ရက်နေ့တွင် ဂျပန်အစိုးရသည် နိုင်ငံခြားသားများ အသစ်၀င်ရောက်ခြင်းကို ရပ်ဆိုင်းခြင်း ( visa ထုတ်ပေးပြီးသားသူများအပါအ၀င် ) စီမံချက်ကို လတ်တလောကာလတွင် ဆက်လက် ကျင့်သုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည့်အတွက် အသိပေးကြေညာအပ်ပါသည်။
နိုင်ငံခြားသားများ အသစ်၀င်ရောက်ခြင်းကို ပြန်လည်ခွင့်ပြုပါက မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၀က်ဘ်ဆိုက်နှင့် Facebook တို့တွင် အသိပေးလမ်းညွှန်သွားမည် ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များနှင့်ပတ်သက်၍ အောက်ဖော်ပြပါ ဂျပန်နိုင်ငံခြားရေး၀န်ကြီးဌာန၏ ၀က်ဘ်ဆိုက်စသည်တို့တွင် ကြည့်ရှုနိုင်ပါသည်။
သို့သော် အောက်တွင်ဖော်ပြထားသော ကာလရှည်နေထိုင်ခွင့်လက်မှတ်ကိုရရှိထားသူများသည် ဂျပန်နိုင်ငံတွင်းသို့ ဝင်ရောက်ခြင်းနှင့် ဂျပန်သံရုံးတွင် ဗီဇာလျှောက်ထားနိုင်ခြင်းများကို ဆက်လက် လုပ်ဆောင်နိုင်မည်ဖြစ်သော်လည်း ဂျပန်နိုင်ငံသို့ မဖြစ်မနေသွားရောက်ရန် လိုအပ်ကြောင်းကို စာဖြင့်ရေးသားတင်ပြရမည် ဖြစ်ပါသည်။
“Spouse or Child of Japanese“, “Spouse or Child of Permanent Resident“, “Long-Term Resident“, “Diplomat / Official” , “ Temporary Visitor (Humanitarian Cases), “ Person who has obtained Re-entry permit “, “Dependent”
- 〇 COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေးနှင့် ပတ်သက်၍ စီမံချက်အသစ် ချမှတ်ခြင်း (Omicron Strain မျိုးရိုးဗီဇပြောင်းနှင့် ပတ်သက်၍ ချမှတ်ထားသော စီမံချက်ကို ဆက်လက်ကျင့်သုံးခြင်း )
(ဂျပန်) https://www.anzen.mofa.go.jp/info/pcwideareaspecificinfo_2021C172.html - 〇 နိုင်ငံတကာမှ လူအ၀င်အထွက်များ ပြန်လည်စတင်ရန်အတွက် စီမံချက်အဆင့်ဆင့်နှင့် ပတ်သက်၍
(ဂျပန်) https://www.mofa.go.jp/mofaj/ca/cp/page22_003380.html
(အင်္ဂလိပ်) https://www.mofa.go.jp/ca/cp/page22e_000925.html - 〇 ဂျပန်နိုင်ငံအတွင်း COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး (Omicron Strainနှင့် ပတ်သက်၍ စီမံချက်တိုးမြှင့်ခြင်း)
(ဂျပန်)https://www.mm.emb-japan.go.jp/profile/japanese/news/2021/new-144.html
(မြန်မာ)https://www.mm.emb-japan.go.jp/profile/myanmar/news/2021/new-28.html
■ စုံစမ်းမေးမြန်းရန်ကောင်တာ
〇 ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေး၀န်ကြီးဌာန COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ထိန်းချုပ်ရေး ဆွေးနွေးနိုင်သော ကောင်တာ ( သီးသန့်နေထိုင်ခြင်း တင်းကြပ်ခြင်း)
ဂျပန်နိုင်ငံတွင်းမှ : 0120-565-653
ပြည်ပနိုင်ငံများမှ : +81-3-3595-2176 (ဂျပန်၊ အင်္ဂလိပ်၊ တရုတ်၊ ကိုရီးယားဘာသာဖြင့် စုံစမ်းမေးမြန်းနိုင်ပါသည်)
〇 ဂျပန်နိုင်ငံ၏ သက်ဆိုင်ရာ လူ၀င်မှုကြီးကြပ်ရေးဌာန ( ပြည်၀င်ခွင့် ငြင်းဆိုခြင်း၊ ဂျပန်နိုင်ငံသို့ ပြန်လည်၀င်ရောက်ခြင်း)
ဖုန်း : (ကိုယ်စားလှယ်) 03-3580-4111 (လိုင်းခွဲ 4446, 4447 )
〇 ဂျပန်နိုင်ငံတွင်း နေထိုင်သူနိုင်ငံခြားသားများထောက်ပံ့ရေးစင်တာရှိ နိုင်ငံခြားရေး၀န်ကြီးဌာန ဗီဇာ၊ သတင်းအချက်အလက်များ
ဖုန်း : 0570-011000 (လမ်းညွှန်ချက်အတိုင်းလုပ်ဆောင်ပြီး ဂျပန်ဘာသာစကားအတွက်နံပါတ် 「၁」 ကို ရွေးချယ်ပြီးနောက် နံပါတ် 「၅」 ကိုနှိပ်ပါ။ ) အချို့ IP ဖုန်းများဖြင့် ခေါ်ဆိုလျှင် 03-5363-3013
မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန
ဖုန်း : 95-1-549644 – 549648
အီးမေးလ် : ryoji@yn.mofa.go.jp
No.100 Natmauk Road, Bahan Township, Yangon
01-549644~8