အလုပ်လုပ်ကိုင်မည့်သင့်အတွက်ထောက်ပံ့မှုစနစ်

* ဤဖော်ပြချက်သည် SSW (i) နှင့် သက်ဆိုင်သည်။

SSW(i)၏ကြီးမားသောထူးခြားချက်တစ်ခုမှာ ဂျပန်နိုင်ငံ၏ လေးနက်သောထောက်ပံ့မှုစနစ် ဖြစ်ပါသည်။ SSW(i)အဖြစ် ဂျပန်နိုင်ငံသို့ လာရောက်သူသည် အလုပ်ခန့်အပ်သည့်လုပ်ငန်းထံမှ အောက်ပါအထောက်အပံ့ကိုရယူကာ စိတ်အေးချမ်းသာစွာဖြင့် အလုပ်လုပ်နိုင်ပါသည်။
၁။ ဂျပန်နိုင်ငံသို့မလာရောက်မီ မိမိနားလည်သောဘာသာစကားဖြင့် ဂျပန်နိုင်ငံတွင်နေထိုင်မှုနှင့်စပ်လျဉ်းသောလမ်းညွှန်မှုကို ခံယူပါမည်။
၂။ ဂျပန်နိုင်ငံသို့ရောက်လျှင် လေဆိပ်သို့လာကြို၍ မိမိနိုင်ငံသို့ပြန်လျှင် လေဆိပ်အထိ လိုက်လံပို့ဆောင်ပါမည်။
၃။ ဂျပန်နိုင်ငံတွင် နေထိုင်ရန်အိမ်ငှားခြင်း၊ ဘဏ်စာရင်းဖွင့်လှစ်ခြင်း၊ လက်ကိုင်ဖုန်းနှင့် ဘဝနေထိုင်မှုလုပ်ငန်းဆောင်တာအဆင့်ဆင့်ကို ကူညီပါမည်။
၄။ ဂျပန်နိုင်ငံတွင်နေထိုင်ရန်အတွက် ဂျပန်လူ့အဖွဲ့အစည်း၏စည်းမျဉ်းနှင့် အပြုအမူ၊ လမ်းပန်းဆက်သွယ်မှုယန္တရားအသုံးပြုပုံ၊ ငလျင်စသည့် ဘေးအန္တရာယ်များဖြစ်ပွားချိန်တွင် လုပ်ဆောင်ရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ ရှင်းပြပါမည်။
၅။ နေထိုင်မည့်နေရာရှိမြို့နယ်ရုံးများတွင် နေထိုင်မှုစာရင်းသွင်းခြင်း၊ အခွန်စသည့် လုပ်ဆောင်မှုအဆင့်ဆင့်နှင့် စာရွက်စာတမ်းပြုလုပ်ခြင်းကို ကူညီပါမည်။
၆။ ဂျပန်ဘာသာစကား ပိုမို လေ့လာနိုင်ရန်အတွက် ကူညီပါမည်။
၇။ ဒုက္ခရောက်သည့်အခါမျိုးရှိလျှင် သင့်နိုင်ငံ၏ဘာသာစကားနှင့် အင်္ဂလိပ်ဘာသာဖြင့် ဆွေးနွေးတိုင်ပင်၍ အကြံဉာဏ်ရယူနိုင်ပါသည်။
၈။ ဂျပန်လူ့အဖွဲ့အစည်းနှင့်အမြန်ဆုံးအသားကျစေရန် ဂျပန်လူမျိုးများနှင့်နှီးနှောဖလှယ်မှုပြုလုပ်သည့်အခွင့်အလမ်းကို ဖန်တီးပါမည်။
၉။ ကုမ္ပဏီမှအကြောင်းကြောင်းကြောင့် အလုပ်ထွက်ရန်ဖြစ်လာခဲ့လျှင် အလုပ်နေရာအသစ်ကို ရှာဖွေရန် ကူညီပါမည်။
၁၀။ ကုမ္ပဏီအတွင်းရှိ SSWထောက်ပံ့ရေးတာဝန်ခံခေါင်းဆောင်နှင့် ဆွေးနွေးတိုင်ပင်သည့် အစည်းအဝေးကို ပုံမှန် လုပ်ဆောင်ပါမည်။

အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းနှင့်စပ်လျဉ်း၍

၁။ အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းက နိုင်ငံခြားသားကို အလုပ်ခန့်ရန်အတွက်စံနှုန်း

  1. (၁)နိုင်ငံခြားသားနှင့်ချုပ်ဆိုသောအလုပ်ခန့်အပ်မှုစာချုပ် သင့်လျော်မှန်ကန်ခြင်း
  2. (၂)အဖွဲ့အစည်းကိုယ်တိုင်က သင့်လျော်မှန်ကန်ခြင်း (ဥပမာ - ၅နှစ်နှင့်အတွင်းတွင် လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဥပဒေချိုးဖောက်မှုမရှိခြင်း)
  3. (၃)နိုင်ငံခြားသားကိုထောက်ပံ့ရန်စနစ်ရှိခြင်း (ဥပမာ - နိုင်ငံခြားသားနားလည်နိုင်သောဘာသာစကားဖြင့် ပံ့ပိုးခြင်း)
  4. (၄)နိုင်ငံခြားသားကိုပံ့ပိုးရန်အစီအစဉ်များ သင့်လျော်မှန်ကန်ခြင်း (ဥပမာ - နေ့စဉ်ဘဝတွင် နေသားကျအောင်နေထိုင်ခြင်းသင်တန်းများပါဝင်ခြင်း)

၂။ အလုပ်ခန့်အပ်သည့်အဖွဲ့အစည်း၏တာဝန်

  1. (၁)နိုင်ငံခြားသားနှင့်ချုပ်ဆိုခဲ့သောအလုပ်ခန့်အပ်မှုစာချုပ်ကို သေသေချာချာ လုပ်ဆောင်ခြင်း (ဥပမာ - လခများကို သင့်လျော်အောင်ပေးချေခြင်း)
  2. (၂)နိုင်ငံခြားသားထံ အ‌ထောက်အပံ့ကို သင့်လျော်သလိုဆောင်ရွက်ခြင်း
    အထောက်အပံ့နှင့်စပ်လျဉ်း၍ လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်းများသို့ အပ်နှံခြင်းမျိုး ဆောင်ရွက်နိုင်။
     အားလုံးအပ်နှံမည်ဆိုလျှင် ၁။(၃)ကိုလည်း ပြည့်မီရမည်
  3. (၃)လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုသို့ အသီးသီးအကြောင်းကြားခြင်း

(မှတ်ချက်)(၁)~(၃)ကို မပြည့်မီလျှင် နိုင်ငံခြားသားကို လက်ခံ၍မရနိုင်သည့်အပြင် လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုမှ ညွှန်ကြားခြင်း၊ ပြုပြင်ပြောင်းလဲရန်အမိန့်ပေးခြင်းများကို လက်ခံရနိုင်ချေရှိပါသည်။

လုပ်သားအထောက်အကူပြု
မှတ်ပုံတင်အဖွဲ့အစည်းနှင့်စပ်လျဉ်း၍

၁။ မှတ်ပုံတင်ရန်အတွက်စံနှုန်း

  1. (၁)အဖွဲ့အစည်းကိုယ်တိုင်က သင့်လျော်မှန်ကန်ခြင်း (ဥပမာ - ၅နှစ်အတွင်းတွင် လူဝင်မှုကြီးကြပ်ရေး၊ အလုပ်သမားဥပဒေချိုးဖောက်မှုမရှိခြင်း)
  2. (၂) နိုင်ငံခြားသားကိုထောက်ပံ့ရန်စနစ်ရှိခြင်း (ဥပမာ - နိုင်ငံခြားသားနားလည်နိုင်သောဘာသာစကားဖြင့် ပံ့ပိုးခြင်း)

၂။ လုပ်သားအထောက်အကူပြု မှတ်ပုံတင်အဖွဲ့အစည်း၏တာဝန်

  1. (၁)နိုင်ငံခြားသားထံ အထောက်အပံ့ကို သင့်လျော်မှန်ကန်စွာ ဆောင်ရွက်ခြင်း
  2. (၂)လူဝင်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုသို့ အသီးသီးအကြောင်းကြားခြင်း

(မှတ်ချက်)(၁)~(၂)ကို မပြည့်မှီလျှင် မှတ်ပုံတင်ခြင်း ပယ်ဖျက်ခံရနိုင်ချေရှိပါသည်။

လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရို၊ လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်းနှင့် အလုပ် ခန့်အပ်သည့်အဖွဲ့အစည်း၊ နိုင်ငံခြားသားတို့၏  ဆက်စပ်မှုမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းသည် နိုင်ငံခြားသားနှင့် အလုပ်ခန့်အပ်သည့်စာချုပ်ကိုချုပ်ဆိုပြီး နိုင်ငံခြားသားကို ပံ့ပိုးပေးပါမည်။
ထို့အပြင် အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းသည် လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်း  ထံသို့  နိုင်ငံခြားသားအတွက် ပံ့ပိုးပေးရန်အပ်နှံနိုင်ပါသည်။
လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုသည်  လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်းအ တွက် မှတ်ပုံတင်ခြင်း သို့မဟုတ် မှတ်ပုံတင်မှုပယ်ဖျက်ခြင်းကို ပြုလုပ်ပါမည်။
လုပ်သားအထောက်အကူပြုမှတ်ပုံတင်အဖွဲ့အစည်းသည် နိုင်ငံခြားသားကို ပံ့ပိုးပေးပါမည်။
လူဝန်မှုကြီးကြပ်ရေးဝန်ဆောင်မှုဗျူရိုသည် အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းသို့  ဝင်ရောက်စစ်‌‌ဆေး ခြင်း၊ ပြုပြင်ပြောင်းလဲရန်အမိန့်ပေးခြင်းတို့ကိုပြုလုပ်ပါမည်။

ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့်စီနီယာများကိုမိတ်ဆက်ပေးခြင်း

အအောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် “စက်အစိတ်အပိုင်းများနှင့် ကိရိယာတန်ဆာပလာလုပ်ငန်းများ” ကို “စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း” သို့ ပြောင်းလဲခဲ့သည်။

Blossom! in Japan.

အောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် စက်မှုဆိုင်ရာ နယ်ပယ် ၁၆ ခု ရှိသည်။

  • Play movie in a new window:14 in demand occupations
  • Play movie in a new window:Specified Skilled Workers supported in work & life
  • Play movie in a new window:utilize your skills experience
Page Top