ဂျပန်နိုင်ငံတွင် အထူးကျွမ်းကျင်အလုပ်သမားများကို အလိုရှိပါသည

ဂျပန်နိုင်ငံတွင် အထူးကျွမ်းကျင်အလုပ်သမားများကို အလိုရှိပါသည်

သင်တို့၏စွမ်းရည်တွေကို ဂျပန်နိုင်ငံမှာ အသုံးမချချင်ဘူးလား။
ချက်ချင်းအလုပ်လုပ်ကိုင်နိုင်သည့်လုပ်အားအနေဖြင့် ဂျပန်နိုင်ငံ၏စက်မှုလုပ်ငန်းနယ်ပယ်တချို့တွင် အလုပ်လုပ်ကိုင်နိုင်သော နိုင်ငံခြားသားလူ့စွမ်းအားအရင်းအမြစ်များကို လက်ခံရန်အတွက် ဂျပန်နိုင်ငံက နေထိုင်ခွင့်အမျိုးအစားအသစ် “Specified Skilled Worker (SSW)” ကို ၂၀၁၉ ခုနှစ် ဧပြီလတွင် တည်ထောင်ခဲ့ပါသည်။ ဤစာမျက်နှာတွင် ယခုတိုင် ပြုစုပျိုးထောင်လာခဲ့သော ကျွမ်းကျင်မှု၊ စွမ်းရည်တို့ကို အသုံးချ၍ ဂျပန်နိုင်ငံတွင် ကြိုးစားလုပ်ကိုင်ချင်သော သင်တို့အတွက် သတင်းအချက်အလက်များကို မိတ်ဆက်ပေးပါမည်။

SSW ဖြင့်လုပ်ကိုင်နိုင်သောအလုပ်အမျိုးအစား ၁၂ မျိုး

SSW အဖြစ် ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နိုင်သည့် နယ်ပယ် ၁၂ မျိုးမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ အောက်ဖော်ပြပါလုပ်ငန်းနယ်ပယ်များအနက်မှ “ စက်အစိတ်အပိုင်းနှင့် စက်ကိရိယာလုပ်ငန်းများ (သတ္တုလုပ်ငန်း)”၊ “ စက်မှုစက်ရုံလုပ်ငန်း” နှင့် “ လျှပ်စစ်၊ အီလက်ထရောနစ်နှင့် သတင်းအချက်အလက်လုပ်ငန်း” တို့ကို ၂၀၂၂ ခုနှစ် မေလမှစတင်၍ လုပ်ငန်းနယ်ပယ်တစ်ခုတည်း အဖြစ် ပေါင်းစည်းခဲ့ပါသည်။

Blossom! in Japan.

အောက်ပါဗီဒီယိုများသည် ၂၀၂၂ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၂ ခုနှစ် မေလနောက်ပိုင်းတွင် အထူးသတ်မှတ်ထားသော စက်မှုလုပ်ငန်းနယ်ပယ်ကို နယ်ပယ် ၁၂ ခုအဖြစ် ပြောင်းလဲခဲ့ပါသည်။

  • Play movie in a new window:14 in demand occupations
  • Play movie in a new window:Specified Skilled Workers supported in work & life
  • Play movie in a new window:utilize your skills experience
Page Top