SSWအဖြစ်ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည်အထိ

လုပ်ငန်းစဉ်

SSWအနေဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည်အထိ လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (အောက်ပါ ပုံသည် SSW (i) အတွက် ရှင်းပြထားခြင်းဖြစ်ပါသည်။) သို့သော် နိုင်ငံကိုလိုက်၍ အနည်းငယ်ကွဲပြားပြီး နိုင်ငံအသီးသီး၏ကိုယ်ပိုင်လုပ်ထုံး
လုပ်နည်းများလည်းရှိသည့်အတွက် သတိပြုပါ။ (အသေးစိတ်ကို နိုင်ငံအသီးသီးရှိ ဂျပန်သံရုံး သို့မဟုတ် အဆိုပါနိုင်ငံရှိ နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်သောတာဝန်ခံဌာနစသည်တို့တွင်စုံစမ်းနိုင်ပါသည်။)

ဂျပန်နိုင်ငံအတွင်း

စုံစမ်းမေးမြန်းရန်ဌာန ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံး
လိပ်စာ 4-8-26, Kita-Shinagawa, Shinagawa-Ku
Tokyo 140-0001
ဖုန်းနံပါတ် ၀၃-၃၄၄၁-၉၂၉၁
FAX နံပါတ် ၀၃-၃၄၄၇-၇၃၉၄
မေးလ်လိပ်စာ လက်ရှိထည့်သွင်းပေးထားသည့် လိပ်စာ အပြင်
အလုပ်သမားရေးရာအတွက် လိပ်စာ
( labour@myanmar-embassy-tokyo.net)
ဆောင်ရွက်ပေးနိုင်သောဘာသာစကားများ ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ

မြန်မာ

မြန်မာနိုင်ငံအတွင်း
စုံစမ်းမေးမြန်းရန်ဌာန
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန
Department of Labour, The Ministry of Labour of the Republic of the Union of Myanmar.
လိပ်စာ ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နေပြည်တော်
Building No-(51) Ministry of Labour, Department of Labour, Nay Pyi Taw
ဖုန်းနံပါတ် +၉၅-၆၇-၄၃၀၄၄၂
+95-67-430442
FAX နံပါတ် +၉၅-၆၇-၄၃၀၄၃၉
မေးလ်လိပ်စာ dolmigration@gmail.com
ဆောင်ရွက်ပေးနိုင်သောဘာသာစကားများ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ
ပထမဦးစွာ နိုင်ငံခြားသား ကာယကံရှင်ကိုယ်တိုင်၏ လိုအပ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါ သည်။
အသက် ၁၈နှစ်နှင့် အထက်ဖြစ်ရန်။
ကျွမ်းကျင်မှုစာမေးပွဲနှင့်ဂျပန်ဘာသာစာမေးပွဲကိုအောင်မြင်ထားရမည် (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) ။
ဂျပန်နိုင်ငံတွင် ကျွမ်းကျင်လုပ်သား (၁) အောက် ၅နှစ်ကျော်နေထိုင်ခဲ့ခြင်းမရှိရ။
လုံခြုံရေးအပ်ငွေ (security deposit) ပေးဆောင်ထားခြင်း မရှိသောသူ (သို့) စာချုပ်ဖောက်ဖျက်မှုအတွက်လျော်ကြေးစာချုပ်ချုပ်ဆိုထားခြင်းမရှိသူ။
ကာယကံရှင်က ကျခံရန်စရိတ်များရှိပါက အသေးစိတ်အချက်အလက်ကို အပြည့်အဝနားလည်သူ။
ဂျပန်နိုင်ငံသို့ အသစ်ဝင်ရောက်ရန် စီစဥ်ထားသော နိုင်ငံခြားသားသည် နိုင်ငံပြင်ပစာမေးပွဲ (ကျွမ်းကျင် မှု၊ဂျပန်ဘာသာ) ကို အောင်မြင်ပြီးနောက် ( နည်းပညာဆိုင်ရာ အလုပ်သင်သင်တန်း (၂) ကို အောင်မြင် ပြီးဆုံးထားသော နိုင်ငံခြားသားများသည် စာမေးပွဲ (ကျွမ်းကျင်မှု၊ ဂျပန်ဘာသာ) ကို ကင်းလွတ်ခွင့်ရ) အလုပ်များကို တိုက်ရိုက်လျှောက်ထားခြင်း သို့မဟုတ် ပုဂ္ဂလိကအလုပ်အကိုင်အေဂျင်စီများထံမှ အလုပ်ရှာဖွေမှုအကူအညီရယူခြင်းဖြင့် အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းနှင့် အလုပ်ခန့်အပ်မှုစာချုပ်ကို ချုပ်ဆိုပါမည်။
ထို့နောက် ကာလရှည်နေထိုင်ခွင့်လက်မှတ်လျှောက်ထားခြင်း (အလုပ်ခန့်အပ်သည့်အဖွဲ့အစည်း၏ ဝန်ထမ်းက ကိုယ်စားလျှောက်ထားခြင်း) ကို ပြုလုပ်ပါက ဒေသလူဝင်မှုကြီးကြပ်ရေးန်ဝန်ဆောင်မှု ဗျူရိုက အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းထံသို့ ကာလရှည်နေထိုင်ခွင့်လက်မှတ်ကို ပေးပို့ပါမည်။
ဆက်လက်၍ အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းစသည်တို့ထံမှ ရောက်ရှိလာသည့် ကာလရှည်နေထိုင် ခွင့်လက်မှတ်ကို ပြည်ပနိုင်ငံရှိသံရုံးများသို့ တင်ပြပြီး ဗီဇာလျှောက်ထားရပါမည်။
စစ်ဆေးပြီးနောက်  ဗီဇာထုတ်ပေးခြင်း၊ နိုင်ငံသို့ဝင်ရောက်ခြင်းနှင့် အလုပ်ခန့်အပ်သည့်အဖွဲ့အစည်း တွင် စတင်အလုပ်လုပ်ကိုင်ခြင်း  စသည့်ဖြင့် အစဥ်လိုက်လုပ်‌ဆောင်သွားရမည်။

  • ※1သတ်မှတ်ထားသောလုပ်ငန်းနယ်ပယ်၏လုပ်ငန်းအပိုင်းများအတွက်စာမေးပွဲ
  • ※2・ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ(ဂျပန်ဖောင်ဒေးရှင်း)
    သို့မဟုတ်
    ・ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (N4အထက်) (ဂျပန်ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံတကာပညာရေးထောက်ပံ့မှုအဖွဲ့အစည်း(JEES))
    စသည်ဖြင့်
  • ※3- အသက် ၁၈နှစ်နှင့် အထက်ဖြစ်ရန်
    - ကျွမ်းကျင်မှုစာမေးပွဲနှင့်ဂျပန်ဘာသာစာမေးပွဲကိုအောင်မြင်ထားရမည် (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) -ဂျပန်နိုင်ငံတွင် ကျွမ်းကျင်လုပ်သား (၁) အောက် ၅နှစ်ကျော်နေထိုင်ခဲ့ခြင်းမရှိရ
    -လုံခြုံရေးအပ်ငွေ (security deposit) ပေးဆောင်ထားခြင်း မရှိသောသူ (သို့) စာချုပ်ဖောက်ဖျက်မှုအတွက်လျော်ကြေးစာချုပ်ချုပ်ဆိုထားခြင်းမရှိသူ
    ₋ ကာယကံရှင်က ကျခံရန်စရိတ်များရှိပါက အသေးစိတ်အချက်အလက်ကို အပြည့်အဝနားလည်သူ
    စသည်ဖြင့်
  • ※4₋အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းက ပြုလုပ်သော နေ့စဉ်ဘဝတွင် နေသားကျအောင်နေထိုင်ခြင်းသင်တန်းကို တက်ရောက်ရန်
    - နေထိုင်သည့် ဒေသမြို့နယ်အလိုက် နေထိုင်သူစာရင်းသွင်းရန်
    ₋ လစာအတွက်ဘဏ်စာရင်းဖွင့်လှစ်ရန်
    ₋နေထိုင်ရန်အိမ်ငှားရမ်းထားရှိရန်
    စသည်ဖြင့်

စာမေးပွဲနှင့်ပတ်သက်၍

၁။ ဂျပန်ဘာသာအရည်အချင်းကိုတိုင်းတာရန်စာမေးပွဲ (SSW(i) သာ)

“ကျွမ်းကျင်လုပ်သား(i)” ၏ နေထိုင်ခွင့်အမျိုးအစားကို ရယူရန် ဂျပန်နိုင်ငံတွင်းနှင့် သက်ဆိုင်ရာနိုင်ငံများတွင် ကျင်းပသော “ဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic)” သို့မဟုတ် “ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)” ၏ အဆင့် ၄ ကို အောင်မြင်ရန် လိုအပ်ပါသည်။ (အမှတ်စဉ် ၂ အတွက် မလိုအပ်ပါ)။

* “ပြုစုစောင့်ရှောက်ရေး” နှင့်ပတ်သက်လျှင် “ပြုစုစောင့်ရှောက်ရေးဂျပန်ဘာသာအကဲဖြတ်စာမေးပွဲ” တွင်လည်း ထပ်မံ အောင်မြင်ရန် လိုအပ်ပါသည်။

၂။ ကျွမ်းကျင်မှုစာမေးပွဲ

“ကျွမ်းကျင်လုပ်သား” ၏ နေထိုင်ခွင့်အမျိုးအစားကို ရယူရန် ဂျပန်နိုင်ငံတွင်းနှင့် သက်ဆိုင်ရာနိုင်ငံများတွင် ကျင်းပသော သတ်မှတ်ထားသောလုပ်ငန်း
နယ်ပယ်တိုင်းရှိ “ကျွမ်းကျင်မှုစာမေးပွဲ” ကို အောင်မြင်ရန် လိုအပ်ပါသည်။

ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့်စီနီယာများကိုမိတ်ဆက်ပေးခြင်း

အောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် “စက်အစိတ်အပိုင်းများနှင့် ကိရိယာတန်ဆာပလာလုပ်ငန်းများ” ကို “စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း” သို့ ပြောင်းလဲခဲ့သည်။

Blossom! in Japan.

အောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလ နောက်ပိုင်းတွင် စက်မှုဆိုင်ရာ နယ်ပယ် ၁၆ ခု ရှိသည်။

  • Play movie in a new window:14 in demand occupations
  • Play movie in a new window:Specified Skilled Workers supported in work & life
  • Play movie in a new window:utilize your skills experience
Page Top