SSWအဖြစ်ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည်အထိ
日本語
English
Filipino
ភាសាខ្មែរ
नेपाली
မြန်မာဘာသာစကား
Монгол хэл
Bahasa Indonesia
Tiếng Việt
ภาษาไทย
简体中文
বাাংলা
O`zbek
اردو
हिंदी
Bahasa Melayu
ພາສາລາວ
Кыргыз тили
Тоҷикӣ
SSWအဖြစ်ဂျပန်နိုင်ငံတွင်အလုပ်လုပ်သည်အထိ
လုပ်ငန်းစဉ်
SSWအနေဖြင့် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်သည်အထိ လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (အောက်ပါ ပုံသည် SSW (i) အတွက် ရှင်းပြထားခြင်းဖြစ်ပါသည်။) သို့သော် နိုင်ငံကိုလိုက်၍ အနည်းငယ်ကွဲပြားပြီး နိုင်ငံအသီးသီး၏ကိုယ်ပိုင်လုပ်ထုံး
လုပ်နည်းများလည်းရှိသည့်အတွက် သတိပြုပါ။ (အသေးစိတ်ကို နိုင်ငံအသီးသီးရှိ ဂျပန်သံရုံး သို့မဟုတ် အဆိုပါနိုင်ငံရှိ နိုင်ငံခြားသို့ အလုပ်သမားစေလွှတ်သောတာဝန်ခံဌာနစသည်တို့တွင်စုံစမ်းနိုင်ပါသည်။)
ဂျပန်နိုင်ငံအတွင်း
| စုံစမ်းမေးမြန်းရန်ဌာန | ဂျပန်နိုင်ငံဆိုင်ရာမြန်မာသံရုံး |
|---|---|
| လိပ်စာ | 4-8-26, Kita-Shinagawa, Shinagawa-Ku Tokyo 140-0001 |
| ဖုန်းနံပါတ် | ၀၃-၃၄၄၁-၉၂၉၁ |
| FAX နံပါတ် | ၀၃-၃၄၄၇-၇၃၉၄ |
| မေးလ်လိပ်စာ | လက်ရှိထည့်သွင်းပေးထားသည့် လိပ်စာ အပြင် အလုပ်သမားရေးရာအတွက် လိပ်စာ ( labour@myanmar-embassy-tokyo.net) |
| ဆောင်ရွက်ပေးနိုင်သောဘာသာစကားများ | ဂျပန်ဘာသာ၊ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ |
မြန်မာ
| မြန်မာနိုင်ငံအတွင်း စုံစမ်းမေးမြန်းရန်ဌာန |
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန Department of Labour, The Ministry of Labour of the Republic of the Union of Myanmar. |
|---|---|
| လိပ်စာ | ရုံးအမှတ် (၅၁)၊ အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန နေပြည်တော် Building No-(51) Ministry of Labour, Department of Labour, Nay Pyi Taw |
| ဖုန်းနံပါတ် | +၉၅-၆၇-၄၃၀၄၄၂ +95-67-430442 |
| FAX နံပါတ် | +၉၅-၆၇-၄၃၀၄၃၉ |
| မေးလ်လိပ်စာ | dolmigration@gmail.com |
| ဆောင်ရွက်ပေးနိုင်သောဘာသာစကားများ | အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ |



- ※1သတ်မှတ်ထားသောလုပ်ငန်းနယ်ပယ်၏လုပ်ငန်းအပိုင်းများအတွက်စာမေးပွဲ
- ※2・ဂျပန်ဖောင်ဒေးရှင်းဂျပန်ဘာသာအခြေခံစာမေးပွဲ(ဂျပန်ဖောင်ဒေးရှင်း)
သို့မဟုတ်
・ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (N4အထက်) (ဂျပန်ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံတကာပညာရေးထောက်ပံ့မှုအဖွဲ့အစည်း(JEES))
စသည်ဖြင့် - ※3- အသက် ၁၈နှစ်နှင့် အထက်ဖြစ်ရန်
- ကျွမ်းကျင်မှုစာမေးပွဲနှင့်ဂျပန်ဘာသာစာမေးပွဲကိုအောင်မြင်ထားရမည် (နည်းပညာပိုင်းဆိုင်ရာ အလုပ်သင်သင်တန်း (၂)ကို အောင်မြင်ပြီးဆုံးထားသောနိုင်ငံခြားသားများ ကင်းလွတ်သည်) -ဂျပန်နိုင်ငံတွင် ကျွမ်းကျင်လုပ်သား (၁) အောက် ၅နှစ်ကျော်နေထိုင်ခဲ့ခြင်းမရှိရ
-လုံခြုံရေးအပ်ငွေ (security deposit) ပေးဆောင်ထားခြင်း မရှိသောသူ (သို့) စာချုပ်ဖောက်ဖျက်မှုအတွက်လျော်ကြေးစာချုပ်ချုပ်ဆိုထားခြင်းမရှိသူ
₋ ကာယကံရှင်က ကျခံရန်စရိတ်များရှိပါက အသေးစိတ်အချက်အလက်ကို အပြည့်အဝနားလည်သူ
စသည်ဖြင့် - ※4₋အလုပ်ခန့်အပ်သည့်အဖွဲ့အစည်းက ပြုလုပ်သော နေ့စဉ်ဘဝတွင် နေသားကျအောင်နေထိုင်ခြင်းသင်တန်းကို တက်ရောက်ရန်
- နေထိုင်သည့် ဒေသမြို့နယ်အလိုက် နေထိုင်သူစာရင်းသွင်းရန်
₋ လစာအတွက်ဘဏ်စာရင်းဖွင့်လှစ်ရန်
₋နေထိုင်ရန်အိမ်ငှားရမ်းထားရှိရန်
စသည်ဖြင့်
စာမေးပွဲနှင့်ပတ်သက်၍
၁။ ဂျပန်ဘာသာအရည်အချင်းကိုတိုင်းတာရန်စာမေးပွဲ (SSW(i) သာ)
“ကျွမ်းကျင်လုပ်သား(i)” ၏ နေထိုင်ခွင့်အမျိုးအစားကို ရယူရန် ဂျပန်နိုင်ငံတွင်းနှင့် သက်ဆိုင်ရာနိုင်ငံများတွင် ကျင်းပသော “ဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic)” သို့မဟုတ် “ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)” ၏ အဆင့် ၄ ကို အောင်မြင်ရန် လိုအပ်ပါသည်။ (အမှတ်စဉ် ၂ အတွက် မလိုအပ်ပါ)။
- ・ဂျပန်ဘာသာအခြေခံစာမေးပွဲ (JFT-Basic) အင်္ဂလိပ်ဘာသာ စာမျက်နှာ (ဂျပန်ဖောင်ဒေးရှင်း)

- ・“ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ (JLPT)” တရားဝင်စာမျက်နှာ (ဂျပန်ဖောင်ဒေးရှင်း၊ ဂျပန်နိုင်ငံတကာပညာရေးထောက်ပံ့မှု အဖွဲ့အစည်း(JEES))

* “ပြုစုစောင့်ရှောက်ရေး” နှင့်ပတ်သက်လျှင် “ပြုစုစောင့်ရှောက်ရေးဂျပန်ဘာသာအကဲဖြတ်စာမေးပွဲ” တွင်လည်း ထပ်မံ အောင်မြင်ရန် လိုအပ်ပါသည်။
၂။ ကျွမ်းကျင်မှုစာမေးပွဲ
“ကျွမ်းကျင်လုပ်သား” ၏ နေထိုင်ခွင့်အမျိုးအစားကို ရယူရန် ဂျပန်နိုင်ငံတွင်းနှင့် သက်ဆိုင်ရာနိုင်ငံများတွင် ကျင်းပသော သတ်မှတ်ထားသောလုပ်ငန်း
နယ်ပယ်တိုင်းရှိ “ကျွမ်းကျင်မှုစာမေးပွဲ” ကို အောင်မြင်ရန် လိုအပ်ပါသည်။
ဂျပန်နိုင်ငံတွင်အလုပ်လုပ်ကိုင်နေကြသည့်စီနီယာများကိုမိတ်ဆက်ပေးခြင်း
အောက်ပါဗီဒီယိုများသည် ၂၀၂၂ ခုနှစ် မတ်လအထိ ဖန်တီးပြုလုပ်ခဲ့သော ရုပ်သံဗီဒီယိုများဖြစ်ပါသည်။ ၂၀၂၄ ခုနှစ် ဧပြီလတွင် “စက်အစိတ်အပိုင်းများနှင့် ကိရိယာတန်ဆာပလာလုပ်ငန်းများ” ကို “စက်မှုထုတ်ကုန်များ ထုတ်လုပ်ခြင်း” သို့ ပြောင်းလဲခဲ့သည်။




















